မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 18 February 2013

ကြင်နာသူ့ နှုတ်ခမ်းက
မာယာတွေ အသုံးကြွယ်တယ်တဲ့ ..
ဒီလူပြုံးခဲ့သမျှက ..
တံလျှပ်ပင်လယ် တစ်ခုလား ..
သစ်အုပ်သစ်တော တစ်ခုထင်ခဲ့တာ ..
သစ်ရွက်ခြောက်နဲ့ များအမှတ်မှားမိလား ..

(နောက်ထပ်)
မလွမ်းရဲတော့ပါဘူး ..
အသည်းခိုက်အောင် ငိုခဲ့ဖူးပါပြီ ..
(ဘယ်တော့မှ)
မျှော်လင့်မထားတော့ပါဘူး ..
မိုးရွာတာ ပျော်ပေမယ့်
ဒီဖားက လျှပ်စီးကြောက်တတ်သွားပြီ ..

မဖြူစင်ခဲ့ဖူးတဲ့လား ..
ဟုတ်တယ် ငါကယုန်မဲရယ်ပါ ..
မအေးမြခဲ့ဖူးတဲ့လား ..
ဟုတ်တယ် ငါကမီးခဲ ရယ်ပါ ..

မီးစာ မကုန်ခင်အထိတော့ ..
ဖယောင်းတိုင်ကို နေမင်းထင်ခဲ့ဖူးတယ် ..
နောက်ထပ် မရူးပါရစေနဲ့ တော့ ..
သွက်သွက်ခါနေရုံနဲ့  ရောင့်ရဲနိုင်ပါပြီ ..

ဟုတ်တယ် ငါက ..
နှလုံးသားနုတဲ့ ယုန်မဲရယ်ပါ ..
ဟုတ်တယ် ငါက ..
ပြာဖုံးထားတဲ့ မီးခဲရယ်ပါ ..

ရေတွေခမ်းမကုန်ခင်အထိတော့ ..
ရေပွက်ကို ပင်လယ်ထင်ခဲ့ဖူးတယ် ..
နောက်ထပ် မလွမ်းပါရစေနဲ့ တော့ ..
အသက်ရှူတိုင်းငိုနေရရုံနဲ့  ရောင့်ရဲတတ်ပါပြီ ..
ကြင်နာသူ့ နှုတ်ခမ်းက
မာယာတွေ အသုံးကြွယ်တယ်တဲ့ ..
ဒီလူပြုံးခဲ့သမျှက ..
တံလျှပ်ပင်လယ် တစ်ခုလား ..
သစ်အုပ်သစ်တော တစ်ခုထင်ခဲ့တာ ..
သစ်ရွက်ခြောက်နဲ့ များအမှတ်မှားမိလား ..

(နောက်ထပ်)
မလွမ်းရဲတော့ပါဘူး ..
အသည်းခိုက်အောင် ငိုခဲ့ဖူးပါပြီ ..
(ဘယ်တော့မှ)
မျှော်လင့်မထားတော့ပါဘူး ..
မိုးရွာတာ ပျော်ပေမယ့်
ဒီဖားက လျှပ်စီးကြောက်တတ်သွားပြီ ..

မဖြူစင်ခဲ့ဖူးတဲ့လား ..
ဟုတ်တယ် ငါကယုန်မဲရယ်ပါ ..
မအေးမြခဲ့ဖူးတဲ့လား ..
ဟုတ်တယ် ငါကမီးခဲ ရယ်ပါ ..

မီးစာ မကုန်ခင်အထိတော့ ..
ဖယောင်းတိုင်ကို နေမင်းထင်ခဲ့ဖူးတယ် ..
နောက်ထပ် မရူးပါရစေနဲ့ တော့ ..
သွက်သွက်ခါနေရုံနဲ့  ရောင့်ရဲနိုင်ပါပြီ ..

ဟုတ်တယ် ငါက ..
နှလုံးသားနုတဲ့ ယုန်မဲရယ်ပါ ..
ဟုတ်တယ် ငါက ..
ပြာဖုံးထားတဲ့ မီးခဲရယ်ပါ ..

ရေတွေခမ်းမကုန်ခင်အထိတော့ ..
ရေပွက်ကို ပင်လယ်ထင်ခဲ့ဖူးတယ် ..
နောက်ထပ် မလွမ်းပါရစေနဲ့ တော့ ..
အသက်ရှူတိုင်းငိုနေရရုံနဲ့  ရောင့်ရဲတတ်ပါပြီ ..

No comments:

Post a Comment