မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 23 February 2013

ရင်ထဲမှာလဲ တစ်ယောက်တည်းပါ.....


ချစ်သူမောင်ရေ
မေတို့ မိန်းမသားဘဝ
ချစ်တဲ့သူကို မျှော်ရတဲ့ခေတ်
ဟိုးအရင်ကတည်းက
ပျောက်သုန်းသွားပြီထင်နေတာ

ခုတော့် အဲ့လို မဟုတ်ပါလားနော်
ချစ်တဲ့သူ လာရာလမ်း
ရွယ်မှန်း စိတ်နဲ့
မဖြောင့်တန်းနိုင်တော့်ဘူး..........

ချစ်သူမောင်ရေ
လာပါတော့်နော် လို့
စိတ်ထဲမှာလဲ ရေရွတ် ပဲ့တင်သံတွေ
မိုးလုံးညံနေသလိုပါပဲလား
ချစ်တဲ့မောင်ရေ

အော်.......
အချစ်တွေ ဘယ်လိုမှ မကုန်နိုင်သလို
မျှောရည်မှန်းတဲ့ စိတ်တွေလည်း
ဘယ်အခါမှ ကုန်ခမ်းမလဲနော်

ချစ်သူမောင်ရေ
တစ်ခုလေးပဲ ပြောထားချင်တယ်
ဘယ်အချိန် ပြန်ရောက်ရောက်
မေ့ ရဲ့ ရင်ထဲမှာတော့်
ချစ်သူမောင် တစ်ယောက်တည်းပါ ချစ်တဲ့မောင်ရယ်......

.•♥♥•.¸¸.•♥♥•.¸¸သီရိမေ¸.•♥♥•.¸¸.•♥♥•.

No comments:

Post a Comment