မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 4 February 2013

" အဝေးရောက် ချစ်သူ "
=============
ဒီနေ့....
ပျော်လိုက်တာကွာ..
မင်းနဲ့တွေ့ဆုံ အမျိုးစုံတဲ့စကားတွေနဲ့
ကြည်နူးစွာရယ်မော ဘ၀ရဲ့သောကတွေကို
မေ့ထားနိုင်ခဲ့တယ်.....။

ဒီနေ့....
စိတ်ညစ်လိုက်တာကွာ...
မင်းကိုမမြင်ရ ဘ၀င်မကျသလိုမျိုးနဲ့
တနေ့လုံးအဆင်မပြေ ကြယ်ကြွေတာတွေကို
ရေတွက်နေမိတယ်.....။

ဒီနေ့....
သတိရလိုက်တာကွာ...
နှစ်ယောက်တူကျီစယ် အပြုံးတွေ ဖလှယ်ခဲ့အချိန်တွေနဲ့
နဂိုယဉ်အလှ အပြစ်ကင်းစင်တဲ့ မင်းမျက်နှာလေးကို
ငါတမ်းတနေမိတယ်.....။

ချစ်သူ....
ငါအတွက် ပျော်ရွှင်တာတွေ စိတ်ညစ်တာတွေ ၊ သတိရတာတွေက
ငါကိုယ်တိုင်ဖန်တီးနိုင်စွမ်းမရှိတော့တဲ့ မင်းလုပ်ဆောင်ချက်တွေပေါ့....။
ဘာဖြစ်လို့လဲဆိုတော့
မင်းက ငါ့ဘ၀ရဲ့ ပဲ့ကိုင်ရှင် ၊ ငါဘ၀ရဲ့ မီးအိမ်ရှင် ၊ ငါ့ဘ၀ရဲ့ တဦးတည်းသော
ဖန်ဆင်းရှင် ဖြစ်ခဲ့တာလေ.....။

တခါတလေရောက်ရင်
ငါ့မျက်လုံးတွေက ငါ့နှလုံးသားကို မနာလိုဖြစ်မိတယ်...ငါ့နှလုံးသားထဲမှာ
မင်းက အမြဲရှိနေပြီး ၊ ငါ့မျက်လုံးထဲမှာတော့ မင်းကို အချိန်တိုင်း
မြင့်တွေ့ခွင့်မရခဲ့ဘူးလေ....။
ဟုတ်တယ်....ငါတို့နှစ်ယောက်က အဝေးရောက်ချစ်သူတွေ ဖြစ်ခဲ့လို့ပေါ့.....။

(လွမ်းဝေ)

No comments:

Post a Comment