ချစ်သူ ၂ယောက် အိမ်ပြန်ချိန်ကြရင် ....
 တာ့တာ ဆိုပြီး လက်လေးဝှေ့ ယမ်းပြီး ပြကြတယ်....
 ဒါပင်မယ့် နှလုံးသားလေး ကတော့ သူ့ ဆီမှာ ခိုကပ်နေမိတုန်းဘဲ။
 
 ချစ်သူ ၂ယောက် အိမ်ပြန်ချိန်ကြရင်....
 ဂရုစိုက်ပြန်နော် ဆိုပြီး တတွတ်တွတ် မှာတတ်ကြတယ်...
 ဒါပင်မယ့် စိတ်ပူမှု ကတော့ သူ့ ဆီကနေ ရုန်းမထွက်နိုင်ဘူး။
 
 ချစ်သူ ၂ယောက် နိုင်ငံရပ်ခြားခွဲဖို့ အချိန်ကြရင်....
 သူ ဝမ်းနည်းမှာ ဆိုလို့  ပျော်စရာတွေကြီးဘဲ ရွေးပြောတတ်ကြတယ်။
 ဒါပင်မယ့် မခွဲသွားပါနဲ့ ဆိုပြီး မျက်ရည်နဲ့ အော်သံကတော့ ရင်ထဲမှာအပြည့်ပါဘဲ ချစ်သူရယ် ~~~
 
 ( ဇင် နှင်း )

No comments:
Post a Comment