မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 31 August 2012

တစ်နေ့ ထက်တစ်နေ့ 
ပိုချစ်နိုင်အောင်ငါကြိုစားနေတယ်...

တစ်နေ့ ထက်တစ်နေ့ 
ပိုနားလည်နိုင်အောင်ငါကြိုးစားနေတယ်...

တစ်နေ့ ထက်တစ်နေ့ 
ပိုယုံကြည်မှုပေးနိုင်အောင်ငါကြိုးစားနေတယ်...

တစ်နေ့ ထက်တစ်နေ့ 

ပိုဂရုစိုက်နိုင်အောင်ငါကြိုးစားနေတယ်...

ငါကြိုးစားနေတဲ့တစ်နေ့ နေ့ များ
တစ်ကယ်သာဖြစ်လာခွင့်ရှိခဲ့မယ်ဆု
''တစ်လထက်တစ်လ''
''တစ်နှစ်ထက်တစ်နှစ်''
''တစ်ဘ၀ထက်နောက်တစ်ဘ၀''တိုင်အောင်
ငါနင့် နားရှိနေမှာပါ....

နင်
ဘာအတွေးတွေနဲ့ အိပ်ယာဝင်ပြီး
ဘာအတွေးတွေနဲ့ အိပ်ယာကနိုးထလာတာလဲဆိုတာ
ငါမသိပေမဲ့...
နင်နဲ့ စပတ်သက်ပြီးသော
တစ်ရက်
နှစ်ရက်
အချိန်မှာကတည်းကငါကနင့်အကြောင်းတွေနဲ့ 
အိပ်ယာဝင်ပြီးနင့်အကြောင်းတွေနဲ့ ပဲအိပ်ယာကနေနိုးထလာခဲ့ရတာပါ
ချစ်သူ....

လွမ်းတယ် ချစ်သူရယ်

ကြွေလွင့်ခဲ့တဲ့ ပန်းလေးရဲ့

ပွင့်ဖတ်လေးတွေသာ

မင်းရှိရာကို ရောက်နိုင်ခဲ့မယ်ဆိုရင်

ငါ့အလွမ်းတွေကို

ပွင့်ဖတ်လေးတွေက

သက်သေ လုပ်ပေးနိုင်မှာပါ

Thursday 30 August 2012

ဒီတိုင်းလေးပဲ လိုလားတာပါ...........

ချစ်သူရယ်
ချစ်လားလို့ မမေးပါနဲ့......
ချစ်တယ်......လို့ပြန်ဖြေလိုက်ရင်
တကယ်လား...........ဆိုတဲ့မေးခွန်းကို
ကိုယ်မခံစားနိုင်လို့ပါ.....
ထာဝရထက်
မင်းကိုတစ်ရက်ပိုချစ်တယ်......
ဘယ်အချိန်ပဲ ဖြစ်ဖြစ်
မင်းကို ငါ လွမ်းတယ်..........
ဒါဟာ ငါ့အဖြေပဲ..........

အချစ်ကြောင့်.........

ပျော်ရွှင်မှုတွေခံစားနိုင်သလို

အချစ်ကြောင့်.......

ဝမ်းနည်းမှုတွေခံစားနိုင်ပါတယ်။

အချစ်ကြောင့်........

လေးစားမှုတွေတိုးတက်စေနိုင်သလို

အချစ်ကြောင့်........

လေးစားမှုတွေဆုတ်လျော့စေပါတယ်။

အချစ်ကြောင့်........

လွမ်းဆွေးမှုတွေ ခံစားစေနိုင်သလို

အချစ်ကြောင့်........

စိတ်ဝယ်အေးချမ်းမှုတွေခံစားစေနိုင်ပါတယ်။

အချစ်ကြောင့်...........

အရာရာဟာလှပစေနိုင်သလို 

အချစ်ကြောင့်ပဲ............

အရာရာဟာပျက်စီးစေနိုင်ပါတယ်။

အချစ်ကြောင့်...............

အချစ်ကြောင့်................

အချစ်ကြောင့်................

ဒီလိုဖော်ကျူးမကုန်နိုင်တဲ့ချစ်ခြင်းတွေထဲမှာ

ငါဟာ မင်းအတွက် ကောင်းသောခံစားစေမှုတွေကိုသာ

ပေးစွမ်းချင်တဲ့သူတစ်ယောက်ဖြစ်ချင်တာကတော့

ငါများလွန်လေမလားချစ်တဲ့သူ။.............။????

created by chitsuelay

ချစ်တဲ့သူအချင်းချင်း

ရာဘာကွင်းလေးကို ပမာယူပြီး

သူတင်းတဲ့အချိန် ကိုယ်ကလျှော့လို့

ကိုယ်တင်းတဲ့အချိန်သူလျှော့နေသရွေ့တော့

တို့နှစ်ယောက်မှာ ရာဘာကွင်းလေးလို

မပြတ်တောက်သွားပါဘူးချစ်တဲ့သူ

တစ်ခုတော့ရှိတာပေါ့နော်

သဘာဝပတ်ဝန်းကျင်ရဲ့

အငွေ့အသက်လေးတွေပါလာရင်တော့.........

အချိန်မတန်ပဲ

ဆွေးမြေ့သွားနိုင်တယ်နော်

created by chitsuelay

Monday 27 August 2012


စိတ်ချပါချစ်သူ မင်းလေးကလွဲရင်..

ဒီရင်ခွင်မှာ..ဘယ်သူကိုမှခိုဝင်ခွင့်...မပေးဘူးဆိုတာ...

စိတ်ချပါချစ်သူ မင်းလေးကလွဲရင်...

ငါ့ရင်ခွင်တံခါးလေး..သော့ခတ်ထားတယ်ဆိုတာ...

စိတ်ချပါချစ်သူ မင်းလေးကလွဲရင်...

ငါ့အတွေးလေးထဲကိုတောင်...ဖြတ်သန်းခွင့်...တားမြစ်ပိတ်ပင်ထားတယ်ဆိုတာ

စိတ်ချပါချစ်သူ မင်းလေးကလွဲရင်...

ငါ့ဘ၀တစ်ခုလုံး...ပုံအပ်..ပေးဆပ်ရမယ့်သူမရှိဘူးဆိုတာ...။

စိတ်ချပါချစ်သူ မင်းလေး ကလွဲရင်

ငါမှာ မြတ်နိုးတန်းဖိုးထားရမယ် သူမ၇ှိဘူးဆိုတာ

စိတ်ချပါချစ်သူ မင်းလေး ကလွဲရင်

ငါမှာလွမ်းဆွတ်သတိရ စရာမရှိဘူးဆိုတာ

စိတ်ချပါချစ်သူ မင်းလေး ကလွဲရင်

ငါမှာ သီချင်းတွေကဗျာတွေ သီဆိုပြဖို့မရှိဘူးဆိုတာ

စိတ်ချပါချစ်သူ ချစ်သူ

ငါနှလုံးသား က မင်း ကလွဲရင် ဘယ် သူကိုမှ လက်မခံဘူးဆိုတာ ....။


မိုင်တွေခြားနေတဲ့နင့်နဲ့ငါ...........
ငါချစ်တဲ့နင့်ဟာ
ငါမသိငါမမြင်နိုင်တဲ့
ငါနဲ့အဝေးကြီးဝေးနေတဲ့
တခြားမြို့မှာနေတာလေ .........
ငါသံသယမထားချင်ပါဘူး
သံသယဆိုတာ ထားမိသူရင်ကို
သံဂျီးတက်နေတဲ့သံချွန်ဆူးသလို့မျိုးလေ
အခန့်မသင့်ရင်အသက်ပါ
ရန်ရှာနိုင်တယ်ဆိုတာ ငါသိပါတယ် ....

တစ်ခါတလေတော့လည်
စိုးရိမ်စိတ်တွေနဲ့ငါ တွေးပူမိတယ်
ငါမရှိတဲ့တခြားမြို့မှာ
ငါကို မြန်းမေ့လို့နေလား......?
ငါမသိငါမမြင်နိုင်ဘူးဆိုပြီး
.......................
....................................
အဲဒီလို အတွေးတွေနဲ့
ငါမှာအိပ်ရေးပျက်ပေါင်းလည်များလှပြီ
တကယ်ပါ ချစ်သူ....
ငါသံသယမထားချင်ပါဘူး
စိုးရိမ်စိတ်တွေနဲ့တွေးပူမိတယ်ဆိုတာကလည်
ငါချစ်တဲ့နင့်ကိုမယုံကြည်လို့
မဟုတ်ပါဘူး
ငါနင့်ကို အကြွမ်းမဲ့ယုံကြည့်ပါတယ်
ဒါပေမယ့် ချစ်သူရယ်.........
အချစ်ရေးမှာ အလွမ်းဆွေးတွေပဲများနေရတဲ့
ငါ ..
ကံကြမ္မာ ကို မယုံရဲဘူး......................
H.T

Sunday 26 August 2012

 ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
တခါတလေ အရမ်းသ၀န်တိုမိသလို
တခါတလေလည်း အရမ်းနားလည်ပေးနေမိတယ် ...

ဘာရယ်ကြောင့်မှန်း မသိပါဘူး...
တခါတလေ သူ့ပုခုံးပေါ်မှီပြီး အားကိုးချင်သလို
တခါတလေလည်း သူ့လက်ကိုဆွဲပြီး အခက်အခဲတွေကို ကူညီဖြေရှင်းပေးချင်မိတယ် ...

ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
တခါတလေ သူပြောသမျှကို အမိန့်တခုလို နာခံမိနေသလို

တခါတလေလည်း ကိုယ်ပြောတဲ့စကားလေးကို ဂရုစိုက်စေချင်မိတယ် ...

ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
တခါတလေ သူနဲ့နီးစပ်ချင်လို့ သူ့နားအရောက်သွားချင်မိတယ်.....

ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
သူ့ကို သူ့ကို အရမ်း အရမ်း ချစ်တယ်

 အဝေးရောက်ချစ်သူ (သို့) အွန်လိုင်းချစ်သူ

စိတ်ကူးနဲ့ရူးတယ်လို့ပဲဆိုဆို
အတွေးလေဟာနယ်ထဲ ရွက်လွှင့်နေတယ်ပဲပြောပြော
အနေဝေးနေတဲ့ ချစ်သူတွေအတွက်တော့
ချစ်ခြင်းတရားကို
စိတ်ကူးနဲ့ရင်ခုန် အတွေးနဲ့ခံစား
ချစ်ရသူရဲ့အပြုံးကို ပုံဖော်ကြည့်ရုံနဲ့တင်
ကြည်နူးပျော်ရွှင်ကျေနပ် နေရတာမို့
ချစ်ရသူရေ

အီးမေးလ်တွေ အချိန်မှန်ပို့ရင်း
ချက်ခ်မေးလ်ကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း
မင်းအွန်လိုင်းလာမယ့်အချိန်ကို ရင်ခုန်မျှော်လင့်ရင်း
မင်းနဲ့နီးရတော့မယ့် မဝေးတော့တဲ့အချိန်တွေကိုလက်ချိုးရေ
ငါ ... တကယ် ရူးတော့မယ်ထင်ပါရဲ့ လေ ...
H.T


တစ်နေ့ ထက်တစ်နေ့ 
ပိုချစ်နိုင်အောင်ငါကြိုစားနေတယ်...

တစ်နေ့ ထက်တစ်နေ့ 
ပိုနားလည်နိုင်အောင်ငါကြိုးစားနေတယ်...

တစ်နေ့ ထက်တစ်နေ့ 
ပိုယုံကြည်မှုပေးနိုင်အောင်ငါကြိုးစားနေတယ်...

တစ်နေ့ ထက်တစ်နေ့ 

ပိုဂရုစိုက်နိုင်အောင်ငါကြိုးစားနေတယ်...

ငါကြိုးစားနေတဲ့တစ်နေ့ နေ့ များ
တစ်ကယ်သာဖြစ်လာခွင့်ရှိခဲ့မယ်ဆု
''တစ်လထက်တစ်လ''
''တစ်နှစ်ထက်တစ်နှစ်''
''တစ်ဘ၀ထက်နောက်တစ်ဘ၀''တိုင်အောင်
ငါနင့် နားရှိနေမှာပါ....


မနက်ဖြန်အမီ
*********

အဖျားခတ်တိုက်သွားတဲ့
လေလေးတွေရယ်...

ပင်လယ်တွေခြားနေတဲ့ သူ့ထံ
ဒီညအမီ...အလွမ်းတွေ...ကို
အရောက်ပို့ဆောင်ပေးလှည့်ပါ..

အပြန်ခရီးမှာ ယူဆောင်လာမယ့်
ချစ်ခြင်းတရားတွေနဲ့
မနက်ဖြန်အမီ ဆက်ပြီးရှင်သန်ရအုံးမှာမို့ပါ.....


မိုးစက်ကလေးတွေ
သူ့ကိုတွေ့ရင်ပြောပေးပါ
ကျနော်သူ့ကို
သိပ်လွမ်းနေတဲ့အကြောင်းကို

လေညှင်းကလေးတွေ
သူ့ကိုတွေ့ရင်ပြောပေးပါ
ကျနော်သူ့ကို
သိပ်သတိရနေတဲ့အကြောင်းကို

ပန်းပွင့်လေးရေ
သူ့ကိုတွေ့ရင်ပြောပေးပါ
ကျနော်သူ့ကို
သိပ်ချစ်နေတဲ့အကြောင်းကို

လမင်းကြီးရေ
သူ့ကိုတွေ့ရင်ပြောပေးပါ
ကျနော်သူ့ကို
အိပ်မက်မက်တဲ့အကြောင်းကို

ကျေးငှက်ကလေးတွေ
သူ့ကိုတွေ့ရင်ပြောပေးပါ
ကျနော်သူ့ကို
သိပ်မြတ်နိုးမိတဲ့အကြောင်းကို

သူ့ကိုတွေ့ရင်
ပြော ပေး ကြ ပါ

လူတယောက်ဟာ
သူမရှိရင်
ရှင်သန်ခြင်းဆိုတာ
အ ဓိ ပ္ပါယ် မဲ့ နေ တဲ့ အကြောင်း ကို
H.T


အချိန်လွန်
***********

တအားနီးကပ်လွန်းတဲ့အခါ
မမြင်တတ်သလိုပဲ...

ကိုယ့်ရဲ့အနီးဆုံးမှာနေပြီး
ကိုယ်လိုအပ်သမျှဖြည်းဆည်းပေးတတ်တဲ့အခါ
လုပ်သင့်လို့လုပ်ပေးတယ် ထင်လာတတ်ကြတယ်...

ကိုယ့်ဘေးနားကအရာတစ်ခုရဲ့တန်ဖိုးကို
ထဲထဲဝင်ဝင်သိလာတဲ့တစ်နေ့ဟာ
အဲ့အရာတစ်ခုကို
သေသေချာချာ ဆုံးရှုံးလိုက်ရတဲ့နေ့ပါ...

အချိန်လွန်မှရလာမယ့် နောင်တထက်
လက်ရှိ ကိုယ့်ဘေးနားက ချစ်သူကို
အရင်ကထက်ပိုပြီးတန်ဖိုးထားတတ်နိုင်ကြပါစေ...

May Nine


မိန်းကလေးတစ်ယောက်ဟာ
သူမကို ဂရုစိုက်ပြီး အလိုလိုက်ဆိုးနွဲ့ခွင့်ပေးတတ်တဲ့ သူမရဲ့ချစ်သူအပေါ်မှာ
ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်
ဒါဟာ ချစ်သူရဲ့အလျော့ပေးသည်းခံမှုအပေါ် အနိုင်ယူစိုးမိုးတာ မဟုတ်ပါဘူး
သူမကို သည်းခံနိုင်ဆုံးသူအဖြစ်နဲ့ အားကိုးမိတာပါ . . .


သူမကို တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်နေပေးမယ့် သူမရဲ့ချစ်သူအပေါ်မှာ
သူမရဲ့ပြသနာနဲ့ ကိစ္စရပ်တိုင်းကို တိုင်ပင်ဆွေးနွေးချင်ကြပါတယ
ဒါဟာ ချစ်သူကို နားညည်းစေပြီး ပြသနာကိုဖြေရှင်းခိုင်းတာ မဟုတ်ပါဘူး
သူမဘ၀အတွက် အယုံကြည်ရဆုံးသူအဖြစ် သတ်မှတ်ထားလို့ပါ . . .

သူမကို နားလည်ယုံကြည်မှုတွေပေးတတ်တဲ့ သူမရဲ့ချစ်သူအပေါ်မှာ
သစ္စာမပျက် စိတ်ချယုံကြည်မှုတွေ ပြန်ပေးချင်ကြပါတယ်
ဒါဟာ ချစ်သူအပေါ် မနာလိုမှုတွေကင်းမဲ့စွာနဲ့ အချစ်ပေါ့တာ မဟုတ်ပါဘူး
သူမဘ၀အတွက် ထာဝရသစ္စာမပျက်သူခင်ပွန်းလောင်းအဖြစ် စိတ်ချယုံကြည်ထားတာပါ . . .

သူမကို အစ်ကိုတစ်ယောက်လိုဆိုဆုံးမပေးတတ်တဲ့ သူမရဲ့ချစ်သူအပေါ်မှာ
ခေါင်းလေးညိတ်ပြီး ညီမငယ်လေးလို လိမ္မာပေးချင်ကြပါတယ်
ဒါဟာ ချစ်သူကို အနိုင်ယူဆရာလုပ်ခွင့်ပေးတာ မဟုတ်ပါဘူး
သူမရဲ့အနာဂါတ်အတွက် အကောင်းဆုံးလမ်းညွှန်ပေးမယ့်သူအဖြစ် လေးစားလက်ခံပေးတာပါ . . .

သူမကိုသိပ်ချစ်တဲ့ ချစ်သူအပေါ်မှာ သူမရင်ထဲက အနှိုင်းမဲ့အချစ်တွေကို
တခါတရံ စိတ်ထဲမှာပဲသိမ်းဆည်း ဒိုင်ယာရီနဲ့ စာကဗျာတွေပေါ်မှာပဲ ချစ်ပြတတ်ကြပါတယ်
ဒါဟာ ချစ်သူရဲ့ချစ်ခြင်းမေတ္တာကို အသိအမှတ်မပြုလျစ်လျူရှုတာ မဟုတ်ပါဘူး
သူမချစ်သူက သူမထက်ပိုချစ်ပြတတ်တာကြောင့် သိပ်ကိုလေးနက်လွန်းတဲ့ သူမရဲ့အချစ်တွေကို မမြင်နိုင်တာပါ . . .

@ ကဗျာချစ်သူ


♥♥ မနက်ခင်းအချိန်တိုင်း 
     သတိရမိတာ မင်းကိုပါ
♥♥ ကောင်းကင်ကိုမော့ကြည့်တော့လဲ
      မြင်နေရတယ်သူ့မျက်နှာ.........
♥♥မျက်လုံးတွေမှိတ်လို့
    မအိပ်သေးတဲ့အချိန်မှာ

   စဉ်းစားမိတာသူ့အကြောင်းပါ

အချိန်တိုင်းမှာလဲသူသာ ♥♥

နေရာတိုင်းမှာလဲသူပါ ♥♥

မိနစ်တိုင်းမှာ.....

စက္ကန့်တိုင်းမှာ.....

မင်းသည်သာစိုးမိုးရာ ♥♥♥♥

တစ်ရက်တာမှာ ၂၄နာရီသာရှိပေမယ့်
ငါ့အတွက်ကတော့မင်းကိုသတိရချိန်ဟာ
၂၄နာရီနှစ်ခါစာလောက်ရှိမယ်ထင်တယ် :)။.......♥♥♥♥
                                                      I♥(:)♥♥
create by chitsuelay




အတိတ်ဆိုတာ မေ.ထားချင်လဲ...
တိုက်ဆိုင်မှုတွေ ရှိလာတိုင်း
ငါ့နံဘေးနားလဲ နင်ပါတယ်...

ပြီးဆုံးခဲ့ပြီလို့ ပြောနေလဲ...
တိုးဖွဖွ သက်ပြင်းတွေ ချမိတိုင်း
ငါ့အတွေးများထဲ နင်ပါတယ်...

နင်မမြင်နိုင်တဲ. အပြုံးတွေရဲ.နောက်ကွယ်
ငါ ကိုယ်တိုင် တမ်းတခြင်းတွေနဲ့
ငိုကြွေးနေတယ်ဆိုတာ...
နင် အပါအ၀င် ဘယ်သူမှ မသိပေမဲ.
မျက်ရည်မကျအောင် ထိန်းထားမိတဲ.အခါတိုင်း မော့ကြည့်မိတဲ့
ကောင်းကင်ကြီး သက်သေရှိပါတယ်ဟာာာာာ :'(


ဘယ်လောက်လွမ်းလဲ?
မေးရင်လဲငါ့မှာ အဖြေမရှိဘူး
ဘာလို့လဲဆိုတော့ ရင်ထဲမှာရှိနေတာက
ဖော်မပြတတ်အောင်လွမ်းလို့
အဖြေမရှိခဲ့တာပါ။....................
create by chitsuelay

Friday 17 August 2012

♥ လွမ်းတယ် ကိုရယ်
ဘယ်တော့ပြန်ဆုံနိင်မလဲ
မသိပေမယ့်
ဝေးကွာခြင်း ဆိုတဲ့ အရာကြီးက
ငါ့ရဲ့  နေ့ ရက်တွေကို
ယောင်ချာချာနဲ့ 
ဆွေးနေရအောင်ဖန်တီးနေတယ်

♥ချစ်တယ် ကိုရယ်
တစ်သက်မှာတစ်ခါပဲ ပွင့်မယ့်ပန်း
နင့်အတွက် မူပိုင်ပဲ
တစ်ချိန်ကျရင် . . ဆိုပြီး
နှစ်ယောက်တူတူ
ပြန်ဆုံရမယ့် နေ့ ကို
မျှော်လင့်ရင်း . .
ကဗျာတွေရေးလို့  ဆွေးနေသူ

♥+♥
 

 

ခရီးတစ်ခုကို

အတူတူ ဆက်ကြတဲ့အခါ

ယူဆောင်သွားရမယ့် အရာတွေက အရေးကြီးတယ်။

ပိုင်ဆိုင်သမျှတွေကို

လွှတ်ချလိုက်တိုင်း လွယ်ပေမဲ့

အတ္တ၊ မာနနဲ့ သံသယတွေက သယ်ပိုးကြရတာ လေးလှတယ်။

ကျော်ဖြတ်မယ့် ရိုးမြေကျခရီးမှာ

အတူတကွ ဆုပ်ကိုင်ရမယ့် လက်အစုံဟာ

ချစ်ခြင်းမေတ္တာအတွက် မရှိမဖြစ်တဲ့ လောင်စာပဲ။

ကိုယ်တို့အတူ

သစ္စာတရားရဲ့ ထိန်းကျောင်းမှုမှာ ပျော်ဝင်မယ်

ခွင့်လွှတ်နားလည်မှုရဲ့ ထွေးပွေ့မှုမှာ ခိုလှုံမယ်

နှလုံးသားရဲ့ ဖောက်ထွင်းမြင်နိုင်မှုမှာ ပွင့်လင်းမယ်

ဘဝအခက်အခဲဆုံးချိန်တွေရဲ့ စိန်ခေါ်မှုမှာ ကြံ့ကြံ့ခံမယ်။

တကယ်ဆို...

ရည်ရွယ်ရာပန်းတိုင် နေ့ရက်တွေမှာ...

မင်းရယ်၊ ကိုယ်ရယ်၊ ချစ်ခြင်းတရားရယ်ပဲ ရှင်သန်နေပါစေကွယ်။ ။

 
အိပ်မက်ရှင် — with မဒမ် ကမ္ဘာ့ဖျာ.

Thursday 16 August 2012


ညက သူ.ကို အိမ်မက် မက်တယ်...

နေမှ ကောင်းရဲ.လားဟာာာာာ...

နားလည်မှုတွေ

ပါးပါးလေးအလွဲ...

အတ္တနဲနဲ...

မာန ကျဲကျဲ...

ကျောခိုင်းပီးတော.မှ....

ငါ နောက်ပြန်မလှည်.ချင်တော.ဘူးးး

နင်.ဘ၀ထဲကငါ ကိုယ်တိုင်

နှုတ်ထွက်ပီးမှတော.

နောက်တခေါက်ဆိုတာ...

မရှိလာစေရဘူးဟာာာာ...

ကျေးဇူးပြုပီးးး

ငါ. ရဲ. မှတ်ညာဏ်တွေထဲကို...

မလာပါနဲ.တော.

မုန်း မေ. ခွင်. ရ ပါ ရ စေ ~~~

(by damseldevil)


ချစ်သူ....
ချစ်သူတွေဆိုတာ အရင်းနှီးဆုံး
နှလုံးသားတစ်စုံ..
ရင်ခုန်သံခြင်း ထပ်တူညီသူနှစ်ဦး
ခံယူချက် သဘောထားခြင်း
တိုက်ဆိုင် နားလည်သူနှစ်ဦး
သံယောဇဉ် တွေနဲ့
တစ်ဦးကိုတစ်ဦး ချည်နှောင်
ရစ်ပတ်ထားသူနှစ်ဦး
တစ်ဦးပေါ်တစ်ဦး
ယုံကြည်နားလည်ပြီး
သစ္စာရှိုဖို့သာအရေးကြီးပါတယ်
ရေမြေတွေခြားလို့
ဘယ်လောက်ဘဲ ဝေးနေပါစေ
ရင်ထဲကချစ်နေဖို့ကသာအဓိကပါ..
တစ်ယောက် တစ်နေရာ
ရှိနေခဲ့ပေမယ့်လည်း
အချိန်တိုင်း စက္ကန့်တိုင်း
ကိုယ့်နှလုံးသားထဲမှာ
အမြဲရှိနေခဲ့တာပါ
အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့
အမြဲနီးနေခဲ့တာမို့
ထပ်တူကျတဲ့နှလုံးသားတစ်စုံက
သက်သေတည်နေပါ့မယ်
ချစ်ရသူရယ်............



အမှန်''
အမှားထဲမှာနေပြီး အမှန်ကိုရှာခဲ့တာ
ငါ....
ချည့်နဲ့လွန်းလှပြီး...
ဒါပေမဲ့...
သေချာတဲ့..အဖြေမှန်တစ်ခု
ရှာလို့တွေ့ခဲ့ပါပြီး...
အဲဒါက..
ငါ မင်းကိုချစ်နေတယ် ဆိုတာပါပဲ...

လကလည်း ငါ့ကောင်းကင်မှာ
ထိန်ထိန်ကိုသာလို့
ဒီလိုညတွေမှာ ချစ်သူ
မင်းကိုလေ ငါ့အနားမှာ
ရှိစေခြင်တာ အမှန်ပါ
ဘာလို့ဆိုတော့ ငါ့ရင်ဘတ်
ထဲကနှလုံးသားက ချစ်သူ
မင်းကိုတမ်းတနေမိလို့ပေါ့
မင်းရဲ့အနမ်းနဲ့ ငါလေ
တစ်သက်စာ ထာဝရ
ရှင်သန်လို့ နေမှာ
အခုတော့
လမင်းကြီးကလည်းထိန်ထိန်သာလို့
လေပြည်လေးရယ်
မတိုက်ပါနဲ့လား ချစ်သူရဲ့ရနံ့မပါရင်
ငါတစ်ယောက်တည်း
အားငယ်နေမိလို့ပါ
Facebook page

Wednesday 15 August 2012


 
ချစ်ခြင်း= ဒုက္ခမဟုတ်ပါ........


အကြည့်တစ်ချက် ထိန်းချုပ်လျက်နှင့်...
ဒီမျက်ဝန်းအကြည့် သူ့ဆီအရောက်...... 
မပြောတော့ဘူးလို့ ဆုံးဖြစ်ထားတဲ့ကြားက....
ကြင်နာမှု အရိပ်အယောင်တွေ ပွင့်အန်ကျမိတယ်.....
မသွားသင့်မှန်း သိနေပါလျက်....
ခြေလှမ်းတွေက သူ့ဆီကိုသာ ဦးတည်ချင်လို့....
အရာရာကို ထိမ်းချုပ်စောင့်စည်းဖို့....
အကြိမ်ပေါင်းများစွာ သတိပေးခဲ့....
အဆင်ခြင်မဲ့..ဦးနှောက်တစ်ခုရဲ့ဆုံးဖြတ်ချက်တွေ....
ဟောဒီ...နှလုံးသားကလည်းမနာခံချင်....
ဖီလာဆန့်ကျင် မျက်ကွယ်ပြုလို့....
သူထင်ရာစိုင်းနေလိုက်ပုံများ...
ရီဝေေ၀ သူ့အကြည့်တွေမှာ နစ်မျော...
သူ့မာယာ ၀ဲဂယက်တွေက....
ရုန်းမထွက်နိုင်အောင်တွယ်ငြိ
အထပ်ထပ်ထိန်းချုပ်နေတဲ့ကြားကပဲ...
အနာခံမဲ့ ချစ်စိတ်တွေ ရုန်းကန်ထကြွနေလေရဲ့.....
တစ်နေ့ထက်တစ်နေ့......
တစ်ညထက်တစ်ည......
တရိပ်ရိပ်နဲ့တက်လာတဲ့ လွမ်းဆွေးမှု ဒီဂရီ....
ဘယ်လိုမှလည်း တားဆီးလို့မရနိုင်တော့.....
ကြိုးစားမေ့ပျောက်ခြင်းကလည်း မစွမ်းသာသေး....
သက်ပြင်းမောတွေသာ အခါခါ....
အချစ်ကြောင့်ခံစားရသော ဝေဒနာများကား...
ဒုက္ခရယ်လို့တော့ မဆိုလိုချင်ခဲ့တာ အမှန်ရယ်ပါ....


 
ချစ်သူသို့ ~~~~~~
အရမ်းလွမ်းနေတယ် ချစ်သူရယ်
အရမ်းနေနိုင်လိုက်တာလို. မပြောလိုပါဘူး
ကျန်ရစ်ခဲ့တာငါပါ...
ခွင့်လွှတ်ပေးပါလို. မတောင်းဆိုချင်ပါဘူး
တိုက်ဆိုင်တဲ့အခါတော့ သတိရပေးပါ...
ပြန်လာခဲ့ပါလို့  မတောင်းဆိုချင်ပါဘူး
ငါလွမ်းနေတာ နင်သိရင်ပဲကျေနပ်ပါတယ်...။

 သေချာပြီ :)  <3
သင်ကို သူ ပျော်ရွှင်စေတက်လား
သင် သူ့ကြောင့်ပျော်ရွှင်တက်လာရင်
သင့်ဘ၀မှာ သူဆိုတာပါ ပါဝင်လာပါပြီ

သင့်ကိုသူ နွေးထွေးစေခဲ့လား
သင် သူ့ကြောင့်ခွန်အင်းဖြစ်စေခဲ့ရင်
သင့် အနာဂါတ်မှာ သူနေရာယူလာပါပြီ

သင့်ကို သူက နာကျင်စေတာလား
သင် သူ့ကြောင့်ခံစားတက်လာလျှင်
သင့်စိတ်ထဲမှာ သူစတင်ရောက်ရှိလာပါပြီ

သင့်ကို သူက ငိုကြွေးစေတက်လား
သင် သူ့ကြောင့် မျက်ရည်ကျတက်လာလျှင်
သင့်နှလုံးသားထဲ သူစတင်ရောက်ရှိလာပါပြီ

သင် သူမရှိရင် သင့်နေ့ရက်တချို့အဓိပ္ပါယ်မဲ့နေပြီလား
ဒါဆိုရင် သေချာပါပြီ....
သင် သူ့ကို ချစ်မိသွားပြီလေ

အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

Tuesday 14 August 2012


U Are My Olnly One!!!!!!!!
ငါ့နင့်ကို ချစ်ခဲ့တာ
ဘာမာယာမှ မပါတဲ့
အဖြူရောင်သက်သက်ပါ...
သိပ်ချောလွန်းလို့
ရင်ခုန်ခဲ့တာ မဟုတ်သလို....
သိပ်ချစ်ဖို့ကောင်းလွန်းလို့လည်း
ချစ်ခဲ့မိတာမဟုတ်ပါဘူး....
နောက်ဆို
နင့်ကိုဘာကြောင့်ချစ်လဲ
မမေးပါနဲ့.....
ငါ့ရင်ထဲမှာ ရှိတာက
နင်မို့လို့ကို ငါကချစ်တာ......။xxxxxxx။

 
<3  ချစ်သူ <3 
===> <3 <===
                  အချစ်ဆုံးလို့ ထင်ရတဲ့ကိုယ်ရဲ့ချစ်သူဟာ
                  ဒီကမ္ဘာမြေကြီးမှာအလှဆုံးပါ 
 
                  အဝေးဆုံးကိုရောက်နေတဲ့ချစ်သူဟာလည်း
                  ကိုယ်အတွက်အချစ်ဆုံးချစ်သူပါ 
 
                  အချစ်ဆုံးတွေအများကြီးမရှိသလို
                  အလှဆုံးချစ်သူကလည်းတစ်ယောက်ထဲဖြစ်နေမှာပါ
 
                  အဝေးဆုံးရောက်နေတဲ့ချစ်သူတွေ
                  အများကြီးရှိပေမဲ့လည်းအချစ် ဆုံးချစ်သူက 
                  အဝေးဆုံးမှာရှိနေမှာပါ....
                  ဘယ်လောက်ဘဲဝေးနေပါစေအချစ်ဆုံးက 
                  အချစ်ဆုံးပါဘဲချစ်သူ.........
<<<<<ကိုယ်ရံတော်>>>>>


မင်းကိုပေးမယ့် အချစ်စစ်တွေ!
xxxxxxxxxxxxxxxxxxxxxxxxx

ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့ 
ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။

ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။

Sunday 12 August 2012


သူ့အပြုံးလေး လင်းလက်နေစေဖို့
ကျွန်တော့် မာနတွေကို
ထာဝရ အနားယူခွင့်ပေးထားတယ်

သူ့အပြုံးလေး လင်းလက်နေစေဖို့
ကျွန်တော့် သံသယတွေကို ထုပ်ပိုး
အစွန်းမထွက်အောင် ခေါက်သိမ်းထားတယ်

သူ့အပြုံးလေး လင်းလက်နေစေဖို့
ကျွန်တော့် အတ္တတွေကိုပြာချ
အခိုးအငွေ့တောင် မရှိစေရဘူး

ကျွန်တော့်ရဲ့ ယုံကြည်စွာချစ်မြတ်နိုးတဲ့ နှလုံးသားတစ်စုံနဲ့အတူ
ကျွန်တော့်ရဲ့ အလျော့ပေးချင်တဲ့စိတ်တွေ
ကျွန်တော့်ရဲ့ သည်းခံအလိုလိုက်ချင်တဲ့စိတ်တွေကိုသာ သူ့အတွက် ထာဝရ ပေးအပ်ထားမယ် …
သူ့အပြုံးလေး အမြဲတမ်း လင်းလက်နေစေဖို့ အတွက်ပါ ...

@ ကဗျာ ချစ်သူ
100812 (Friday) 5:30 pm


x=x=x=x  သက်ဆုံးတိုင်  x=x=x=x
မျှော်လင့်ချက်တွေ ပုံအပ်ပြီး
နှလုံးသားတစ်ခု အရင်းတည်လိုက်တော့
ရလာတဲ့ အကျိုးအမြတ်က
" အရှုံး  " တဲ့လားးး
xxxxx

သတိရလွန်းလို့ အရမ်းလွမ်းတဲ့အခါ
ချစ်သူ နာမည်ကို
တို့းတိုးလေး ရေရွတ်လိုက်တော့
ရင်ထဲ နဲနဲသက်သာသွားသလိုဘဲ
xxxxxxx

အချစ်ဆိုတာ
ဝိုင်တစ်ခွက်လို
ရီဝေေ၀ခံစားမှုကို ပေးစွမ်းနိုင်ပေမယ့်
အလွမ်းဆိုတာ
ချိုမြိန်တဲ့ သစ်သီးတစ်လုံး မဟုတ်ခဲ့ပြန်ဘူးလေ
xxxxxxx
ရင်ဘတ်ထဲက ဒဏ်ရာတွေကတော့
ပြောပါတယ်
 " အချိန် "ဆိုတဲ့ သမားတော်နဲ့
ကုစားသင့်ပြီ ..... တဲ့ လေ
xxxxxx
ဆန္ဒတွေနဲ့ ပြည့်နေတဲ့
ဒီဘ၀မှာ
ဖြည့်ဆည်းမှုသာ ရှိနေခဲ့ရင်
ချစ်သူ့ကို လွမ်းမိမယ် မထင်ဘူး
xxxxxx
အခုတော့လည်း
ချစ်သူကို လွမ်းရင်းနဲ့ဘဲ
သူနဲ့ပတ်သတ်ခဲ့သမျှတွေက
မမေ့နိုင်စရာ မဟုတ်ခဲ့ရင်တောင်မှ
သတိရစရာတွေ မဟုတ်ပါစေနှင့်.......လို့
ကျွန်မ ဆုတောင်းရင်း
ဝေဒနာတွေကို
 သက်ဆုံးတိုင် သိမ်းဆည်းထားလိုက်တော့မယ်
xxxxxxxxxxx
Created By
♥♥♥ လ၀န်း ♥♥♥
       8.August.2012 ( Wednesday )

တစ်နေ့ကျရင်ပေါ့နော်~~~~~~~~

 

♥♥♥ငါ နင့်ကိုချစ်တဲ့အတွက် နင် ငါ့ကို စိတ်ဆိုးခွင့်၇ှိတယ်....စိတ်ကောက် ခွင့်၇ှိတယ်သ၀န်တိုခွင့်၇ှိတယ်.....

စိတ်နာခွင့်မ၇ှိဘူး...နာကျဉ်းခွင့်မ၇ှိဘူး...♥♥♥

♥♥ငါ့အချစ်တွေကို နင်ပိုင်တဲ့ အတွက်

နင့်ရဲ့အချစ်တွေကိုလဲ ငါပိုင်တယ်...

အဲအတွက် နင်ငါ့ကိုဘယ်တော့မှ မုန်းခွင့်မ၇ှိဘူး....♥♥♥

Saturday 11 August 2012

 

$ $ $ $ $ ပန်းတစ်ပွင့် ရဲ့ ဆန္ဒ $ $ $ $ $

ချစ်သူ
မြတ်နိုးခြင်း ယာခင်းထဲမှာ
ငါ သံယောဇဉ်တွေ စိုက်ပျိုးထားတယ်
ချစ်ခြင်းတွေ သီးပွင့်လာတဲ့အခါ
နင် စာခြောက်ရုပ်လုပ်ပေးရမယ်နော် ......။
ချစ်သူ
မျှော်လင့်ခြင်း ကောင်းကင်ယံမှာ
ငါ အလွမ်းတွေ ချိတ်ဆွဲထားတယ်
လက်လှမ်းလို့ မမှီတော့တဲ့အခါ
နင် လှေကားလုပ်ပေးရမယ်နော် .........။
ချစ်သူ
သတိရလွန်းလို့
ကဗျာတွေရေးရင်း
ငါ ငိုကြွေးနေမိတယ်
ပင်ပန်းလို့ အိပ်မောကျသွားတဲ့အခါ
နင် အိမ်မက်တွေ ဖန်ဆင်းပေးရမယ်နော်.......။
ချစ်သူ
တိတ်တိတ်လေးဆိုပေမယ့်
မင်းအကြောင်း တွေးမိတိုင်း
ဘယ်ဘက်ရင်အုံက
နွေးနွေးလေး ခုန်ခုန်လာတယ် .........။
ချစ်သူ
တကယ်လို့
ငါ့ အကြောင်းတွေ
မင်းအတွေးထဲ ရောက်လာတဲ့အခါ .......။
ငါ့ ချစ်ခြင်းတွေကို စားသုံးပါ
ငါ့ အလွမ်းတွေကို ခံစားပေးပါ
ငါ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးပါ
ငါ့ ကဗျာတွေဖတ်ရင်း
ငါ့ကို နင်ပြန်ချစ်ရမယ်နော် ..........။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

Created By
♥♥♥ လ၀န်း ♥♥♥
11.August.2012

 

Friday 10 August 2012


တစ်ယောက်သောသူရယ်
ဘာမှမသိတဲ့ငါ့ကိုမင်းအကုန်သင်ပေးနိုင်ခဲ့ပါပြီ တစ်ယောက်သောသူရေ
ငါအေးအေးဆေးဆေးနေတတ်တာကို မင်းချွဲနွဲ့တတ်အောင် သင်ပေးတတ်ခဲ့တယ်
ငါ မပြောတတ်တဲ့ တီတီတာတာစကားတွေလည်း မင်းပဲပြောတတ်အောင်သင်ပေးတတ်ခဲ့တယ်
မနက်မိုးလင်းတိုင်း ရှင်းလင်းစွာနိုးထတတ်တဲ့ငါ့အတွေးထဲကိုလည်း မင်းဆိုတာသတိရမိအောင် သင်ပေးတတ်ခဲ့တယ်
ညအိပ်ယာဝင်ချိန်တိုင်းလည်း မင်းဆိုတာအမှတ်ရမိအောင်သင်ပေးတတ်ပြန်ရော
ငါပဲညံ့နေတာလား မင်းပဲတော်နေတာလား တစ်ယောက်သောသူရေ
ဘာပဲပြောပြောမင်းတော်ပါတယ်
ခုငါမတတ်တဲ့ လွမ်းဆွတ်မှုတောင် ငါတတ်မြောက်နေပြီလေ
မင်းကျေနပါပါတော့နော်........ ဒီလောက်ထိပဲ

Thursday 9 August 2012


နင်မထင်နဲ့

လှမ်းကြည့်လိုက်တိုင်း
အဝေးကြီးမှာလို့နင်မထင်လိုက်ပါနဲ့
ငါ့နှလုံးခုန်သံမရပ်သရွေ့
ငါ့ရဲ့ ဘယ်ဘက်နှလုံးသားမှာ
နင်အမြဲရှိတယ်

စဉ်းစားမိတိုင်း
ငါ့စိတ်ထဲမှာ မရှိတော့ဘူးလို့
နင်မထင်လိုက်ပါနဲ့
တစ်ရက်မှာ ၂၄နာရီလောက်
အမှတ်တရတွေနဲ့
နင့်ကိုငါသတိရနေမိတယ်

ငါအဆက်အသွယ်မလုပ်ပဲနေနေတိုင်း
ငါနင့်ကိုမချစ်တော့ဘူးလို့ နင်မထင်လိုက်ပါနဲ့
နင့်ကိုချစ်တဲ့အချစ်တွေနဲ့
ငါ့ရဲ့မနက်ဖြန်တွေကို ရှေ့ဆက်နေဆဲပါ :)) <3 <3 <3
 
 
 MoeZ
 


တစ်စတစ်စတိုးပွားလာတဲ.
အလွမ်းတွေရဲ.ချယ်လှယ်မှုဒဏ်ကို
ခုခံဖို.အားအင်တွေခမ်းခြောက်စပြုနေခဲ.ပြီ

နင်နေစေချင်တဲ.အထီးကျန်ခြင်းကမ္ဘာမှာ
တစ်ယောက်တည်းရှင်သန်နေရတာ
ငြီးငွေ.လို.နေခဲ.ပြီ

တကယ်ဝေးမယ်သိခဲ.တယ်ဆိုလည်း
ငါရူးမိုက်စွာနဲ.တားခဲ.မိမှာပါ
ခုတော.အမှတ်တရတွေက
အိပ်မက်တွေအဖြစ်နေရာယူ
မရေရာငါ.ရဲ.မနက်ဖြန်တွေကို
နင်ဖျက်စီးလို.သွားခဲ.ပြီ

အထီးကျန်ခြင်းရဲ.နောက်ကွယ်မှာ
နေသားကျခြင်းဆိုတာရှိတယ်
ရင်ခုန်ခြင်းရဲ.နောက်ကွယ်မှ
အေးစက်ခြင်းဆိုတာရှိတယ်

နင်မရှိတဲ.နေ.ရက်တွေမှာ
ငါနေသားကျသွားခဲ.ရင်
ငါ.ရဲ.ရင်ခုန်သံတွေ
အေးစက်သွားခဲ.ရင်
ကျေးဇူးပြုပြီး ငါ.ဘဝထဲကို ပြန်ဝင်မလာပါနဲ.
ငါပြောင်းလဲသွားခဲ.ခြင်းမဟုတ်
ငါ.ကိုနင်ကပြောင်းလဲစေခဲ.ခြင်းပဲဖြစ်တယ်....


Wednesday 8 August 2012



အချစ်ဆိုတာ...
တစ်ယောက်မျက်နှာ တစ်ယောက်ငေးနေရုံနဲ့
အဓိပ္ပါယ်က ရှိမလာဘူး...
တစ်ယောက်ကိုတစ်ယောက် သ၀န်တိုနေယုံနဲ့
ချစ်ခြင်းတရားတွေ ခိုင်မာမလာဘူး....
တစ်ယောက်လုပ်ရပ်ကိုတစ်ယောက်
စောင့်ကြည့်ပြီး မာနပြိုင်နေယုံနဲ့
အချစ်တွေက တည်မြဲမလာဘူး...

တိတ်ဆိတ်ခြင်းနောက်မှာ.....
သစ္စာတရားတွေက ချစ်ခြင်းကင်းစွာအေ၇ာင်မဲ့ေ
နခဲ့တာ မဟုတ်ပါဘူး
ဖြူစင်ခြင်းနဲ့ အသံတိတ်နေတာပါ....

တွေဝေခြင်းနောက်မှာ.....
ကြင်နာမှု့တွေက သူစိမ်းဆန်စွာ စိမ်းကားနေခဲ့တာမဟုတ်ပါဘူး
နွေးထွေးမှု့အတိနဲ့ စောင့်ကြိုနေတာပါ....

နာကျင်ခြင်းရဲ့နောက်မှာ....
ပျက်ယွင်းသွားတဲ့ မျက်နှာပြင်ဟာ စိတ်ကုန်သွားတာတော့မဟုတ်ပါဘ
ူး
မဝေးချင်လောက်အောင် ချစ်မိခဲ့တော့ စိတ်ကစိုးရိမ်လာတာပါ...

မသိချင်ယောင်ဆောင် မျက်နှာလွဲနေခြင်းနောက်မှာ.
..
ချစ်ခြင်းတရားတွေက လျှော့ပါးသွားတာ မဟုတ်ပါဘူး
နားလည်ခြင်းနဲ့ မေတ္တာတရားကိုပေးအပ်ပြီး ချစ်မိနေလို့ပါ....

ချစ်တယ် ဆိုတဲ့ စကားလုံးရဲ့နောက်မှာ....
ပေါ့ပေါ့လေး ပြောခဲ့တာ တခုမှ မပါခဲ့ပါဘူး
တဘ၀လုံးတွက် ရည်စူးပြီး ရင်နဲ့ရင်းပြီး ချစ်မိခဲ့လို့ပါ....

နားလည်မှု့ရှိတဲ့ ချစ်ခြင်းမှာ အပြစ်ကင်းစွာ ဖြူဖြူစင်စင်ချစ်နိုင်ကြပါေ
စ။။။။။။


CH!t

Monday 6 August 2012


 
ထားခဲ့ထွက်ခွာ
 မကြင်နာလည်း
 ကြိတ်မှိတ်ရင်မှ
 လွမ်းခဲ့သည် 
လွမ်းလို့ရင်မှာ
 ငိုနေပါလည်း
 ထွေးသိပ်ချော့သူ
 ဝေးခဲ့ပြီ
 အကြင်နာဗလာ
 ရင်နာနာနှင့်
 မေ့ချင်ခဲ့သည် 
 ချန်ရစ်ထားပြီး
 ပြေးတဲ့သူ

 မပြန်သောလမ်းကိုလှမ်းသွားသူ
မနက်ခင်းမိုးလင်းလို့  နေ့ သစ်ရဲ့  နံနက်ခင်းစတင်တယ်ဆိုရင်ပဲ Morning Honey လို့  massage ပို့ တတ်တဲ့ မေ့ရဲ့  ချစ်သူ...

အိပ်ရာက မထပဲ ပြန်ခိုးအိပ်တတ်တဲ့ အကျင့်ကို သိနေတဲ့ ပုံစံနဲ့  ၅ မိနစ်အကြာမှာ Lazygirl getup now ဆိုတဲ့ အမိန့်သံ ဆန်ဆန် massage ကို နေ့ တိုင်းပုံမှန်ပို့ တတ်သူ...........


မနက်စာ စားဖို့ ကို နေ့ တိုင်း သတိပေးတတ်တဲ့ ချစ်သူ............



တစ်နေရာထဲ လုပ်နေရတဲ့ အလုပ်မဟုတ်ပဲ အလျင်သင့်သလို သွားလာနေရတဲ့ အလုပ်ချိန်တိုင်းမှာ ဘယ်သွားသွား ဘယ်ရောက်ရောက် အသိပေးတတ်သူ.............



ဘယ်လောက်ပဲ အလုပ်တွေများများ ပျင်းရိပြီး ကိုယ့်ဆေးသောက်ချိန်ကို မေ့ချင်ယောင်ဆောင်နေတတ်တဲ့ မေ့ကို မမေ့မလျော့ ဆေးသောက်ဖို့  နေ့ စဉ် အချိန်မှန်သတိပေးတတ်သူ........



ထမင်းစားချိန်တိုင်းမှာ မတည့်စာတွေ တောက်လျှောက်ရွတ်ပြကာ သုံးဆောင်ဖို့ ကို တားမြစ်တတ်သူ....



တစ်ခါတစ်လေ သူ့ အပေါင်းအသင်းတွေနဲ့  ဝိုင်းကောင်းချင်တယ် မေ့ဆီက မများစေနဲ့ နော်ဆိုတဲ့ စကားတစ်ခွန်းကြားရဖို့  အတွက် ကြိုတင်ခွင့်ပန်တတ်သူ..........



သူ့ ဆီက လာသမျှ massages အကြိမ်တိုင်းကို ပြန်လည်ဖြေကြားဖို့  ပျင်းရိလှတဲ့ မေ့ကြောင့် စိတ်ပူပြီး အလောတကြီးဖုန်းခေါ်တတ်တဲ့ မေ့ချစ်သူ



မေ အိပ်ရာဝင်ခါနီး ဖုန်းခေါ်ရမယ်လို့  ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကြောင့် ဘယ်လိုပဲ ခရီးလွန်လွန် ရောက်ရာအရပ်က ဖုန်းခေါ်ပြီး မေအိပ်တဲ့အထိ စကားပြောလေ့ရှိတဲ့သူ



ခုတော့........................
.







မေ ဘယ်မှာ ရှာရမှာလဲ ချစ်သူ....


ဘယ်လို အကြောင်းကြောင့်များ ပုန်းရှောင်နေလဲချစ်သူ

ဘာလို့ များ မေ့ခေါ်သံကို မကြားနိုင်တော့လဲ ချစ်သူ..
ပြန်လာပါတော့ ချစ်သူ..
အရင်လို ဂရုစိုက်မှုလေးတွေ မေ တမ်းတနေတယ်
မေ့ကို ငဲ့ကြည့်လိုက်ပါ ချစ်သူ
မေ အရမ်းလွမ်းနေတယ်.....
မေ နေ့တိုင်း ငိုကြွေးနေတယ်ချစ်သူ
ကြားနိုင်တယ်ဆိုရင် ပြန်လာခဲ့နော်


ဒါပေမဲ့...................

သူ မပြန်လာနိုင်တော့ဘူး

သူ

ဘယ်
တော့
မှ
ပြန်
လာ
လို့ 


တဲ့
လမ်း
ကို
သွား
ခဲ့
ပြီး