မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 4 February 2013


နင် ငါ့ကို သတိရလား လို့ မေးလာခဲ့ရင်
"ဟင်အင်"ဆိုပြီး ငါခေါင်းခါမိမှာ..
သတိရ တယ်ဆိုတာ အနားမှာ အမြဲမရှိနိုင်တဲ့သူတွေ
ရံဖန်ရံခါ ဖြစ်တတ်တာလေ..
နင့်ကို ငါ့နှလုံးသားထဲမှာ
အမြဲသိမ်းထားတဲ့အတွက်
ခဏခဏ ထုတ်ကြည့်တာကလွဲလို့ သတိရနေဖို့မလိုပါဘူး..။

တကယ်လို့
နင် ငါ့ကို ချစ်လား လို့မေးလာခဲ့ရင်
"ဟင်အင်" ဆိုပြီး ငါ ခေါင်းခါမိမှာ
ချစ်တယ်ဆိုတဲ့စကားနဲ့ မုသာဝါဒ ကျူးလွန်နေတဲ့ ဒီခေတ်ကြီးမှာ
ငါ နင့်ကိုချစ်တယ်လို့ မပြောရက်ဘူးလေ
မြတ်မြတ်နိုးနိုးနဲ့ တယုတယ တန်ဖိုးထားတယ်ဆိုတဲ့ ကတိတခုနဲ့ရင်
ငါနင့်အပေါ် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး...။

ဒီလိုပါပဲ..ကောင်မလေးရေ
ငါက အများနဲ့မတူတဲ့ ခံစားချက်တွေနဲ့
နင့်ကို အရူးအမူးစွဲလန်းလွန်းတယ်...
နင့်နဲ့ ပက်သတ်တဲ့ နှစ်ချို့မျက်ရည်စတွေက သက်သေပေါ့...



(လွမ်းဝေ)

No comments:

Post a Comment