မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 29 November 2012

လက်ထပ်ပြီးခါစ ကောင်မလေး က ကောင်လေးကိုမေးတယ်။
ကောင်မလေး >>> `မောင်...နောင်ဘ၀ ရှိခဲ့ရင်..မောင်...ချစ်ကို

                        လက်ထပ်ရမယ် မဟုတ်လား´
ကောင်လေး >>> `ချစ်...ရှေးဘ၀ တုန်းက

                       ဒီမေးခွန်း မောင့်ကို မေးပြီးပြီလေ´

လောကမှာ အပျော်ဆုံး ချစ်သူတွေဆိုတာ

အချစ်ဆုံး သူငယ်ချင်း တွေလို စကားပြောကြတယ်။
ကလေး တွေလို ဆော့ကစားကြတယ်။
အိမ်ထောင်သည် တွေလို ငြင်းခုန်ကြတယ်။
မောင်နှမ ရင်းချာတွေလို တစ်ယောက်နဲ့ တစ်ယောက်စောင့်ရှောက်တယ်။

နင်...
ငါ့ကို လျစ်လျူရှုတဲ့အခါ
တကမ္ဘာလုံးက ငါ့ကို လျစ်လျူရှုထားသလို ခံစားရတယ်။

နင်...

ငါ့ကို ဂရုစိုက်တဲ့ အခါ
ငါ... တကမ္ဘာလုံးကို လျစ်လျူရှုပစ်လိုက်တယ်။

ဆုတောင်းပြည့်မယ်ဆိုရင်
မတော်တဆ ငါနိုးထလာတိုင်း
နင်...ငါ့ဘေးမှာရှိရင် တော်ပါပြီ။
ငါ..ကျေနပ်ပါပြီ။

တခါတခါ
အရူးထပြီး သေလောက်အောင်လွမ်းတဲ့
ငါ့ရင်ဘတ်ကို အိပ်ဆေးတိုက်ပြီး
ပြန်အိပ်ခိုင်းဖို့ကောင်းတယ်။

လွမ်းတယ်ဆိုတာ
နူးညံသလိုလို ခံစားရပေမယ့်
ငါ့နှလုံးသား တခုလုံးကို တဆစ်ဆစ်ကိုက်စားပစ်တဲ့
အက်စစ်တမျိုးပဲ။



သိုးငယ်။
(တရေးနိုး...မင်းကို လွမ်းဆွတ်မှု)

Friday 23 November 2012


ဘာ ဖြစ်လို့ ဖျားတာလဲလို့  မမေးချင်ဘူး
ဘာဆေးသောက်ထားလဲလို့ ပဲ ငါမေးချင်တာပါ

ဘာတွေ သ၀န်လိုက်တိုနေတာလဲလို့ စိတ်မဆိုးချင်ဘူး
နင်မကြိုက်ရင် ငါဆင်ခြင်ပါ့ မယ်လို့  ဖြေချင်တာပါ

ဘာလို့  ပြသနာတက်အောင်နေတာလည်း လို့  မဆူချင်ဘူး
ငါတို့  ဘယ်လိုလုပ်ရင်ပြေလည်နိုင်မလဲဆိုတာကိုပဲ တိုင်ပင်ချင်တာပါ

ဖုန်းဆက်နော်လို့  ငါ မမှာချင်ဘူး
အမြဲတမ်းစောင့် နေမှာလေ လို့  ပဲ ဖြေချင်တာပါ

ဘာလို့  မက်ဆေခ်ျ့ မပို့ တာလဲလို့  အပြစ်မတင်ချင်ဘူး
အချိန်မရလို့ လားလို့ ပဲ မေးချင်တာပါ

ကြားဖူးတဲ့ စကားလေးလို ပေါ့ 
နင့် က နင့်အတွက် နင့် အတွက်လို့ စဉ်းစားနေချိန်မှာ
ငါ့ ကတော့  ငါ့ အတွက် ဆိုတာတောင်မေ့ နေတယ်လေ

Monday 19 November 2012

.♥♥♥♥♥♥ ၀န်ခံပါ .♥♥♥♥♥♥


ဟော့ဒီနံရံ တစ်ချက်ခြားတာကို ခုတုံးမလုပ်လိုက်ပါနဲ့ 
ရင်ခုန်ခဲ့ဘူးတယ်ဆိုတာကိုတော့
ရဲရဲကြီး ၀န်ခံလိုက်စမ်းပါ ချစ်သူရယ်.....♥♥♥♥♥♥

.♥♥♥♥♥♥ ငါ့ရင်ဘတ်ဟာ.......
မင်းနင်းခြေဖို့  မြေကြီးမဟုတ်ဘူးလေ
မင်းခိုလှုံဖို့  အေးမြတဲ့ အရိပ်တစ်နေရာစာလေးတစ်ခုပေါ့
လိမ်ညာလို့ ရလောက်အောင်
နှလုံးသားဆိုတာ..............
မျက်စိမမြင်ရသေးတဲ့  မွေးခါစကလေးလေးတစ်ယောက်လို့ မှ မဟုတ်တာ
.♥♥♥♥♥♥

.♥♥♥♥♥♥ ဖွဲ့ နွဲ့ မူတွေ မလိုအပ်ပါဘူး...............ချစ်သူ
ရိုးရှင်းတဲ့ ဖြူစင်မူဆိုတာ...................
ပွင့်လင်းမြင်သာတဲ့  ပြယုဂ်တစ်ခုပါပဲ
ဘာသာပြန်မှားရလောက်အောင်လဲ.....
ငါ့ နှလုံးသားမှာ မှတ်ကျောက်တင်လောက်အောင်
အက္ခရာများများမပါခဲ့ပါဘူး................ချစ်သူ...♥♥♥♥♥♥

♥ သျှိုင်းကို ♥
♥19 ♥ 11 ♥ 2012 ♥


ငါတို့နှစ်ယောက်ကြားမှာ..
အယူအဆတွေတူညီဖို့မလိုဘူး
နားလည်မှု့ပေးနိုင်ဖို့ပဲ လိုတယ်..။


ငါတို့နှစ်ယောက်ကြားမှာ..
သွေးခွဲစကားတွေမလိုဘူး
ယုံကြည်မှု့ပေးနိုင်ဖို့ပဲ လိုတယ်..။


ငါတို့နှစ်ယောက်ကြားမှာ..
အသိုင်းအဝိုင်းတွေမလိုဘူး
နွေးထွေးစွာ ချစ်နိုင်ဖို့ပဲ လိုတယ်..။

ငါတို့ နှစ်ယောက်ကြားမှာ
အများကြီး မလိုအပ်ပါဘူး
တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ ချစ်နေဖို့ပဲ လိုအပ်တယ်မလား။

ငါတို့နားလည်ထားတဲ့ ချစ်ခြင်းဆိုတာ
ရယူခြင်း မဟုတ်သလို ပေးဆပ်ခြင်းလည်းမဟုတ်ဘူးလေ

ငါတို့ပိုင်ဆိုင်ထားတဲ့ချစ်ခြင်းဆိုတာ
အတ္တကြီးတဲ့ချစ်ခြင်းမဟုတ်သလိုတစ်ကိုယ်ကောင်းဆန်တဲ့
ချစ်ခြင်းလည်းမဟုတ်ပြန်ဘူး

တကယ်တော့ ငါတို့သိထားတဲ့ ချစ်ခြင်းဆိုတာ
ယုံကြည်မှု့ကိုအခြေပြု ၊ နားလည်မှု့ကို အခြေခံ
စာနာဖေးမပြီး အပြန်အလှန်သစ္စာရှိနေတဲ့ ချစ်ခြင်းမဟုတ်လား..။

ကဲ ...ချစ်သူရေ နင်နဲ့ငါ ဂတိတခု ပြုရအောင်..♥♥

ဘယ်လို အခက်အခဲတွေပဲ ကြုံလာပါစေ
ဒီတစ်သက် ငါတို့ဘယ်တော့မှ လက်တွဲမဖြုတ်ကြဘူးနော်...။

အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

Saturday 10 November 2012

ဆွတ်ပျံ့ကြည်နူးဖွယ်အချစ်လည်း
ပိုင်ဆိုင်ခဲ့ဘူးပါ၏

ရင်ခုန်စရာအချစ်လည်း
ပိုင်ဆိုင်ခဲ့ဘူးပါ၏

ကြည်နူးစရာကောင်းသောအချစ်လည်း
ပိုင်ဆိုင်ခဲ့ဘူးပါ၏

ပျားရည်လိုချိုမြိန်သော
အနမ်းများလည်းပိုင်ဆိုင်ခဲ့ဘူးပါ၏

သို့သော်
ကျနော်တို့နှစ်ယောက်
တယောက်ကိုတယောက်
နားလည်မပေးနိုင်ခဲ့ကြပါ

ထို့အခါ အချစ်သည်
ဖန်ခွက်လေးတခွက်ကျကွဲသလို
"ခွက်"ကနဲ
အလွယ်တကူကြေမွကွဲကြေခဲ့ရပါတော့သည်





ဘယ်လောက်ချိုမြိန်
ဘယ်လောက်ကြည်နူးစရာကောင်းကောင်း
တယောက်ကိုတယောက်နားလည်မပေးနိုင်ရင် အချစ်ကသင့်တို့နှစ်ယောက်ထံမှအလွယ်တကူထွက်ပြေးသွားနိုင်ပါတယ်




ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
09-nov-12,11:31PM

Friday 9 November 2012

ဖြစ်ချင်တယ်ဆိုတဲ့

စိတ်လေးတစ်ခုသာ

နင့်မှာရှိနေရင်

မဖြစ်နိုင်ဘူးဆိုတာ

မရှိပါဘူး ချစ်သူရယ်

တကယ်တော့

ဘယ်လိုဂုဏ်တံတိုင်းတွေကမှ

အချစ်တစ်ခုကို

တားမြစ်ပိတ်ပင်နိုင်

မစွမ်းသေးပါဘူး ချစ်သူ

တို့ရင်ထဲမှာ ရှိတဲ့

အချစ်တွေသာ

စစ်မှန်နေခဲ့မယ်

ဆိုရင်ပေါ့

စစ်မှန်တဲ့ အချစ်တစ်ခု အတွက်

လှပတဲ့ ဆုလာဘ် ဆိုတာ

လောကကြီးက ပေးအပ်လိုက်တဲ့

ချစ်သူတိုင်း ဆုံဆည်းခြင်း ပါတဲ့


ချစ်သူနှစ်ဦးကြားက နွေးထွေးမူ့ ဆိုတာ
တခါတလေ အလိုက်သိနေတာလည်းဖြစ်ချင်ဖြစ်နိုင်တယ်

ချစ်သူနှစ်ဦးကြားက ကြည်နူးမူ့ ဆိုတာ
တခါတလေ ဂရုစိုက်ခံရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်

ချစ်သူနှစ်ဦးကြားက အမှတ်တရဆိုတာ
တခါတလေ ဟိုတခါစိတ်ဆိုးတုန်းကလေဆိုပြီး ပြန်ပြောဖြစ်တာလည်း ဖြစ်နိုင်တယ်

တကယ်တော့ 
ချစ်သူနှစ်ဦးကြားမှာ
စိတ်ဆိုးတိုင်း ဒေါသဖြစ်စရာကို အခြေခံတဲ့  စိတ်ကလေးတွေထက်
ရန်ဖြစ်တိုင်း မကျေနပ်ချက်ကို ရှေ့ တန်းတင်နေမိတာတွေထက်
တခါက ကြည်နူးမူ့ တွေနဲ့  အစားထိုးပေးနိုင်ခဲ့ ရင်..................
နားကျည်းမုန်းတီးစရာ ဆိုတာ ရှိလာနိုင်မယ်မထင်ပါဘူးလေ...................

(ပုံရိပ်စစ်)

Wednesday 7 November 2012


သဝန်တိုခြင်းအကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်

စိတ်ဆိုးခြင်းအကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်
...

ဦးစားပေးခံချင်တဲ့အကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်

စိုးရိမ်တဲ့အကြောင်းပြချက်ဟာ
ချစ်တဲ့စိတ်ကြောင့်ဖြစ်တယ်

တချို့လူတွေကသူတို့ရဲ့အရမ်းချစ်တဲ့စိတ်ကြောင့်
တဖက်လူကိုစိတ်ရှုပ်အောင်လုပ်မိသလိုဖြစ်သွားတတ်တယ်
အဲဒီအခါသင်နားလည်ပေးတတ်ဖို့လိုပါတယ်

ချစ်သူတွေမှာ တယောက်ကကိုယ့်ချစ်သူရဲ့
အချစ်လွန်တဲ့စိတ်လေးကို ဖြည့်တွေးပြီးတော့နားလည်ပေး
တယောက်ကလည်းကိုယ့်ရဲ့အချစ်လွန်တဲ့စိတ်ကို
ကိုယ့်ချစ်သူစိတ်မညစ်ရအာင်သတိလေးနဲ့ချစ်ပေး
အဲဒီလိုအပြန်အလှန်နားလည်မှုလေးနဲ့သင်တို့ဟာချစ်တတ်ခဲ့မယ်ဆိုရင်
သင်တို့ရဲ့ချစ်သူဘဝဟာ ပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်

ချစ်သူဖြစ်ဖို့ ချစ်တယ်ဆိုတဲ့စကားလေးတခွန်းပဲလိုတယ်
ဒါပေမဲ့ချစ်သူအကြာကြီးဖြစ်ဖို့ကျတော့ သင်တို့နှစ်ယောက်လုံးချစ်တတ်ဖို့လိုပါတယ်





ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
07-nov-12,08:56PM

နင်မပါလည်း
ငါ နဘေးမှာ နင်၇ှိနေသလိုခံစားရတယ်..............
နင်မလာလည်း
ပြင်းပြသော သတိရခြင်းနဲ့  လေးလေးနက်နက် သတိရသလို ခံစားရတယ်...........

ဘာဖြစ်လို့ လဲသိလား....

တစ်ယောက်သောသူကို
ရင်ထဲမှာ ထည့် ထားမိရင်
အနေနီးနီး ဝေးဝေး
သူ နဲ့ ပတ်သတ်တဲ့  အကြောင်းအရာတွေက လာဆက်နွယ်လေ့ ရှိတယ်လေဟာ

ဒီ ကမ္ဘာမြေပေါ်မှာ မင်းရှိနေသေးတယ် ဆိုတဲ့
အသိလေးတခုနဲ့ လှည့်ကြည့်ပေးဖို့လည်း မမျော်လင့်တော့ဘူး
အရာ အားလုံးကို ငါကျေနပ်နေတော့မယ်

မေ၇တွက်နိုင်အောင် ၀မ်းနည်းရင် နည်းနေမယ်
မေ၇တွက်နိုင်အောင် စိတ်ဓါတ်ကျရင်လည်း ကျနေမယ်
မေ၇တွက်နိုင်အောင် လွမ်းပြီးရင်းလည်း လွမ်းနေမယ်

မေ၇တွက်နိုင်အောင် ................မေ၇တွက်နိုင်အောင်
တကယ်ကို..........မေ၇တွက်နိုင်အောင်
...
"သတိရလိုက်တာဟာ" လို့လည်း ရေရွှတ်နေလိမ့်မယ်

နင့်အတွက် ငါ့အချစ်က နေပူပူမှာ မိုးရွာခဲ့သလို
အပူရှပ်စေခဲ့မှာပါ...ဒါပေမယ့် အဲ့မိုးပြေးလေးက
နင့်ကို အေးချမ်းစေချင်ခဲ့တာ အမှန်ပါ ချစ်သူရယ်

Monday 5 November 2012

မမေ့ကြေး

ချစ်သူရေ ငါတို့အချစ်တွေ

ဒီနေ့မှာ ဟောင်းသွားရင်

မနက်ဖြန်မှာအချစ် အသစ်

အလွမ်းစစ်စစ်နဲ သတိရပေးပါ

တွေ့ခွင့်မကြုံ ဝေးလို့

နေပေမယ့် မမေ့ကြေး

ငါ့အကြောင်း တွေးတိုင်း လွမ်းပါ . . .

ချစ်သူရယ် . . . . . .

ချစ်သူ
အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

နေကောင်းလား တဲ့
အမှတ်တမဲ့မို့ယောင်ရမ်းပြီး ခေါင်းညိမ့်တယ်

အဆင်ပြေပါစေ တဲ့
သတိမထားမိပဲမျက်ရည်လေးဝဲပြီး ပြုံးပြတယ်

....လွမ်းလိုက်တာဟာ...
.......နေကောင်းတယ် မှတ်လား...
...........နင်လည်းငါ့လိုပဲ လွမ်းနေမှာပါ...
.........အတူတူရှိနေချင်တယ်..........တရစပ်ရေးမိတဲ့ Message အဆုံးမှာ ငါနှိပ်မိတဲ့ခလုတ်လေးက delete တဲ့

နင် သတိတရMessage ပို့တိုင်း
နင့်ဆီ ပြန်ရောက်နေကျMessage က "အင်း" တလုံးပဲ ဖြစ်နေတက်တယ်နော်..ဒါပေမယ့် ငါရေးလိုက်တဲ့ ရင်ဝှက်စာတွေ နင်မြင်တက်ရင်ကောင်းမယ်...။

"ရင်ဝှက်စာ"

အတူတူပါပဲ
သတိရတယ် ချစ်သူ
အမှတ်တရတွေများလွန်းတော့
အခံရခက်တဲ့ ရင်ခွင်က တချက်တချက် ထထငိုတယ်

အတူတူပါပဲ
လွမ်းမိတယ် ချစ်သူ
အတိတ်တွေကို တမ်းတမိပြန်တော့
ရင်နာစရာတွေက တစ်နင့်နင့်နဲ့ရင်ဘက်ကိုစူးတယ်

ဒီလိုပါပဲ အချစ်ဆိုတာ
ချစ်ပြီးရင် ဝေး ...ဝေးပြီးရင် လွမ်းရတာပဲ မဟုတ်လား

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့ကဗျာတွေထဲမှာ ချစ်ခြင်းတွေ ကိန်းအောင်းနေတယ်

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့စကားလုံးတွေမှာ မေတ္တာတရားတွေ သိုဝှက်ထားတယ်

နင်မြင်နိုင်ပါစေ ချစ်သူ
ငါ တသက်လုံး နင့်တယောက်ကိုပဲ ချစ်နေမယ်ဆိုတာ နင်မြင်နိုင်ပါစေဟာ..။

Friday 2 November 2012

တစ်သက်တာလက်တွဲဖို့ ရွေးချယ်ပြီးရင် အဲဒီလက်ကို မလွတ်နဲ့တော့၊
ပတ်ဝန်းကျင်ရဲ့သွေးထိုးစကားကို ဂရုမစိုက်နဲ့တော့၊ ကိုယ့်ရွေးချယ်မှုကို ယုံကြည်ပါ၊
သူ့ရဲ့ ပညာအဆင့်အတန်းက မြင့်ချင်မှမြင့်မယ်
ဒါမှမဟုတ် တခြားလူထက် ကြည့်ပျော်ရှုပျော်ဖြစ်ချင်မှဖြစ်မယ်
ဒါမှမဟုတ် ရာထူး၊ ဂုဏ် ရှိချင်မှရှိမယ်
ဒါပေမယ့် စစချင်းမှာ သင့်ကိုရင်ခုန်စေခဲ့တာက သူ့ရဲ့ရိုးရှင်းတဲ့အလှ၊ လှပတဲ့စိတ်ဓာတ်ကြောင့်ဆိုတာ မမေ့ပါနဲ့
လက်တွဲဖော်ဆိုတာ ပါးစပ်ဖျားမှာ ချိတ်ဆွဲကြွားဝါဖို့မဟုတ်ဘူး
လက်တွဲဖော်ဆိုတာ ရင်ထဲထည့်ပြီး ချစ်ရမယ်သူဖြစ်တယ်။
.

Thursday 1 November 2012


“ အချစ်ကို ဘယ်တော့မှ ဖန်တီးမယူပါနဲ့ ”
 
+ ဘယ်တော့မှ ဖန်တီးလို့မရတဲ့ လုပ်ယူလို့မရတဲ့အထဲမှာ ချစ်ခြင်းမေတ္တာပါတယ်

+ မေတ္တာကို အခြေခံတဲ့အချစ်က အေးမြပြီး ရမ္မက်ကို အခြေခံတဲ့ အချစ်က ပူလောင်လေ့ရှိတယ်

...

+ လိုချင်တပ်မက်မှုများလာတဲ့အခ
ါ အချစ်ဟာ အရောင်တွေပေစွန်းပြီး တဏှာအဖြစ်ပြောင်းသွားလေ့ရှိတယ်

+ အနေနီးစပ် ရင် အချစ်ဖြစ်ပေါ်လာတယ် ဆိုတာ မှားယွင်းတဲ့အချက်ဖြစ်တယ် အချစ်ဆိုတာ အနေနီးစပ်ခြင်း အကြောင်းအကျိုးတိုက်ဆိုင်ခြ
င်းအပေါ်မူတည်နေတာမဟုတ်ဘူး ချစ်ခင်စိတ်ကလေး ရင်ခုန်သံထူးထူးဆန်းဆန်းလေးဖြစ်ပေါ်လာရင် သင် အချစ်နဲ့စတင်တွေ့နေရပါပြီ

+ ဘ၀မှာ အရေးအကြီးဆုံးက အချစ်မဟုတ်ပေမယ့် အချစ်ဟာ အလေးထား ဆုံးဖြတ်ရတဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်တယ် အချစ်ကြောင့် အရာအားလုံးပျက်သုန်းသွားနို
င်သလို အရာအားလုံးလည်းလင်းလက်တောက်ပလာနိုင်တယ်

သက်တန့်ချို