မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 17 February 2013

အ သံ ပွင့် တွေ........ ကြွေ


အ သံ ပွင့် တွေ........ ကြွေ

Google ပေါ်မှာ အချစ် ကို ရေးပြီး
Enter ခေါက်ချလိုက်တော့
ဝေးကွာခြင်း တွေ တဘ၀စာ ကျလာတယ်

ရှင် သန် ခြင်း ရပ် ၀န်း ဟာ
ဘိုး တံ ပျောက် သွား တဲ့ တ ယော တလက် လို
အ ချို ဓါတ် ကုန် နေ တဲ့ ပန်း သီး တလုံး လို
ကွန် န ရှင် မမိ တဲ့ ဖုန်းလေး တလုံး လို
ရ နံ့ ပြယ် နေတဲ့ ပန်း ပွင့် ခြောက် လေးတွေလို

ဝေး ဝေး က ဖြည်း ညင် စွာ မော ဟိုက် လာ တဲ့ အ သံ လေး
ပင် ပန်း ယိုင် နှဲ့ နေ တဲ့ အသံ လေး
ပြုံး ယဲ့ ယဲ့ လေး အား တင်း မြို သိပ် ထား ရ တဲ့ အသံလေး
လော က မှာ တခါ တလေ ကျတော့လည်း
ကိုယ်ဘာမှမတတ် နိုင်တဲ့အရာကိုကြည့် နေရတာ ရင်နာဖို့ ကောင်းတယ်

ကျန်းမာရေးကို ဂရုစိုက်
အား ပေး မယ့် လက် တွေ ကွယ် နေ ခိုက် မှာ
အ မှတ် တရ တွေ နဲ့ ပဲ ဖြေ သိမ့် ထား လိုက် ပါ ဦး

ထင် ထား သလို ဘ၀ က ကဗျာမဆန်ဘူးကွယ်
ယုံကြည်ရာ ကို ရွှက်ကုန်လွှင့်
နယ် ပယ် သစ် တွေမှာ ရင်အ ဟောင်း နဲ့ အ ဆင် မပြေ တာ ပါ

အ သံ ပွင့် တွေ အကြွေ ကို
အ ငမ်း မရ လိုက် ကောက် မိ တဲ့ ကလေး
စောင့် ထိန်း ခြင်း ဆီ မှာ ဘ၀ ကို စတေး ထား လိုက်တယ်

Google ပေါ်မှာ ဝေးကွာခြင်း ကို ရေးပြီး
Enter ခေါက်ချလိုက်တော့
အချစ် က တဘ၀စာ ကျလာတယ် ။ ။

အောင်ပြည့်မွန်ရဲ့ကဗျာအိမ်လေး's

No comments:

Post a Comment