သို့…………ယုန်ဖြူ
 
 ယုန်ဖြူ ………ရေ
 ကိုရီးယားကားတွေ
 အခန်းဆက်ရှည်လို့
 မကြိုက်တတ်တဲ့ ငါ
 အခုတော့ တို့တွေအဖြစ်က
 အခန်းဆက် ဝတ္ထုရှည်လို
 ဆက်ရန် ရှိသေးသည်ပေါ့
 
 ယုန်ဖြူ………ရေ
 အဆုံးသတ်မှာ
 နှုတ်ဆက်ရမယ်မှန်းသိသိနဲ့
 တို့တွေ အဖြစ်က
 မီးကိုတိုးမိတဲ့
 ပိုးဖလံ လိုမျိုးပေါ့
 
 ယုန်ဖြူ………ရေ
 ရေစီးကြောင်းသံယောဇဉ်တဲ့
 တမင်ထွင်တာ မဟုတ်ခဲ့တဲ့
 ရင်ထဲက သံယောဇဉ်တွေက
 တချိန်ချိန်မှာ အလွမ်းဒဏ်ရာတွေ
 ဖြစ်သွားခဲ့လေမလား
 
 ယုန်ဖြူ………ရေ
 ပြက္ခဒိန် စာရွက်တွေသာ
 အမှိုက်ဖြစ်သွားခဲ့တယ်
 တို့တွေ ရဲ့လက်တွေက
 အဆုံးသတ်ချိန်ကိုမေ့လို့
 ခိုင်မြဲထားနိုင်တုန်းပဲနော်
 
 ယုန်ဖြူ………ရေ
 အခြေအနေ မပေးခဲ့လို့
 တို့တွေ တကယ်ဝေးသွားခဲ့ရင်လေ
 မင်းသုံးနေကျ စကားလေးကိုပဲ
 ငါ သုံးပြီးနှုတ်ဆက်လိုက်ပါရစေကွယ်
 ***သတိရနေမယ်နော်***
 
 နေ(ဧည့်သည်)
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment