မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 11 February 2013

ချစ်သူ
အချစ်မှာ သာတယ်နာတယ်ဆိုပြီး ခဏခဏ ငါ့ကိုမပြောပါနဲ့ 
ငါတို့ ၂ယောက်က ချိန်ခွင် ရောင်းတဲ့ သူတွေ မှ မဟုတ်တာ

ချစ်သူ
အချစ်မှာ မြင့်တယ် နိမ့်တယ်ဆိုပြီး ခဏခဏ ငါ့ကိုမပြောပါနဲ့ 
ငါတို့  ၂ယောက်က လှေကားပြိုင်တက်နေ သူတွေမှမဟုတ်တာ

ချစ်သူ
အချစ်မှာ လှတယ် ရုပ်ဆိုးတယ်ဆိုပြီး ခဏခဏ ငါ့ကိုမပြောပါနဲ့ 
ငါတို့ ၂ယောက်က မော်ဒယ် ဝင်ပြိုင်နေကြတာ မှ မဟုတ်တာ

အချစ်က ချစ်နေဖို့ တ ခုတည်းနဲ့  အရာရာပြည့်စုံနေမှာမဟုတ်သလို
ပိုက်ဆံ တခုဘဲ ရှိနေရုံ နဲ့ လည်း ပျော်ရွှင်ရတာ မဟုတ်ပါဘူး

Valentine Day မှာ အတူတူမရှိတိုင်း မချစ်ဘူးလို့  မင်းမစွပ်စွဲပါနဲ့ 
ချစ်သူနဲ့ ရှိတဲ့နေ့ တိုင်း ကိုယ့်ရဲ့ Valentine Day လို့ ကိုယ်ခံယူထားလို့ ပါ

တခုခုမှားလို့ ကိုယ် ဆူလိုက်တိုင်း မချစ်ဘူးလို့ မင်းမစွပ်စွဲပါနဲ့ 
လှပတဲ့မင်းရှေ့ ရေးလေးအတွက် ကိုယ်အမုန်းခံ သင့်တယ်လို့ ခံယူထားလို့ ပါ

အချစ်ကို လူပေါင်းစုံ အလွှာပေါင်းစုံ က မျိုးစုံ ခိုင်းနှိုင်းဖွင့်ပြကြတယ်
ကိုယ့်အတွက် အချစ်ဆိုတဲ့ ခံယူချက်ကတော့ ရိုးရိုးလေးပါ

ကိုယ့်ရဲ့ ပခုံးက မင်းမျက်ရည် ကျဖို့ အတွက် ပေးထားတာမဟုတ်ပါဘူး
မင်းလေး မောပန်းရင် နားခို ဖို့ အတွက် ပေးထားတာပါ

ကိုယ့်ရဲ့ လက်လေးက မင်းကို မျက်ရည်ကျအောင်အတွက် တည်ရှိနေတာမဟုတ်ပါဘူး
မင်းလေး တစုံတယောက်ကြောင့်ကျတဲ့ မျက်ရည်ကို သုတ်ပေးဖို့ အတွက်ပါ

ကျယ်ပြန့် တဲ့အချစ် ပင်လယ်မှာ ကိုယ်နဲ့  အတူတူ လက်ပစ်ကူးဖို့ 
" Ready "ဘဲ လား ချစ်သူ

ရှုပ်ထွေးလှတဲ့ လူ့ ဘဝကို ကိုယ့်နဲ့  အတူတူ လျှောက်လှမ်းဖို့ 
" Ready " ဘဲ လား ချစ်သူ

မင်း နဲ့  ကိုယ့် ရဲ့ လက်တွေ ခိုင်မြဲစွာ တွဲ ထား ဖို့ " Ready " ဘဲ လား ချစ် သူ

ချစ်သူတွေ ကိုင် ထားတဲ့ လက် ဆိုတာ ချစ်သူတွေ ကိုယ်တိုင် ဖြုတ်မှ ပြုတ်တာပါ~~~

( ဇင် နှင်း )

No comments:

Post a Comment