မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 24 February 2013

မရင့်ကျက်နိုင်သေးတဲ့ငါ.......မျှော်နေဆဲပါ........

နင်နဲ့ ပါတ်သက်တဲ့ အမှတ်တရတွေတိုင်းကို
မမေ့နိုင်သေးတဲ့ ငါ အခုချိန်ထိ မရင့်ကျက်သေးဘူး.....

နင့်ရဲ့ အကြောင်းတွေ ကြားမိတိုင်း မျက်ရည်ကျ
နေတတ်တဲ့ ငါ ခုချိန်ထိ မရင့်ကျက်သေးဘူး...........

နင်ပြောခဲ့ဖူးတဲ့ စကားလုံးတွေတိုင်းကို အမိန့် တစ်ခုလို
နာခံနေတတ်တဲ့ ငါ အခုချိန်ထိ မရင့်ကျက်သေးဘူး......

တကယ်ဆို နင်နဲ့ ပါတ်သက်ရင် မရင့်ကျက်နိင်သေးတဲ့ ငါ
အခုချိန်ထိ ကလေးတစ်ယောက်လို နင့်အချစ်ကို
မျှော်လင့်တောင့်တနေမိတုန်းပါပဲ ချစ်သူရယ်..............

khin myo aye

No comments:

Post a Comment