မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 24 September 2012

နှလုံးသား သံစဉ်
သံယောဇဉ်တွေ ဝေဆာလို့
နှောင်ဖွဲ့ထားတဲ့ ရင်းနှီးမှုတွေနဲ့
သမုဒ္ဒယဆိုတဲ့ မျှားလေးတွေက
ဘယ်ဘက်ရင်အုံကို လာစိုက်တာ
ရှောင်လွှဲချိန်တောင် မရလိုက်ပါဘူး...။

အခုဘ၀မှာပဲ
အယုအယလေးတွေ ဝေမျှလို့
ငါတို့နှစ်ယောက်ရဲ့ကြားမှာ
သက်တမ်းရင့်တဲ့ ရင်းနှီးမှုတွေနဲ့
နွယ်ပင်ဆန်တဲ့ သံယောဇဉ်တွေ
ရစ်ပတ်ခဲ့တယ်...။

လင်းလက်မှုတွေ နင်ကပေးတော့
ကြယ်စင်လေးလို တောက်ပခဲ့ပါတယ်။

အေးချမ်းမှုတွေ နင်ကပေးတော့
လမင်းလေးလို ထွန်းလင်းခဲ့ပါတယ်။

ချိုမြိန်မှုတွေ နင်ကပေးတော့
ခံစားချက်တိုင်းဟာ လှပခဲ့တယ်။

ကြည်နူးမှုတွေ နင်ကပေးတော့
နှလုံးခုန်တိုင်း စည်းချက်တွေက
သာယာတဲ့သံစဉ်ပမာ ချိုသာခဲ့ပါတယ်...။

မယုံတော့မရှိပါနဲ့နော်

အဆုံးမသက်နိုင်တဲ့ မြတ်နိုးမှုတွေနဲ့
ရင်ခုန်သံတွေလည်း စည်းချက်မဲ့နေခဲ့တာ
ယုံနိုင်ပါ့မလား ....။

ဒီအချိန်ဆို ဘယ်လိုနေမလဲ
အတွေးတိုင်းမှာ စိုးမိုးထားလို့
စက္ကန့်နဲ့အမျှ အရမ်းလွမ်းနေခဲ့တာ
ယုံနိုင်ပါ့မလား ......။

ဘ၀တွေက ဝေးကွာနေလဲ
အလွမ်းပန်းတွေ ကူသီရင်း
အပြုံးနုနုလေးနဲ့ အမြဲအားပေးချင်နေခဲ့တာ
ယုံနိုင်ပါ့မလား .....။

လောကတေး မဆင်နိုင်သူရင်ထဲမှာ
နှောင်ဖွဲ့ထားတဲ့ အချစ်တွေကိုလည်း
ရှိုက်သံအဖြစ်နဲ့ စတေးပြစ်ခဲ့ရတဲ့အဖြစ်ကို
ယုံနိုင်ပါ့မလား .....။

ဘယ်သူမှမမြင်အောင် လိုက်ကာထူထူချလို့
ရင်ထဲကဝေဒနာကို တိတ်တိတ်ကလေးလွမ်း
အသည်းလေးလည်း ကျွမ်းနေခဲ့ရတာ
ယုံနိုင်ပါ့မလား .....
 

Sunday 9 September 2012

မင်းငါ့ကိုသတိ၇လို့...လွမ်းနေတဲ့ အချိန်မှာ
ငါဘာလုပ်နေလဲ..မင်းမတွေးပါနဲ့..
မင်း၇င်ခွင်ထဲကို...ငုံ့ကြည့်လိုက်ပါ..
ငါမင်းနှလုံးသားမှာ အမြဲတမ်း၇ှိနေတာပါ..

တခါတလေသင့်ချစ်သူသင့်အပေါ်ကလေးဆန်တဲ့အခါ
နားလည်ပေးလိုက်ပါ
သူတို့တွေ့ရဲ့လက်တွေ့ဘဝကလူကြီးဆန်ရလွန်းတဲ့အခါ
သင်နဲ့တွေ့ရင်ကလေးဆန်သွားတတ်ပါတယ်

တခါတလေ သင့်ချစ်သူကလူကြီးဆန်ချင်တဲ့အခါ
နားလည်ပေးလိုက်ပါ
သူတို့တွေရဲ့ လက်တွေ့ဘဝကကလေးတယောက်လိုနေထိုင်ရတဲ့အခါ
သင်နဲ့တွေ့ရင် လူကြီးတယောက်လိုပြောဆိုဆုံးမချင်တတ်ပါတယ်

...တချို့လူတွေက သူတို့လက်တွေ့ဘဝမှာမရနိုင်တဲ့အရာတွေကို
သူတို့ချစ်သူတွေနဲ့တွေ့တဲ့အခိုက်ရယူတတ်ကြတယ်
လက်တွေ့ဘဝမှာ ပြောခွင့်မရတဲ့အကြောင်းအရာ ၊
လက်တွေ့ဘဝမှာနေခွင့်မရတဲ့ဘဝအနေထားတွေကို
ချစ်သူနဲ့တွေ့ရင်နေချင်တတ်ကြတယ်

တချို့လူတွေအတွက်
ချစ်သူဆိုတာသူတို့လက်တွေ့ဘဝမှာမရနိုင်တဲ့စိတ်ကူးယဉ်မှုလေးတွေကိ
ဖန်တီးရယူပေးနိုင်တဲ့ တခုတည်းသောကမ္ဘာလေးပဲလေ။ ။
 

ခဏလေးတော့ ဝေးမယ်
အချိန်တွေလည်း နည်းနည်းပေးရမယ်
ဒါပေမဲ့........မငိုကြေးနော်။
ရင်ခုန်သံက လှိုင်းတွေဖြစ်ရင်
ပင်လယ်ဘက်ကို တိုးဝင်မယ်
ပြီးမှ....ချစ်သူ့ရင်ခွင်ဆီကိုနော်။
ထိတွေ့လို့မရဘူး
အသိအငွေ့တွေတော့ အမြဲကျန်မယ်
ရင်ထဲမှာခံစားချက်တွေ ရှိနေသရွေ့နော်။
H.T

အချစ်ဆိုတာ ရယူခြင်းလား...
ဒါမှမဟုတ်ပေးဆပ်ခြင်းလား....
ဘယ်သူတွေဘာပဲပြောနေနေ.....
အချစ်ဆိုတာဟာ....
နေရာမရွေး..ဒေသမရွေး...
အချိန်ခါမရွေး..ရာသီဥတုမရွေး...
လူမျိုးမရွေး..ဘာသာမရွေး...
ဆင်းရဲချမ်းသာမရွေး..လူတန်းစားမရွေး....
ပေါ်ပေါက်လာတတ်တာမျိုးလို့
ခေါင်းစဉ်တပ်နိုင်ပေမယ့်...
ငါ့ဘဝငါ့အနာဂါတ်ထဲမှာတော့
နင်တစ်ယောက်တည်းပဲ...
ထာဝရရှင်သန်နေတယ်..........

Saturday 1 September 2012

ငါ့မျက်လုံးလေးတွေကို ချစ်တယ်
ဘာလို့လဲ ဆိုတော့ နင့်ကိုမြင်နေရလို့

ငါ့နာမည်လေးကို ငါချစ်တယ်
ဘာလို့လဲ ဆိုတော့ နင်ခေါ်နေတာမို့လို့


ငါ့နှလုံးသားလေးကို ငါချစ်တယ်
ဘာလို့လဲ ဆိုတော့ နင့်အချစ်တွေရှိလို့

ငါ့ဘ၀လေးကို ငါချစ်တယ်
ဘာလို့လဲဆိုတော့ ငါ့ဘ၀ထဲမှာ နင်ရှိနေလို့

ငါ့ဘ၀လေးကို အမြဲချစ်နိုင်ဖို့
နင်ငါ့ဘ၀ထဲမှာအမြဲရှိနေပေးပါနော်