မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 10 February 2013

ချစ်ခြင်း၏ အခြားမဲ့၌ 
ဖြူစင်ခြင်းနဲ့ ကြင်နာခြင်း
မေတ္တာတရားနဲ့ သံယောဇဉ်
ဒါတွေအပြင် ဘာရှိဦးမလဲ

အဖြူရောင် တွေ့ဆုံခင်မင်ခွင့်မှာ
တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီ
နားလည်မှုတွေ ကိုယ်စီထား
ကြင်နာခြင်းတွေ ပွါးများလာခဲ့တာ
ကိုယ်စီရင်ထဲက မေတ္တာတရားတဲ့လား

သံယောဇဉ်ရယ်
ရစ်ပတ်လို့နှောင်ထုံးဖွဲ့
ခင်မင်မှု ဆိုတာလေ
မာယာမပါတဲ့ စကားလုံးတွေတဲ့လား
နောက်ပြောင်ကျီစယ်ခြင်းတဲ့လား
အမှတ်ထားစရာ အမှတ်တရတွေတဲ့လား

ငါတို့ မပိုင်တဲ့ ကံဇာတ်ဆရာက
ငါတို့ရဲ့ သံယောဇဉ်ကြိုးကို
အဖန်တရာ ဆုံစည်းစေနိုင်သလို
ပြတ်တောက်စေခြင်းမှာလဲ အဆုံးသတ်နိုင်တယ်

ဘာပဲဖြစ်ဖြစ် သတိရနေပေးပါ
ငါတို့ ဆုံတွေ့ခဲ့ကြတယ်
ငါတို့ နားလည်လက်ခံ ယုံကြည်ခဲ့ကြတယ် 
ငါတို့ ငြင်းခုံစနောက်ခဲ့ဖူးတယ်
ငါတို့ ခင်မင်ရင်းနှီးခဲ့ဖူးတယ်
နောက်ဆုံး ငါတို့ ....... ပေါ့




@ @[351985768227398:274:ကဗျာ ချစ်သူ]   (S&S)
100213 (Sunday)  3:33 pm
ချစ်ခြင်း၏ အခြားမဲ့၌

ဖြူစင်ခြင်းနဲ့ ကြင်နာခြင်း

မေတ္တာတရားနဲ့ သံယောဇဉ်

ဒါတွေအပြင် ဘာရှိဦးမလဲ


အဖြူရောင် တွေ့ဆုံခင်မင်ခွင့်မှာ

တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီ

နားလည်မှုတွေ ကိုယ်စီထား

ကြင်နာခြင်းတွေ ပွါးများလာခဲ့တာ

ကိုယ်စီရင်ထဲက မေတ္တာတရားတဲ့လား


သံယောဇဉ်ရယ်

ရစ်ပတ်လို့နှောင်ထုံးဖွဲ့

ခင်မင်မှု ဆိုတာလေ

မာယာမပါတဲ့ စကားလုံးတွေတဲ့လား

နောက်ပြောင်ကျီစယ်ခြင်းတဲ့လား

အမှတ်ထားစရာ အမှတ်တရတွေတဲ့လား


ငါတို့ မပိုင်တဲ့ ကံဇာတ်ဆရာက

ငါတို့ရဲ့ သံယောဇဉ်ကြိုးကို

အဖန်တရာ ဆုံစည်းစေနိုင်သလို

ပြတ်တောက်စေခြင်းမှာလဲ အဆုံးသတ်နိုင်တယ်


ဘာပဲဖြစ်ဖြစ် သတိရနေပေးပါ

ငါတို့ ဆုံတွေ့ခဲ့ကြတယ်

ငါတို့ နားလည်လက်ခံ ယုံကြည်ခဲ့ကြတယ်

ငါတို့ ငြင်းခုံစနောက်ခဲ့ဖူးတယ်

ငါတို့ ခင်မင်ရင်းနှီးခဲ့ဖူးတယ်

နောက်ဆုံး ငါတို့ ....... ပေါ့





1 comment:

  1. တစ်ခါတစ်မှာအချစ်ကိုလေးစာမိတယ်...အ၇ာ၇ာကိုသူကလုပ်နိုင်တယ်
    ဒါပေမဲ့...ငါအတွက်တော့အချစ်ကဘာကြောင်ခါးသီးနေ၇တာလည်? မင်းကိုချစ်တဲ့ငါအချစ်တွေကိုမင်းဘာကြောင့်မသိတာလည်...မင်းပြောတော့ အချစ်ကိုသစ္စာနဲ့တည်ဆောက်ပြီးကိုကွယ်တာဆို...ငါဘ၀၇ဲ့ဖြူစင်းတဲ့အချစ်တွေနဲ့ချစ်ခဲ့တာငါသစ္စာပါချစ်သူ၇ယ်................
    တစ်နေမင်းငါအချစ်တွေကိုနာလည်ပါစေ...lover..ညီမလေး

    ReplyDelete