မုန်းပြီ  မေ့ ပြီ
 *********
 ကတိစကားတွေကြား 
 သစ္စာတရားကလဲ အမြစ်ကပါလဲပြို ..
 လေထဲအိမ်ဆောက်ခဲ့မိတာပဲ …
 အနာဂတ်ရဲ့အိပ်မက်တွေ ပြိုပျက်ယုံနဲ့ 
 ငါက စိတ်ဓာတ်ကျနေစရာမလို ၊
 ချုပ်ချယ်မှုတွေလုပ်မိခဲ့တဲ့  ငါကပဲမှားသလား ၊
 လွတ်လပ်ချင်လွန်းတဲ့ မင်းကပဲလွန်သလား ၊
 မြင်နိုင်ပါတယ် ..
 ငါ့ရဲ့သံသယတောထဲ မင်းအခုမျောနေတာပဲ ၊
 ဟန်ဆောင်အပြုံးတွေကြား …
 ငါ့နှလုံးသားအစားခံခဲ့ရတဲ့ နောင်တကလွဲလို့ 
 မင်းနဲ့ ပတ်သတ်သမျှ အမှတ်တရဆိုတာမရှိစေရ ၊
 နောက်ဆုံး ..
 မင်းနဲ့ ငါ့ရဲ့ အတိတ်ဟောင်း …
 ကဗျာတစ်ကြောင်းတောင်မဖြစ်စေရဘူး … ။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment