မျက်ဝန်းက ဝေ့တက်လာတဲ့ မျက်ရည်စတွေကို ဟန်ဆောင်အပြုံးတုတစ်ခုနဲ့ ဖုံးကွယ်ရင်း အံကြိတ်ထားခဲ့ဖူးတယ် ။ 
 
ရင်ဘတ်ထဲကအောင့်နေလောက်အောင်ထိ ခံစားနေခဲ့ရလည်းပဲ နာကျည်းစရာတွေကို လျစ်လျူရှုခဲ့ရဖူးတယ် ။
 
ဒီလိုပါပဲလေ ..
 
လောကမှာ လူရယ်လို့ဖြစ်လာကတည်းက ..
ပျော်ရွှင်မှုက တစ်ဝက်
ဝမ်းနည်းမှုက တစ်ဝက်
အဆိုး အကောင်းတွေ ဒွန်တွဲနေတတ်ခဲ့တာ သဘာဝပါပဲ ။ ။
 
အဲဒီလို သဘာဝတွေကြားထဲမှာ "Joker" တစ်ကောင်လို အပေါ်ယံဟန်ဆောင်ပြုံးပြရင်း ရင်ထဲမှာဝမ်းနည်းမှုတွေ ကြီးစိုးနေတတ်ခဲ့သူက ..
" ငါ "
 
{ မယ်ပိုး }
< Heart Canteen >

No comments:
Post a Comment