မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 4 February 2013

Photo: သူမက အရမ်းဖြူစင်လွန်းတဲ့
စာရွက်လေး တရွက်ဆိုရင်..
ကျနော်က ခဲဖျက်လေးတခုဖြစ်ချင်ပါတယ်..
သူမအပေါ် ဘယ်လို အစွန်းအထင်းတွေ
ဘယ်လောက် အမှားတွေပဲ ကျရောက်နေပါစေ..
ဖြူစင်လွန်းတဲ့ သူမဘ၀ကို ဘာအရောင်မှ မစွန်းစေချင်လို့ပါ...။

တကယ်လို့..
သူမက ခဲတံလေးတချောင်းဆိုရင်
ကျနော်က စာရွက်လေး တရွက်ဖြစ်ချင်ပါတယ်..
သူမရဲ့ ရင်ဖွင့်စကားသံတွေကို ရေးချချင်လို့ပဲဖြစ်ဖြစ်
စိတ်ညစ်နေတဲ့အခါ ဟိုခြစ် ဒီခြစ်လုပ်ချင်လို့ပဲဖြစ်ဖြစ်
ကျနော် အပြုံးမပျက် သူမရဲ့တီးတိုးပေါက်ကွဲသံတွေနဲ့
ကြည်နူးချင်လို့ပါ..

ကောင်မလေးရေ..
ငါနင့်ကို သိပ်ချစ်ပါတယ်..
ဒီအတွက်
ငါက နင့်အပေါ်ပေးဆပ်ပြီးချစ်ခဲ့တာ မဟုတ်ဖူးနော်..
ရယူခြင်းမဟုတ်တဲ့ အချစ်တွေနဲ့ပဲ
တနေ့ထက်တနေ့ ရိုးရိုးလေးနဲ့ခိုးခိုးချစ်လာခဲ့တာ...

(လွမ်းဝေ)သူမက အရမ်းဖြူစင်လွန်းတဲ့

(လွမ်းဝေ)

No comments:

Post a Comment