မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 16 February 2013

လမ်းခွဲတဲ့အခါ............

လမ်းခွဲတဲ့အခါ 

သဘောထားခြင်းမတိုက်ဆိုင်လို့ အယူအဆချင်း မတူတော့လို့ လမ်းခွဲတာ ပြဿနာမဟုတ်ပါဘူး ဒါပေမယ့် တင်းတင်းဆွဲထားမိတဲ့လူကပိုနာကျင်ရတယ် ။

တကယ်ချစ်ခဲ့တယ်မချစ်ခဲ့ဘူးဆိုတာက ပြဿနာမဟုတ်ပါဘူး ။ ပိုတန်ဖိုးထားမိတဲ့လူက ပိုနာကျင်ရတယ် ။

ဘယ်သူက မှားခဲ့တယ် ဘယ်သူက မှန်ခဲ့တယ်ဆိုတာ ကပြဿနာမဟုတ်ပါဘူး ။ သူ့အမှားတွေကို ကိုယ့်အမှားတွေအဖြစ် လက်ခံဖြေရှင်းပေးခဲ့တဲ့လူက ပိုနာကျင်ရတယ် ။ 

ဘယ်သူက ပေးဆပ်ခဲ့တယ် ဘယ်သူက ရယူခဲ့တယ်ဆိုတာ ကပြဿနာမဟုတ်ပါဘူး ။ တကယ်ချစ်ခဲ့မိတဲ့လူက ပိုနာကျင်ရတယ် ။ 

အဝေးကြီးကို ရောက်အောင်ထွက်သွားနိုင်ဖို့ထက် . . . အနီးဆုံးက နှလုံးသားက ဒါဏ်ရာတွေကို မေ့ဖျောက်ပစ်နိုင်ဖို့သာ လိုတာပါ ။ 

နောက်ဆုံး . . 

ပိုချစ်တဲ့သူက ပိုနာကျင်ရတတ်တယ် 

သက်တန့်ချို

No comments:

Post a Comment