မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 13 February 2013

ကျွန်မရဲ့ စိတ်ကူးယဉ်ဆုတောင်း ............♥

သူအိမ်မက်မက်လို့ ယောင်ခေါ်တဲ့ နာမည်လေးက ကျွန်မနာမည်လေးဖြစ်ပါစေလို့ တိုးတိုးလေး ဆုတောင်းခဲ့ဖူးတယ် ...♥

သူအတွက် သ၀န်တိုတတ်ခဲ့ပေမယ့် သူပျော်နေတာလို့ တွေးလိုက်တိုင်း 
ကျွန်မ စိတ်ရှုပ်မှုတွေ သ၀န်တိုမှုတွေ ပျောက်ကွယ်သွားတတ်တယ်...♥

သူနဲ့ အချိန်ပြည့်စကားပြောနေရလဲ တခါတလေ ဘာမဟုတ်တာနဲ့ 
အရာရာကို  ကျွန်မတွေးပူနေတတ်ပြန်တယ် ...♥

သူတခုခုကို စိတ်ညစ်နေတဲ့ မျက်နှာမျိုးမြင်ရင် အဲဒီနေ့ဟာ ကျွန်မအတွက် 
ငရဲကျတဲ့နေ့နဲ့တူနေတယ် ...♥

တခါတလေ ကျွန်မလောဘကြီးချင်မိတယ် ဒါပေမယ့် သူကို ရယူလိုချင်ကင်းတဲ့အချစ်နဲ့ဘဲ ကျွန်မချစ်နေတယ် ...♥
 
ဘယ်သူတွေ ဘယ်လိုဘဲ ပြောကြပါစေ  ပိုင်ဆိုင်မှုကင်းတဲ့ အချစ်နဲ့ 
ကျွန်မသူကို ချစ်တယ် ...♥

✿✿✿Poem✿✿✿

No comments:

Post a Comment