ရိုးမသွားကြေး မခွဲကြေး>>
 
 
 လက်ချောင်းလေးတွေကြား
 ချွေးသီးလေးတွေ 
 ကျလုနီးပါး
 
 ဒို့...နှစ်ယောက်လက်တွေ
 ဆုပ်ထားကြရအောင် ။  
 
 ပါးပြင်နှစ်ဖက်ကြား
 မွှေးညှင်းလေးတွေ
 ထိလုနီးပါး 
 
 တစ်ယောက်ကိုတစ်ယောက်
 ကပ်ထားကြရအောင် ။
 
 ပခုံးနှစ်ဖက်ကြား
 လေပြေကိုတောင်
 ပေးမသွား 
 
 တစ်ယောက်နဲ့တစ်ယောက်
 ဝေးမသွားကြရအောင် ။
 
 အချစ်ရေ
 ကိုယ်...တအားပိုသွားသလား ။
 
 ချစ်မိသူတစ်ယောက်ရဲ့
 စိတ်ထား
 တနေ့ထက်တနေ့တိုးလို့သာပွား
 
 တို့နှစ်ယောက်အချစ်တွေ
 တနေ့တခြား
 ရိုး မသွား ကြ ရ အောင် ။   ။
 
 
 
 
 ခင်မင်လျက်
 ကောင်ကလေး
 03/feb/13
ရိုးမသွားကြေး မခွဲကြေး>>လက်ချောင်းလေးတွေကြား
ချွေးသီးလေးတွေ
ကျလုနီးပါး
ဒို့...နှစ်ယောက်လက်တွေ
ဆုပ်ထားကြရအောင် ။
ပါးပြင်နှစ်ဖက်ကြား
မွှေးညှင်းလေးတွေ
ထိလုနီးပါး
တစ်ယောက်ကိုတစ်ယောက်
ကပ်ထားကြရအောင် ။
ပခုံးနှစ်ဖက်ကြား
လေပြေကိုတောင်
ပေးမသွား
တစ်ယောက်နဲ့တစ်ယောက်
ဝေးမသွားကြရအောင် ။
အချစ်ရေ
ကိုယ်...တအားပိုသွားသလား ။
ချစ်မိသူတစ်ယောက်ရဲ့
စိတ်ထား
တနေ့ထက်တနေ့တိုးလို့သာပွား
တို့နှစ်ယောက်အချစ်တွေ
တနေ့တခြား
ရိုး မသွား ကြ ရ အောင် ။ ။
ခင်မင်လျက်
ကောင်ကလေး
03/feb/13

No comments:
Post a Comment