မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 5 February 2013

ယုံကြည်မှု့တွေ ပုံအပ်ရင်းနဲ့
လေလှိုင်းထဲမှာ အချစ်အိမ်လေးတည်ဆောက်လာခဲ့တာ
အခုဆို..
ငါတို့အိမ်မက်တွေပြည့်ဖို့ သိပ်မလိုတော့ဘူးနော်

သ၀န်တိုလိုက် စိတ်ကောက်လိုက်နဲ့
အထီးကျန်ညတွေ အကြောင်း ညည်းတွားလာလိုက်တာ
အခုဆို..
ငါတို့တွေ့ဆုံဖို့ သိပ်မလိုတော့ဘူးနော်...

သူကပိုချစ်တယ် ငါကပိုချစ်တယ်နဲ့
သံယောဇဉ်တွေကို ချည်နှောင် လာခဲ့တာ
အခုဆို
ငါတို့နီးစပ်ဖို့ သိပ်မလိုတော့ဘူးနော်..

နေ၀င်ချိန်တွေ ထိုင်ငေးရင်းနဲ့
အလွမ်းတွေကို မျိုသိပ်နေလိုက်ရတာ
အခုဆို...
ကြယ်စင်တွေကို ငါတို့အတူရေတွက်နိုင်ဖို့ သိပ်မလိုတော့ဘူးနော်..

ချစ်သူရေ..
နင့်လက်ကိုဆွဲပြီး လောကကြီးကိုရင်ဆိုင်လို့
စိတ်ကူးတွေရူးနေခဲ့ရတာ
အခုဆို
ငါတို့နှစ်ယောက် စောင့်မျှော်နေတဲ့
အချိန်တွေရောက်ဖို့ သိပ်မလိုတော့ပါဘူးဟာ.....




(လွမ်းဝေ)

No comments:

Post a Comment