မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 19 February 2013

သတိရခြင်း တွေ ချုပ် ရိုး မ ဖြေ ရ သေး ဘူး

သတိရခြင်း တွေ ချုပ် ရိုး မ ဖြေ ရ သေး ဘူး

ပြန်လာ မယ် ဆိုတော့
ထပ် လွဲ မှာ စိုး လို့
ချိန်း ထား တဲ့ နေ ရာ က မခွာ ချင် ဘူး

ပြန် လာ မယ် ဆိုတော့
ကောင်း ကင် ကြီး က သက်တန့်လေး ၀င့် ဖြာ ပြီး
ပင်လယ်ကြီး က လှိုင်း တွန့် တွေ နဲ့ ကြည် စယ် တယ်
လေ ပြေ တွေ က အတိတ် ရနံ့ နဲ့ ဝေ့ ၀ဲ ပြန်တယ်

ပြန် လာ မယ် ဆိုတော့
စိ တ္တ ဇ အတွေး ကို ယုံကြည်မှု နဲ့ နှစ် သိမ့်
အိပ် မက်ဖြစ်  မှာ စိုး လို့
ခဏ ခဏ ဆွဲ ဆိတ် မိ တဲ့ လက် ကလေး က
အ လွမ်း နဲ့ နီရဲ ယောင် ကိုင်း နေ တယ်

ပြန် လာ မယ် ဆို တော့
နေ့ ရက် များ စွာ ကို ကတိ တခု နဲ့ ရှင် သန်
အ ကိုင်း ချိုး ခံ ဖူး တဲ့ အ ပင် ဟောင်း လေးက
နောက် တခေါက် ခို ၀င် လာမယ့် ငှက် ငယ် ကို
ခွှင့် လွတ် ခြင်း တွေ နဲ့ ဆွံ့ အ ကြို နှင့် နေ ပြီ

ပြန် လာ ခဲ့ ပါ ကွယ်
ချုပ် ရိုး မ ဖြေ ရ သေး တဲ့ သတိရခြင်း တွေက
အမှတ်တရ တွေ တွေ့ တိုင်း
ကဗျာ သွေး နဲ့ အ သက် ဆက် ဖြေ သိမ့် ရတာ ကြာ လှပေါ့ ။  ။

အောင်ပြည့်မွန်ရဲ့ကဗျာအိမ်လေး's

No comments:

Post a Comment