မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 19 July 2013

ဆုတောင်းသာ ပြည့်မယ်ဆိုရင်











အချစ်!

လူတိုင်းနဲ့ သက်ဆိုင်ပေမယ့်
မေ ချစ်တဲ့အချစ်တွေက
မောင် တစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်မောင်

အသက်!
လူတိုင်းအသက်ရှုနေတာ မှန်ပေမယ့်
မေ ရှုသွင်းလိုက်တဲ့ လေတိုင်း
မောင်ဆိုတဲ့ ချစ်ရနံ့လေး
အမြဲပါဝင်နေတယ်ဆိုတာ
မေ ကိုယ်တိုင်မေပဲ သိပါတယ်မောင်

မေ့ရဲ့ မနက်နိုးထတိုင်း
မောင်ဆိုတာနဲ့ အစပြုသလို
မေ့ရဲ့ မျက်စိမှိတ်လို့ အိပ်စက်ချိန်တိုင်း
မောင် ဆိုတဲ့ ချစ်သူမောင်က
နေရာ ယူနေတယ် မောင်ရယ်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
မောင်နဲ့ တစ်ဘ၀လုံး တွဲလက်မဖြုတ်ပဲ
လက်တွဲလျှောက်လှမ်းနိုင်ပါစေသား!!!
ဘ၀ဆက်တိုင်း
ကိုယ့်ကိုချစ်သောသူ
ကိုယ်က ချစ်သောသူ နှင့်သာ
ဘ၀ခရီးတစ်လျှောက် လျှောက်လှမ်းရပါစေသား!!!


မောင့်ချစ်သူ

.•♥♥•.¸¸.•♥♥•.¸¸သီရိမေ¸.•♥♥•.¸¸.•♥♥•.


13 comments:

  1. ကဗျာလေးတွေကြိုက်လို့ share သွားပါတယ်။ခွင့်တောင်းတာပါ၊ အသွင်တစ်မျိုးလေးနဲ့ပြန်လည်တင်ပြထားပါတယ်၊ကဗျာစာသားတစ်လုံးမှမပြင်ပါ။

    ReplyDelete
  2. ကဗျာလေးတွေကြိုက်လို့ကူးသွားပါတယ်နော်.......

    ReplyDelete
    Replies
    1. ကျွန်​​တော်​​ရောဘဲ

      Delete
  3. နင့်လောက်သာ
    ငါ့ချစ်သူချစ်တတ်ရင်
    ငါတော်တော်ပျော်ရမှာပဲနော်..။
    ဒါပေမဲ့
    အခုငါစိတ်တွေအရမ်းညစ်နေတယ်..။

    ReplyDelete
  4. ငါသူကိုအရမ်းချစ်လို အခုစိတ်ညစ်နေတယ်

    ReplyDelete
  5. ကဗျာ​လေး​ကောင်းတယ်​​နော်

    ReplyDelete
  6. ကဗျာ​လေက ​ကောင်းပါတယ်​​နော်
    ပြီး​အောင်​ဖတ်​သွားပါတယ်​(^_^) (^_^) (^_^)

    ReplyDelete
  7. စာသာလေးကောင်းပါတယ်

    ReplyDelete