မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 30 December 2012

ငါမငိုပါဘူး:'(

ငါမငိုပါဘူး
နင့်ကို လွမ်းလို့ကျခဲ့တဲ့ မျက်ရည်တွေအတွက်
သတိတရနဲ့ ရယ်မောခြင်းတွေမှာ
ငါ ပျော်ရွှင်တယ်...။

ငါမညည်းတွားပါဘူး
နီးစပ်ခွင့်မရှိသေးတဲ့ ကံကြမ္မာအတွက်
ချစ်နေခွင့်ရတဲ့ အခိုက်အတန့်လေးကို
ငါ ကျေနပ်တယ်...။

ငါစိတ်မပျက်ပါဘူး
သ၀န်တိုလို့ ရန်ဖြစ်ကြတဲ့နေ့ရက်တွေအတွက်
စိတ်ကောက်ပြေပြီး ကြည်နူးရတဲ့ဘ၀လေးကို
ငါ မြတ်နိုးတယ်..။

ငါ ဂရုမစိုက်ပါဘူး
နင့်အကြောင်းပြောတဲ့ မလိုဘေးစကားတွေအတွက်
ယုံကြည်မှု့တွေနဲ့ တည်ဆောက်ထားတဲ့ ငါတို့အချစ်တွေကို
ငါ တန်ဖိုးထားတယ်..။

ငါ မတွေးထားပါဘူး
ကံစီမံရာ အဆိုးအကောင်းတွေအတွက်..
နှစ်ကိုယ်တူ ဘ၀လေးတည်ဆောက်ဖို့
ငါ အားတင်ထားတယ်...။

ငါ မစဉ်းစားချင်ပါဘူး
ကြိုတင် သိခွင့်မရတဲ့ အနာဂတ်မျှော်လင့်ချက်တွေအတွက်..
ချစ်ခွင့်ရတဲ့ဘ၀မှာ နောင်တ မရှိတဲ့ အချစ်တွေနဲပဲ
ချစ်သူရေ..
ငါ နင့်ကို ရင်နင့်အောင် ဆက်၍ချစ်နေမယ်...။

(လွမ်းဝေ)

Thursday 27 December 2012

ဘဝမှာ အကောင်းဆုံးလက်တွဲဖော်ဆိုတာ...........

ဘဝမှာ အကောင်းဆုံးလက်တွဲဖော်ဆိုတာ
ချမ်းသာပြည့်စုံတဲ့ လူတယောက်မဟုတ်ဖူး
ရုပ်ရည်ချောမောတဲ့လူတယောက်လည်းမဟုတ်ဖူး

တကယ်တော့ ကိုယ့်ဘဝအတွက် အကောင်းဆုံးလက်တွဲဖော်ဆိုတာ ကိုယ့်ဒုက္ခတွေကို ကိုယ်နဲ့အတူ မငြီးမငြူအတူခံနိုင်တဲ့လူမျိုး ကိုယ့်အားနည်းချက်တွေကို ချစ်တတ်တဲ့လူမျိုး
ပြီးတော့ ကိုယ့်ကို တော်ရုံနဲ့
အလွယ်တကူ မစွန့်ခွာသွားနိုင်တဲ့လူမျိုး
အဲဒီလို လူမျိုးမလား???





ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
28-Dec-12,11:30Am


ချစ်သူ>>>>



အိပ်ယာစောစောဝင်ဖို့
သတိပေးတတ်သူ

မနက်
အိပ်ယာထနောက်ကျတဲ့အခါ
နူးညံ့စွာခြောက်လှန့်နှိုးတတ်သူ~~~

ဘာမှမဟုတ်ပါဘူး
ဒါပေမဲ့ ဘာမှမဟုတ်တာလေးတွေနဲ့ပဲ
သင့်ရဲ့စိတ်ကို
သူကတသက်လုံး ကြည်နူးနေစေခဲ့တာလေ

သင်ကလည်းအဲဒီလိုအပြုအမူတွေကိုပဲ စွဲလန်းနှစ်သက်နေတတ်ခဲ့တယ်

ချစ်သူတယောက်ရဲ့ချစ်တဲ့စိတ်နဲ့ကိုယ့်ကိုဂရုစိုက်တဲ့ အပြုအမူတွေဟာ အသပြာတွေနဲ့တန်ဖိုးမဖြတ်ထိုက်ပါဘူး
ပြီးတော့သင်ဝယ်ယူချင်တောင် ဝယ်ယူလို့မရနိုင်ဘူး

လူတယောက်က
သင့်ကိုချစ်မှသာရရှိနိုင်တဲ့အရာမျိုးတွေပါပဲ


ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
28-dec-12,12:40am

 မိန်းခလေးတစ်ယောက် ယောင်္ကျားလေးအတွက် ငိုကြွေးတဲ့အခါ...
ယောင်္ကျားလေးဟာ သူမဘ၀ရဲ့အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်။

ယောင်္ကျာလေးတစ်ယောက် မိန်းခလေးအတွက် ငိုကြွေးတဲ့အခါ..
မိန်းခလေးဟာ သူ့ဘ၀ရဲ့ နတ်သမီး တစ်ပါးဖြစ်လာခဲ့တယ်။
...
ချစ်သူ ငိုတာကို တန်ဖိုးထားတတ်ကြပါစေ


မင်းအလင်္ကာ

Wednesday 26 December 2012

ကတိပေးနိုင်မလား

ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ငါ့ကိုနားလည်ပေးဖို့
ဘာကြောင့်မှ ငါ့ကိုထားမသွားဖို့
ပြဿနာဖြစ်လာရင် တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းဖို
စိတ်ထဲမတင်မကျှရှိနေရင် ပွင့်ပွင့်လင်းလင်းပြောမယ်လို့
အမှားရှိခဲ့ရင် ငါတောင်းပန်ရင်လက်ခံပေးဖို့
မပြေလည်တာတွေပြေလည်အောင် အတူတိုင်ပင်ဖြတ်သန်းဖို့
ဘယ်တော့မှငါနဲ့ဆန့်ကျင်ဖက်လမ်းမလျှောက်ဖို့
ငါဘယ်လောက်စိတ်ဓာတ်မာကျောပစေ နင့်ကိုလိုအပ်တာ ထာဝရသိနေဖို့
ဆိုတဲ့ကတိ ပေးနိုင်မလား

ငါမတည်နိုင်တဲ့ကတိတွေတောင်းမိနေတာများလား ?????????

ကြယ်နီ

Tuesday 25 December 2012

"....ချစ်သူသို့ ...."
..အချစ်ရဲ့ထုထည် ပုံသဏ္ဍန်ပြု
ထုဆစ်ဖို့ တော့ ဘယ်ပညာရှင်မှ
တုပလို့  မစွမ်းဆောင်နိုင်ကြဘူး..။
..ဘယ်လောက်ချစ်သလဲ မမေးပါနဲ့ 
နှလုံးသားနဲ့ ရင်းတဲ့ ချစ်ခြင်း
ကန့် သတ်ခြင်း မပြုအပ်တာကြောင့်..။
..ဘာကြောင့်ချစ်သလဲ မမေးပါနဲ့ 
သံယောဇဉ်ကို အရင်းတည်
မေတ္တာတွေ အပ်နှင်းပြီး
ချစ်တာတွေ ဓာတ်ခင်းပြဖို့ ..ဥပမာတွေ ခက်လွန်းလို့ ..။
"ရယူလိုခြင်း"သက်သက်နဲ့  ချစ်ခဲ့တာ မဟုတ်သလို..
"ပေးဆပ်ခြင်း" သက်သက်နဲ့ လဲချစ်ခဲ့တာ မဟုတ်ပါ..။
မြတ်နိုးမှု ၊ နားလည်မှု ၊ ခွင်လွှတ်မှုတွေ နဲ့ 
အချိုးကျပေါင်းစပ်ထားတဲ့ အချစ်နဲ့ သာ..
တန်ဖိုးထားစွာ ချစ်ခဲ့တာပါ..။
..ချစ်ခြင်းရဲ့နှောင်ဖွဲ့ ခံရသူ အဖြစ်
ဒီနေ့ ကစ နောင်လာမဲ့ နာရီ ၊ မီးနစ် ၊ စက္ကန့် တိုင်းမှာ
"မောင့်"ကို ချစ်တဲ့ အချစ်တွေ နဲ့ ပဲ...
ထာဝရရှင်သန် နေထိုင်သွားတော့မယ် ချစ်သူ"မောင်"ရယ်...။
အတာဦး

Thursday 20 December 2012

ချစ်သူဘ၀မှာ
လွယ်မလိုနဲ့အခက်အခဲဆုံးအရာက နားလည်မှုကို
ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်နိုင်ဖို့ပါပဲ 
ဘယ်လောက်ပဲချစ်တယ်ပြောပြော~~
နားလည်မှုမရှိတဲ့ အချစ်က အနာရှိတဲ့ကျောက်လိုပဲ
ဘယ်လောက်ပဲလှလှ တန်ဖိုးလျှော့စေတယ်~~~~
ပန်းရတု

တခါတလေတော့ လူတွေ ကြောင့်ပျော်ခြင်းမပျော်ခြင်းထက

လူတွေကို ပျော်ဖို့ မပျော်ဖို့ စွမ်းဆောင်နိုင်တဲ့သူ
ဖြစ်ဖို့ပိုအရေးကြီးတယ်

တခါတလေးတော့ ကိုယ်ပျော်တယ်ဆိုတာထက်
သူများပျော်နေတာလေးကို ကြည့်ပြီ
ပျော်ရွှင်နေရတာလဲ ကြည်နူးမှုလေးတစ်ခုပါဘဲ

တခါတလေ ရင်ထဲက ဘယ်လောက်ဘဲ ငိုချင်နေပါစေ
အပြုံးနဲ့ နှုတ်ဆက်တာက အကောင်းဆုံး နှုတ်ဆက်ချင်မျိုးပါ

တခါတလေ လူတွေသိအောင် ငိုတာထက်
လူတွေမသိအောင် တိတ်တိတ်လေး ငိုတာက
ပိုတန်ဖိုးရှိပါတယ်


✿✿✿Poem✿✿✿

Tuesday 18 December 2012

ချစ်သူ
မင်းသိပါ့မလား

ကြင်နာမှုထက်ပိုတဲ့

စာနာမှုတွေ

ချစ်ခြင်းထက်ခိုင်မြဲတဲ့

မေတ္တာတရားတွေ

တွယ်တာခြင်းထက်ပိုတဲ့

မြတ်နိုးခြင်းတွေ

နားလည်မှုထက်ပိုတဲ့

အလိုက်သိမှုတွေ

တန်ဖိုးတစ်ခုထက်ပိုတဲ့

လေးစားမှုတွေနဲ့

သခင့်အပါး

ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး အထီးကျန်
အခန်းကျည်းလေးထဲမှာ
ကိုယ့်တစ်ယောက်တည်း
နေပေးပါ့မယ်
ဘဝရဲ့နောက်ဆုံးထွတ်သက်ထိပေါ့


                          ........................အသည်းလေး

မတွေ့ရတဲ့နေ့တွေ များလာလို့ထင်ပါရဲ့
အလွမ်းတွေက ငါ့မာနကို
အနိုင်ယူသွားတာကြာပြီ...။

နင့်အတွက် မဟုတ်ဖုးလို့
ကြွေးကြော်ထားတဲ့ မျက်ရည်တွေတောင်
အခုထိ မစဲနိုင်သေးဘူး..။

ယုံကြည်လွန်းတဲ့ ငါ့အတွက်
အချစ်က ပေးတဲ့ သင်ခန်းစာဆိုရင်
အသည်းကွဲခြင်းဆိုတာ ငါမယူပါရစေနဲ့...
ငါနင့်ကို လိုအပ်နေတုန်းပဲလေ...။

တကယ်ပါဟာ
ငါက နင့်ကိုဗဟိုပြုပြီး
တစ်လောကလုံးကို တည်ဆောက်ထားခဲ့တာ...

နင်သာထွက်သွားမယ်ဆိုရင်...
ငါ့အတွက် မနက်ဖြန်ဆိုတာ
နေကြတ်တဲ့နေ့ ဖြစ်လိမ့်မယ်
ငါ့ကမ္ဘာကြီး အမှောင်ကျလို့...။

credit: (လွမ်းဝေ)

ချစ်သူနှစ်ဦးအတွက် အချစ် ဆိုတာ
သစ်ပင်လေး တစ်ပင်လိုပါပဲ

အဓိက အမြစ်ဟာ ယုံကြည်မှုပါ...။

အဲ့ဒီသစ်ပင်လေး ရှင်သန်ကြီးထွားဖို့ 
လိုအပ်တဲ့ ရေဆိုတာတော့ သစ္စာတရားပါပဲ...။



ချစ်ခင်လေးစားစွာဖြင့်
(စာပေချစ်သူ)

Sunday 16 December 2012

ဟားးးးးးးဟားးးးးဟားးးးးးးးးးးး
ဟိ.........ဟိ...........ဟိ.........
ခစ်........ခစ်............ခစ်.........
ဟဲ............ ဟဲ..........ဟဲ.........
ဟွင်းးးးးးးးဟွင်းးးးးးးးးးဟွင်းးးးးးးးးးးး

ချစ်သူရေ ........
သူများတွေကာလာစုံနဲ့
ရီပြုံးနေကြတဲ့ ခုလိုချိန်မှာ
ငါဘယ်လိုမျက်နှာထားမျိုးနဲ့ နေနိုင်မှာလဲဟာ
တစ်ချက်လောက်လေး ပြန်ငဲ့ကြည့်ကြည့်
တစ်ချိန်က ငါသုံးနေကြ မချိပြုံးလေး
``အဟင်း´´ ဆိုတာတောင်
ခုလိုအချိန် ငါမသုံးနိုင်အောင်
နင့်အမုန်းနဲ့
ငါနုံးနေပြီဟာ.......

ခုချိန်မှာ ငါ့ရင်ထဲ
ပဲ့တင်နေတာက
ငါ နင့်ကိုအသက်ထက်မကချစ်တယ်
ငါ နင့်ကိုရူးလောက်အောင်လွမ်းနေတယ် ချစ်သူရယ်
သီရိမေ

တစ်ခါမှ မတွေးခဲ့မိတာက
အချစ်က အရာရာကို ပြောင်းလဲပေးနိုင်တယ်ဆိုတာပဲ

တစ်ခါက ငါအကြိုက်ဆုံးဆိုတဲ့ အစားအစာတွေတောင်
နင်မကြိုက်ဘူးဆိုတဲ့အတွေးနဲ့
ငါ လှည့်မကြည့်တတ်တော့်ဘူး

တစ်ခါက ငါမုန်းပါတယ်ဆိုတဲ့
အရာတွေလည်း နင့်သဘောကျ
ငါနှစ်သက်တတ်နေပြီ

ချစ်သူရေ ငါတွေးဖူးတာက
ငါ့ကိုယ်ငါ ဖယောင်းမဟုတ်ဘူးဆိုပြီး မာကြောခဲ့တာလေ
ခုတော့် ငါက ဖယောင်းလူသား လုံးဝဖြစ်နေပြီ

အရာရာ နင့်စိတ်တိုင်းကျ
အရာရာ နင့်အလိုကျ
အရာရာ နင်ဖြစ်ချင်သမျှ
ငါဖြည့်ဆည်းပေးချင်တယ်ဆိုတာပဲ ရှိတော့်တယ်
ချစ်သူရယ်
ဘယ်သူတွေဘယ်လိုပြောင်ပြောင်း
ငါခေါင်းမရွှေ့ပဲ
နင့်ကိုပဲချစ်နေမယ်နော်
သီရိမေ

အတွေးတစ်ခု.........
အဲ့ဒီအတွေးနဲ့ပဲ
ငါနာကျင်နေရတယ်

အတွေးတစ်ခု.........
အဲ့ဒီအတွေးနဲ့ပဲ
ငါခံစားနေရတယ်

အတွေးတစ်ခု........
အဲ့ဒီအတွေးနဲ့ပဲ
ငါရူးနေခဲ့မိတယ်

အတွေးတစ်ခု........
အဲ့ဒီအတွေးနဲ့ပဲ
ငါကျရှုံးနေရတယ် ။           ။ :'(
သီရိမေ

ချစ်သူရေ......

တို့တွေ ဘ၀ကို အတူမလျှောက်လှမ်းခင်ကတည်းက

အမြင်လေးတွေ အသိလေးတွေ တူတူဖလှယ်နေမှ ဖြစ်မှာနော်

ဒါမှ တို့လက်တွဲ ခိုင်ခိုင်မြဲနိုင်မှာ

လူတိုင်းမှာတော့် 

ကိုယ့်ဘက်ကကြည့်ရင် လက်ဖ၀ါး

သူ့ဘက်ကကြည့်ရင် လက်ဖမိုးတော့် 

မြင်တတ်ကြမှာပဲလေ

ဒါတွေ တို့နှစ်ယောက် ဖလှယ်ပြီး 

နားလည်ပေးနိုင်ရင် တို့လက်တွဲ ခိုင်ခိုင်မြဲမှာပေါ့........

သီရိမေ

မခွဲကြေး

ချစ်သူရေ.......
ခုချိန်တွေမျာ.....
မင်းနဲ့ငါဝေးနေရတာတွေဟာ
တစ်နေ့မှာနီးဆို့ပဲမဟုတ်လား
ငါအားတင်းထားတယ်......
မင်းကိုသိပ်လွမ်းလို့
ခံစားချက်တွေပွင့်ဟ
မျက်ရည်တွေကျမိတိုင်းမှာ...
မျက်ရည်တွေအသာသုတ်
ဒို့အတူဆုံကြမယ့် နေ့လေးကိုမှန်းဆ
ပျော်စရာလေးတွေဖွေရှာ
ဒီလိုပဲငါဖြေသိမ့်ခဲ့ရပေါ့
ငါယုံကြည်စွာစောင့်နေမယ်
တစ်နေ့ခိုင်ခိုင်မြဲမြဲလက်တွဲခဲ့ကြရင်
ဘယ်တော့်မှ မခွဲကြေး နော်။

ချစ်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ..........
အမုန်းတွေမရှိရဘူး

ချစ်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ.............
အညိုးတေးတွေမရှိရဘူး

ချစ်တဲ့သူတိုင်းရဲ့ ရင်ထဲမှာ.............
မယုံကြည်မှုတွေမရှိရဘူး

တစ်ကယ်တော့် ချစ်တဲ့သူတိုင်းမှာ
အများကြီးမလိုပါဘူး
ချစ်ခြင်းနဲ့ ယုံကြည်နားလည်ပေးခြင်းတွေပဲလိုတာပါ။          ။

သီရိမေ

Saturday 15 December 2012

နာကျင်စရာအတိတ်ဘယ်လောက်ရှိရှိ
ရင်ခုန်စရာအတိတ်ဟာ အတိတ်ပဲမလား

နှလုံးသားက တကန့်စီ ကန့်ထားခဲ့ပါသည်
မျက်ရည်ကသက်သက် ၊ အပြုံးကသက်သက်


သူနှင့်ပတ်သက်၍ ငိုခဲ့ဘူးသည်
သူနှင့်ပတ်သက်၍ ပျော်ခဲ့ဘူးသည်
အချစ်ဆိုတာကိုက မျက်ရည်တွေ ၊ အပြုံးတွေနှင့်ပေါင်းစပ်ထားတဲ့
ခံစားချက်ကဗျာတပုဒ်ပဲလေ ..

မျက်ရည်ကျမဲ့အပိုဒ်ကို ရွေးဖတ်မိတဲ့အခါမျိုးဆိုရင်တော့
ကျနော်တို့တွေ ငိုရမှာပါပဲ ။ ။
kaunglay FB

Thursday 13 December 2012

"မောင့် ရဲ့ မေ"


မေ့ အတွေးတွေကို
မောင် အမြဲ လွမ်းမိုးထားနိုင်တာ
ဘာကြောင့်မှန်း မေ မသိပေမယ့်
မောင့်ကိုမေ သိပ်ချစ်တယ်ဆိုတာ သိတယ်...။

မောင့်နားမှာ ရှိနေတဲ့ အချိန်တိုင်း
နွေးထွေးမှု ကို ခံစားရတယ်...။

မေတို့ နှစ်ယောက် လူချင်းနီးနေသလို
ရင်ခုန်သံတွေ မဝေးကွာကြဘူး...။

မောင့် သဘောအတိုင်းပါ မောင်ရယ်...
မေ့ ရင်ခုန်သံတိုင်းဟာ မောင်ဖြစ်သလို
မောင့် ရင်ခုန်သံတိုင်ဟာ မေဆိုတာ ယုံကြည်ပါတယ်...။

မေ စောင့်နိုင်ပါတယ်၊
မောင်နဲ့ ရင်ခုန်သံတွေ တရားဝင် ကြေညာခွင့်ရမယ့်နေ့ ကိုပေါ့...။

မေ စောင့်နိုင်ပါတယ်၊
မောင့် လက်ကိုတွဲလို့ ဘဝခရီး တစ်ခုကိုလျှောက်လှမ်းဖို့ အတွက်ကိုပေါ့...။

Friday 7 December 2012

ငါပျော်ရွှင်မိတဲ့ အချိန်မှာပထမဆုံး
သတိရ မိတာ...မင်းပါ...
နင်အလုပ်တွေဘယ်လောက်ပဲရူပ်ရူပ်
ငါ့အတွက်အိပ်ပျက်ခံပြီး ဂရုစိုက်မှုတွေ
ပေးခဲ့တာတွေကိုယ်လဲ ငါ့တသက်
ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး..ချစ်သူ
နင်နဲ့ ပတ်သက်တဲ့အမှတ်တရအားလုံးကိုယ် သတိရရင်း
နင့်ရဲ့မျက်ဝန်းအဓိပ္ပါယ်ကိုယ် ငါနားလည်လို့အဝေးကနေပဲ
ဂရုစိုက်ရင်း တိတ်တိတ်လေး သတိရနေခဲ့တာပါ ချစ်သူ
ချစ်သူ...နားလည်နိုင်ပါစေ...

❥ နင့်ကြောင့် ငါဝမ်းနည်းရရင် ငါ့ဟာငါပဲ ကြိတ်ငိုလိုက်မယ် ... နင့်ကိုတော့ လုံးဝအပြစ်မမြင်ဘူး
အဲ့ဒါ နင့်ကို ငါအရမ်း ချစ်လို့!!

❥ နင့်ကြောင့် ငါဒေါသထွက်ရင် ငါ့ဟာငါပဲ ပေါက်ကွဲလိုက်မယ် ... နင့်ကိုတော့ လုံးဝ စိတ်မရှုပ်စေရဘူး
အဲ့ဒါ နင့်ကို ငါအရမ်းချစ်လို့!!

❥ နင့်ပြောင်းလဲမှုတွေကြောင့် ငါခံစားလာရတဲ့တစ်နေ့ ... ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်မယ်
အဲ့ဒါ ငါအသုံးမကျလို့!!

H.T

ချစ်သူ နင်ငါ့အပေါ်ဘယ်လိုသဘောထားလဲတော့မသိဘူး
ငါကတော့နင်ကို အရမ်းတန်းဖိုထားတယ် ချစ်သူ

ချစ်သူ နင်ငါ့အပေါ်ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်လဲတော့မသိဘူး
ငါကတော့ နင်ကို အရမ်းအထင်ကြီးတတ်တဲ့ မျက်လုံးမျိုးနဲ့
အမြဲလေးစားနေမိတယ်

ချစ်သူ နင်ငါ့အပေါ် ဘယ်လို မြင်လဲတော့မသိဘူး
ငါကတော့ ငါတခုခုစိတ်ညစ်တိုင်း စိတ်မကောင်းစရာဖြစ်တိုင်း
နင်ဆုံးမတတ်တဲ့ စကားတွေကို ငါနာခံနေတတ်တယ်လေ
H.T

Thursday 6 December 2012


အချစ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ...လောကကြီးကလှနေတယ်...

အပေးအယူမျှတတဲ့ အချစ်နှစ်ခုဟာ သဘာဝအတိုင်းလှနေတတ်တယ်..

ငှက်ကလေးတွေက...ပျံသန်းလို့...ပျော်မြူးနေကြတယ်

ကောင်းကင်တစ်ခွင်မှာ သာယာနေတယ်....

အဲ့ဒါ..အချစ်ရဲ့ စွမ်းအားပဲ.......။

အချစ်ကို ကြည်နူးနေကြချိန်မှာ...အချစ်ကလည်း လှတယ်...

အချစ်ကြောင့် အရာရာဟာ သက်ဝင်လှပလို့နေတယ်...

အဲ့ဒါ..အချစ်ရဲ့ စွမ်းအားပဲ.....။

Monday 3 December 2012

တချို့လူတွေက ပြောကြတယ် ။
"အနေဝေးရင် သွေးအေးတယ်"တဲ့ !!
ဟင့်အင်း !!
မယုံပါနဲ့ ချစ်သူ ♥
နင်နဲ့ငါ အနေတွေဝေးနေလည်း သွေးမအေးစေမယ့် အရာတွေအများကြီးရှိပါတယ် ။

_ ငါတို့တွေ ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ဖုန်းလေးတော့ တနေ့တကြိမ်ဆက်ပေးကြေး !! ဖုန်းမဆက်နိုင်ရင်တောင် အနည်းဆုံးတော့ message တစ်စောင်တော့ ပို့ပေးကြေးလေ !!

_ ငါတို့တွေ သူများစုံတွဲတွေလို ပန်းခြံအတူသွား တီတီတာတာစကားတွေပြော ရုပ်ရှင်အတူမကြည့်နိုင်ပေမယ့် ငါတို့အတွက် ဖုန်း တို့ Gtalk တို့ရှိတယ်မဟုတ်လား !!

အဲဒီမှာ ငါတို့ရဲ့တနေ့တာ ဖြစ်ပျက်ခဲ့သမျှတွေကို အပြန်အလှန်ပြောပြပြီး တယောက်နဲ့တယောက်ဖေးမ အားပေး ပေးနိုင်တယ်လေ !!

_ ငါတို့တွေဝေးနေတော့ ကြားထဲမှာ သွေးခွဲစကားတွေ ဘေးစကားတွေရှိလာမှာပဲလေ !!
အဓိကက နင် ငါ့ကို ယုံကြည်ပေးနေဖို့ပါပဲ့ !!

- တခါတလေ နင် ငါ့ကို နားမလည်ပေးနိုင်တဲ့အချိန်လည်းရှိမှာပဲ .. ဒါပေမယ့် အချိန်တန်ရင်တော့ ငါ့ဘက်ကို စာနာကြည့်ပေးပေါ့ !!

_ "သဝန်တိုမှု" ဆိုတာ ချစ်သူတွေကြားမှာ ရှိတယ်ဆိုတာ ဖြစ်သင့်ပါတယ် ။ ဒါပေမယ့် တရားလွန်ကြီးတော့ သဝန်မတိုကြေးပေါ့ဟာ !! ဘာကြောင့်လဲဆိုတော့ ငါက နင့်ကို စိတ်ပျက်အောင်လုပ်မယ့် လူစားမျိုးမှ မဟုတ်တာ !!

-ငါပြောတာတွေကို နင်လက်ခံရင် ..
ငါတို့နှစ်ယောက် ဝေးနေပေမယ့် ဘယ်တော့မှကွဲကွာမှာ မဟုတ်တော့ဘူးလေ !!

♥ဘာ့ကြောင့်လဲဆိုတော့ ငါနင့်ကို နှုတ်ဆက်စကားပြောတဲ့နေ့ဟာ ငါသေဆုံးမယ့်နေ့ ဖြစ်နေလို့ပါ ... ချစ်သူရယ်........

♥ ငါ့ဘက်က "နင့်ကိုချစ်တယ်" လို့ပြောတိုင်း ...

ငါအမှန်အတိုင်းပြောနေတယ်ဆိုပြီး အမြဲယုံကြည်ပေးပါ ။

♥ ငါ့ဘက်က "နင့်အနားမှာ အမြဲရှိမယ်" လို့ပြောတိုင်း ...
ငါနင့်အနားကနေ ထွက်ခွာမသွားဘူး ဆိုပြီး နင့်စိတ်ထဲက အလိုလို သိနေပေးပါ ။


♥ ငါ့ဘက်က "နင့်ကိုနှုတ်ဆက်ခဲ့ပါတယ်"လို့ ပြောတဲ့အချိန်ကျရင်လည်း ...
နင်မငို ပါဘူး လို့ ငါ့ကိုကတိပေးပါ။

♥ဘာ့ကြောင့်လဲဆိုတော့ ငါနင့်ကို နှုတ်ဆက်စကားပြောတဲ့နေ့ဟာ ငါသေဆုံးမယ့်နေ့ ဖြစ်နေလို့ပါ ...
ချစ်သူရယ်........