မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 26 February 2013

ကွာခြားချက်...........

ကလေးဘဝက ဘယ်လောက်ဒဏ်ရာရနိုင်တဲ့
ကစားနည်းမဆိုဆော့ရဲတယ်..မကြောက်တတ်ဘူး
လူကြီးဘဝရောက်တော့ ကိုယ့်ကိုဒဏ်ရာရစေမဲ့
ကစားနည်းဆိုမဆော့ရဲတော့ဘူး ဘယ်လောက်ဆော့ချင်ဆော့ချင်ရှောင်တယ်

နှလုံးသားကလည်း အဲဒီလိုပဲ
ငယ်ငယ်တုန်းက ကိုယ့်ကိုဘယ်လောက်နာကျင်ပါစေချစ်ရဲတယ်..
ကိုယ့်ကိုနာကျင်စေမှန်းသိရက်နဲ့ဆက်ချစ်တယ်
နည်းနည်းအသက်ကြီးလာတော့ ကိုယ့်ကိုနာကျင်စေမဲ့လူဆိုမချစ်ရဲတော့ဘူး
ဘယ်လောက်စိတ်ဝင်စားနေပါစေ
ဒီလူဟာ ကိုယ့်အတွက်ကံမကောင်းနိုင်ဘူးဆိုရင် မချစ်တော့ဘူး

တကယ်တော့လူတွေဟာအသက်ကြီးလာတဲ့အခါ
နာကျင်မှုတွေကိုခံနိုင်တဲ့အင်အားတွေလျော့နည်းလာတယ်

အဲဒါကြောင့်ပဲတချို့တွေဟာ
အသက်ကြီးတဲ့အခါကိုယ်ကအရမ်းချစ်ပြီး ကိုယ့်ကိုနာကျင်စေမဲ့ချစ်သူမျိုးထက်
ကိုယ့်ကိုအရမ်းချစ်ပြီး
ကိုယ့်ကိုကြင်နာမဲ့ချစ်သူမျိုးကိုရွေးချယ်သွားကြတာပေါ့ ။ ။

ခင်မင်လျက်
ကောင်ကလေး
15-02-14

တကယ်တော့လူတွေဟာအသက်ကြီးလာတဲ့အခ
နာကျင်မှုတွေကိုခံနိုင်တဲ့အင်အားတွေလျော့နည်းလာတယ်

အဲဒါကြောင့်ပဲတချို့တွေဟာ
အသက်ကြီးတဲ့အခါကိုယ်ကအရမ်းချစ်ပြီး ကိုယ့်ကိုနာကျင်စေမဲ့ချစ်သူမျိုးထက်
ကိုယ့်ကိုအရမ်းချစ်ပြီး
ကိုယ့်ကိုကြင်နာမဲ့ချစ်သူမျိုးကိုရွေးချယ်သွားကြတာပေါ့ ။ ။

ခင်မင်လျက်
ကောင်ကလေး
15-02-14

No comments:

Post a Comment