မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 21 February 2013

♥♥♥တို့နှစ်ယောက် အချစ်အိမ်လေး♥♥♥

/။။။။\
l __l ♥♥♥တို့နှစ်ယောက် အချစ်အိမ်လေး♥♥♥

ယုံကြည်မှု နဲ့ အုတ်မြစ်တည်မယ်

မလိုသူတွေ မ၀င်ရအောင် သစ္စာ တွေနဲ့ ကာရံထားမယ်

နားလည်မှု ပြတင်းပေါက်တွေ တပ်ထားမယ်

ချစ်ခြင်းမေတ္တာတွေနဲ့ အမိုး မိုးထားမယ်

ခြံလေးထဲမှာ အချစ်ပန်းလေးတွေ စိုက်ပျိုးထားမယ်

အမြဲ မပြတ်စီးဆင်းနေတဲ့ အချစ်ရေတံခွန်လေးလုပ်ထားမယ်

အိမ်နာမည်ကို "အချစ်စစ်များ တည်ရှိရာ" လို့ ပေးလိုက်မယ်

အိမ်ခြံဝမှာ "အချစ်စစ်မရှိသူမ၀င်ရ" ဆိုင်းပုဒ်ချိတ်ဆွဲထားမယ်

တို့နှစ်ယောက် အချစ်အိမ်လေး ထာဝရ တည်စေဖို့

ဖြူစင်တဲ့ အချစ်တွေ လိုအပ်တယ်

လောကဓံတွေ ဘယ်လောက်ကြမ်းတမ်းနေပါစေ

ဘယ်လိုမှ မယိုင်လဲနိုင်တဲ့ အုတ်မြစ်တွေ ချထားတယ်

ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ တို့အိမ်လေး

မလိုသူတွေ ဘယ်လိုဖျက်ဖျက် ဘယ်တော့မှ မပျက်တော့အောင်

တို့နှစ်ယောက် ထိန်းသိမ်းကြစို့နော် ချစ်သူ

**M@Y**
‎/။။။။\
l __l

No comments:

Post a Comment