မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 29 October 2012


သူ့မှာ
ဘယ်သူမှအပိုင်မယူရသေးတဲ့
နှလုံးသားလေးတစုံရှိတယ်

ကျနော့်မှာလည်း
ဘယ်သူမှအပိုင်မပေးရသေးတဲ့
နှလုံးသားလေးတစုံရှိတယ်

အဲဒီနှလုံးသားလေးနှစ်စုံ
ဖူးစာပါခဲ့ရင်
သိပ်......ကောင်းမှာပဲ ~~~

အကွာအဝေးတခုကနေ နှစ်ယောက်လွမ်းနေရင် သံယောဇဉ်ကို ခိုင်မာစေတယ်.....
အကွာအဝေးတခုကနေ တစ်ယောက်တည်းလွမ်းနေရင် နာကျင်ကြေကွဲစေတယ်....။

မင်း အလင်္ကာ

အဆင်ပြေလားလို့ မေးတော့ 
ငါခေါင်းညိတ်ဖူးတယ်
ဒါဆို မုသာဝါဒကံမြောက်လားဟင်...............

မုန်းပြီးလားလို့  မေးတော့ 
ငါ ခေါင်းခါမိတယ်
ဒါဆို စကားနားမထောင်တဲ့ ပုံဖြစ်သွားလားဟင်...............

တောင်းပန်ပါတယ်ဟာ
တခါတခါ
ရင်ထဲက စကားတွေ ကို ချစ်သူကြားအောင် မပြောပြတက်ခဲ့ ဘူး
ဒါဆို .........ငါ ဆွံအ တဲ့  သူလားဟင်...............

(ပုံရိပ်စစ်)

Saturday 27 October 2012

အလွမ်းတွေ အစား နေရာယူနိုင်တာက
မျက်ရည်တွေပဲရှိတယ်................

တရက်ထက်တရက် ချောင်းစီးလာတဲ့  သတိရခြင်းတွေကို
ဘယ်လို အင်းအားနဲ့  တားမြစ်ရမလဲ...........
...

ရှိစေတော့ ....
ခံစားချက် ဒဏ်ရာမှန်သမျှကို မျက်ကွယ်ပြုပေးနိုင်တာလွဲရင်
ငါ ချစ်လို့  မ၀သေးတာတော့  အမှန်ပါပဲ ချစ်သူရယ်.............

 
 
 
 
 
 
 
 
 
သတိရစရာတွေကို ဖြည် ဖို့ 
အမှတ်ရစရာတွေကို တွေးယုံကလွဲရင်
အဝေးမှာနေတဲ့  ငါ့ အတွက်
ဘာတခုမှ မတတ်နိုင်ခဲ့ တာပါ.............
အနေဝေးရင်
အဝေးမှာနေရ တဲ့  နင်နဲ့ ငါ့ အတွက်
အလွမ်းတွေ ခါးမှာလည်း ကြို သိပါတယ်.............
အရာတခုကို မက်မောတွယ်တာနေမူ့ တွေ..............
တစ်စုံတစ်ယောက်ကို မျှော်လင့် နေရတာတွေ.............
လူတစ်ယောက်ကြောင့်  ပူလောင်နေရတာတွေ.................
ပြင်းပြင်းပြပြ သတိရနေ ရတာတွေ................
မလွမ်းချင်ပဲ လွမ်းနေရတာတွေ ......................
အဲ့ ဒီ အရာအားလုံးက နင့် ကိုချစ်ပြီးမှ မွေးဖွားလာရတာ ဆိုရင်တောင်
နင့် ကြောင့်  လို့  ခေါင်းစဉ်မတပ်ဝံ့  နိုင်တာက
ငါ့  နှလုံးသား ရဲ့  အားနည်းချက်တခုဖြစ်မယ်ထင်ပါတယ်................
ဝမ်းနည်းခြင်းပဲဖြစ်ဖြစ်
ပျော်ရွှင်ခြင်းပဲ ဖြစ်ဖြစ်
ငါ အရာအားလုံးကို ခံနိုင်ရည်ရှိပါတယ်...
နင် ငါ့ ကို စွန့် ပစ်သွားမှာက လွဲရင်ပေါ့ .....................

 
နင်နေမကောင်းရင်
ငါ ပြုစုပေးချင်တယ်
ငါဖျားနာနေရင်တော့ 
နင့် ကို အနားမှာရှိနေပေးစေချင်တယ်................
 
နင်သတိရမိရင်
ငါ့ ကိုပဲဖြစ်စေချင်သလို
ငါ လွမ်းနေရင်တော့ 
နင့် ကို ပိုတွေ့ ချင်လာတယ်..............

နင် ငိုနေရင်
ငါ မျက်ရည် သုတ်ပေးချင်တယ်
ငါ ၀မ်းနည်းရင်တော့ 
နင့်ကိုပြောပြချင်တယ်...........

Wednesday 24 October 2012

တဘဝ တာ ပျော်ရွှင် ဖို့  အတွက်
တခဏ တာ ဝေးနေဖို့  ဆုံးဖြတ်ချက် ချလိုက် ရ တာ ပါ

တခဏ တာ နီး စပ် ဖို့  အတွက်
စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက် ချပြီး တဘဝ တာ မဝေး ချင်ဘူး
...


ချစ်သူ အနားမှာ မနေ ချင်တဲ့ သူ ဆိုတာ မရှိပါဘူး
အကြောင်း အမျိုးမျိုး ကြောင့် သာ ချစ်သူ အနားက ထွက်ခွာလာတဲ့သူတွေချည်းပါဘဲ


ချစ်သူနေမကောင်းဘူးဆိုရင် အဝေး ကနေ စိတ်ပူချင်တဲ့သူ ဆိုတာ မရှိပါဘူး
အနားမှာ ဖြစ်ဖြစ် ဖုန်းလေး နဲ့  ဖြစ်ဖြစ် ဂရုစိုက်ချင်တဲ့သူတွေချည်းပါဘဲ

လွမ်းတယ် ဆိုတာ ပြောတော့တာ လွယ်ပင်မယ့် ခံစားရတဲ့ ခံစားချက်ကို ပြောထွက်ဖို့ ဆိုတာ မလွယ်ပါဘူး

ကိုယ်လက်ရှိလွမ်းနေတာနဲ့  တန်အောင် တယောက်နဲ့  တယောက် ပြန်ဆုံတဲ့ အခါကျရင် အမြဲ မပြတ် နားလည်မှုကိုယ်စီနဲ့  ပြုံးနိုင်ကြ ပါစေ....................


မင်း နဲ့  ကို့ ကြားက ခြားထားတဲ့  အကွာအဝေးတွေကို
ကို မကြောက်ပါဘူး ချစ်သူရယ်..............
ခံစားရတဲ့  အလွမ်းဆိုတာတွေကိုလည်း
ခံနိုင်ရည်ရှိစွာနဲ့  ကို ကျော်ဖြတ်နိုင်ပါတယ်..........

...

ဒါပေမဲ့ 
မင်း ရဲ့  ဂရုစိုက်မူတွေ မပါပဲနဲ့  တော့  ဒါမှမဟုတ်
မင်း ရဲ့  အားပေးခြင်းတွေ မရှိပဲနဲ့ တော့  မဟုတ်ဘူးပေါ့ 
နည်းနည်းလေးတော့ ကို ဂရုစိုက်ခံချင်မိပါတယ

ပိုင်ဆိုင်မူဆိုတာ
ကိုယ်ချစ်ရတဲ့ ချစ်သူ အနားမှာ ရှိနေမှတဲ့ လား.............
ကို ကတော့  မင်းလေး ကို့ အနားမှာရှိမနေတာတောင်
မင်း နဲ့ ပတ်သတ်တဲ့  ပျော်ရွှင်ခြင်းမှန်သမျှကို လက်ခံရင်း
ပိုင်ဆိုင်မူ့ တခုလို့  မြင်တက်ခဲ့ ပြီ.................
တချို့ တချို့ သော ၀မ်းနည်းမူ့ တွေကို မမြင်ချင်ယောင်ဆောင်ရင်းပေါ့ 

 

တခြားတစ်ယောက်ကို ငါ ချစ်သွားမှာ
မစိုးရိမ်ပါနဲ့ ချစ်သူ...
ငါ့ ချစ်ခြင်းတွေက
မင်းတစ်ယောက်တည်းအတွက်
သော့ခက် သိမ်းဆည်းထားပြီးသားပါကွာ...။

တခုခု တွေးကြောက်ချိန်တိုင်း
အားတင်းလိုက်ပါ ချစ်သူ
နင့် ဘေးမှာ ငါတစ်ယောက်လုံးရှိနေတယ်လေ

တခုခု စိတ်ညစ်ချိန်တိုင်း
...
အားမလျော့ပါနဲ့ ချစ်သူ
နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ

တခုခု ၀မ်းနည်းချိန်တိုင်း
မငိုပါနဲ့ ချစ်သူ
နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ

တခုခုကြောင့် အထီးကျန်ချိန်တိုင်း
ငါတစ်ယောက်တည်းပါလားလို့ မတွေးပါနဲ့ချစ်သူ
နင့်ဘေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ

တခုခု ဆုံးဖြတ်ချိန်တိုင်း
အတွေးမမှားသွားပါနဲ့ ချစ်သူ
နင့်ဘေးကရှိနေတဲ့ငါက နင်နဲ့ထပ်တူခံစားတတ်လို့ပါ


 
မဆုံစည်းနိုင်သေးခင်ထိတော့ 
ငါတော့  ပြောနိုင်တာ သစ္စာရှိကြရအောင် ဆိုတဲ့ စကားလုံးလေးပါချစ်သူ.............

မတွေ့ ခင်အချိန်လေးအတွင်းတော့ 
ငါတို့ ခဏခဏရေရွတ်နေနိုင်တာ လွမ်းတယ်ဆိုတဲ့  စကားလုံးလေးပါချစ်သူ...........
...

ဒီလိုပါပဲချစ်သူရယ်............
တွေ့ တဲ့  အခါတိုင်းတော့ 
ငါတို့ မရိုးပဲပြောနိုင်တာ ချစ်တယ်ဆိုတဲ့  စကားလုံးလေးပဲဖြစ်ပါစေနော်...........

(ပုံရိပ်စစ်)

Monday 22 October 2012


♥♥ငါ့ရင်ထဲက ချစ်ခြင်းတွေ

♥♥နင့်အတွက် ထာဝရ

♥♥ပေးအပ်ထားတယ် ချစ်သူ

♥♥အမြဲတမ်း လက်တွဲမဖြုတ်ပဲ

♥♥ချစ်နေခွင့်ရှိနိုင်ပါစေ................

FB

Sunday 21 October 2012



♚ မိန်းကလေးတွေဟာ ရင့်ကျက်မှုမရှိကြဘူး ...
သူတို့ကို ဂရုစိုက်တာ, အလေးပေးတာ, အာရုံစူးစိုက်တာကို အမြဲ ခံချင်ကြတယ် ..

...
♚ သူတို့ဟာ စိတ်ခံစားမှုလည်း ပြင်းထန်ကြတယ် ...
ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးအတွက်တောင် မျက်ရည်ကျတတ်ကြတယ် ...

♚ သူတို့က ရှေ့နေတွေနဲ့လည်း တူသေးတယ် ...
မှန်တဲ့ကိစ္စကို အမှားလုပ်နိုင်ပြီး မှားတဲ့ကိစ္စကိုလည်း အမှန်လုပ်နိုင်ကြတယ် ....

♚ သူတို့ဟာ ဟန်ဆောင်လည်းကောင်းကြတယ် ...
ရင်ထဲမှာ ငိုနေရင်တောင် အပြင်မှာ ပြုံးနေတတ်ကြတယ် ..


ဒါပေမယ့် မိန်းကလေးတွေဟာ

✮ ခွင့်လွှတ်နိုင်စွမ်းရှိတယ် ...

✮ ချစ်ခင် ကြင်နာတတ်တယ် ...

✮ ဂရုစိုက်တတ်ကြတယ် ...

✮ ယုံကြည်လေးစားမှုလည်း ရှိကြတယ် ...


မိန်းကလေးတစ်ယောက်က သင့်ကို သူ့ချစ်သူအဖြစ် ရွေးချယ်လိုက်တယ်ဆိုရင် .. (များသောအားဖြင့်) အဲ့ဒါဟာ တစ်ဘ၀လုံးစာ အတွက်ပါပဲ ♥♥♥


ချစ်သူတွေ ဆိုတာ ကိုယ့်အပေါ် သူ ဘယ်လောက် ဂရုစိုက်တယ် ကြင်နာတယ် နွေးထွေးတယ် ဆိုတာ အမြဲ ရင်ထဲက သိနေတယ်
ဒါပေမယ့် အပြင်မှာ လည်း အဲဒီလို မျိုး အမြဲ လိုချင်နေကြတယ်

ချစ်သူကို ကိုယ့်ရဲ့  အရိပ်လေး လိုဘဲ အနားမှာ အမြဲ ရှိစေချင်တယ်
အလင်းရောင်ရှိမှ အရိပ်
ဆိုတာ ထွက်လာပင်မယ့် ကိုယ်ကတော့ မင်းကို အလင်းမဲ့တဲ့ အရိပ်မျိုး အဖြစ်လည်း ရှိနေစေချင်တယ်

ချစ်သူကို အလင်းရှိရှိ မရှိရှိ ကိုယ့်ရဲ့  အနားမှာအမြဲ ကိုယ်ပွားလေး အဖြစ်နဲ့  စက္ကန့် မိနစ်တိုင်း သူ့ ကို ထာဝရ ချစ်ခွင့်ရချင်တယ်


ကမ္ဘာတစ်ခြမ်းမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့
နင်မရှိတဲ့ နောက်ကမ္ဘာတစ်ခြမ်းမှာ
နေသားကျပြီးတဲ့ ငါ
နင် မရှိတော့ရင် .... ဆိုတဲ့အတွေးနဲ့တင်
ငါ သွေးပျက်ခြောက်ခြား နေမိတယ်

အရာရာ နေသားကျအောင်
ငါ့စိတ်ထဲ ကြိုတင်ပြင်ဆင်ခွင့်ပေးခဲ့တဲ့
ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမလား
...
နင့်အတွက် မတရားတဲ့
ကံကြမ္မာကိုပဲ စိတ်နာပစ်ရမလား

သေချာတဲ့ ကန့်သတ်ချက်တွေကြားမှာ
တို့နှစ်ယောက် အချစ်တွေ
သက်ဆုံးတိုင် စေရမယ် ချစ်သူ
နောက်ဆုံးစက္ကန့်အထိ လက်တွဲထားကြမယ်
နေ၀င်ချိန်တိုင်းကို အတူခံစားကြမယ် ...

Saturday 20 October 2012


လရောင်လို အေးမြနေတဲ့ သူရဲ့

အေးချမ်းတဲ့ ချစ်မေတ္တာ

နေရောင်လို တောက်ပတဲ့

သူရဲ့ချစ်မေတ္တာစွမ်းအားရဲ့

အလင်းရောင်

...
ပန်တပွင့်လိုအမြဲ

မွှေမြအေးချမ်းစေတဲ့သူရဲ့

ချစ်မေတ္တာ

ဘ၀ကို ယုံကြည်စိတ်ချအားကိုး

နေတတ်အောင်

သင်ပေးတတ်တဲ့ ချစ်သူရယ်

ဘ၀ရဲ့ ပျော်ရွှင်မူလေးတွေ ကို ဖန်တီးပေးတတ်တဲ့

ချစ်သူ တစ်ယောက် ပေးထားတဲ့

လောကကြီးရေ တကယ်ကို

ကျေးဇူး ကမ္ဘာကြီးပါ ကမ္ဘာမြေကြီးရယ် . . . .

ထာ၀၇ အမြဲ အနားမှာအားပေးတတ်တဲ့ သူ

ထာဝရ ဘ၀အတွက် မျှော်တွေးတတ်တဲ့ သူ

ထာဝရနှစ်ယောက်အတူတူ နီးစပ်ဖို့ကြိုးစားနေတဲ့ သူ

ထာဝရ ချစ်ရသူရေ

ဘ၀ရဲ့ အခက်အခဲတွေ ကိုရင်ဆိုင်ဖို့.....

..









ခွန်အားပေးနေတဲ့ ချစ်သူရေ

ကျေးဇူးတင်ပါတယ် . .♥ .♥ .♥ .


အချစ်ဆိုတာ .....
အရမ်းချစ်မိတဲ့လူက ခံစားရတာပါပဲ
တခြားလူအတွက်က ဘာမှမဟုတ်ဘူးဆိုပေမယ့်
အရမ်းချစ်မိတဲ့သူအတွက်ကြတော့ အသေးအမွှားကိစ္စလေးတွေတောင်
ခံစားရပါတယ် တခါတခါ ရင်ထဲမှာနင့်နေအောင်ခံစားရပေမယ်
ဟန်ဆောင်ပြီး ကျေနပ်ပေးလိုက်ရတွေလည်း အများကြီးပါပဲ


စိတ်ညစ်နေမလား
အားမငယ်ပါနဲ့ ချစ်သူ
နင့်အတွက် ပျော်ရွှင်စေသူက ငါ ဖြစ်စေရမယ်လေ

ဝမ်းနည်းနေမလား
ဘေးတချက်ကိုငဲ့ကြည့်လိုက်ပါလား ချစ်သူ
အဖော်ပြုနှစ်သိမ့်မယ့်သူ ငါ ရှိနေခဲ့တယ်လေ

ဝေးကွာသွားမလားလို့
စိုးရိမ်နေလား ချစ်သူ
ဘယ်တော့မှခွဲမသွားမယ့်လက်တစ်စုံ အပြုံးများနဲ့ ကမ်းလင့်နေတယ်လေ

H.T


မျောှ်လင့်ခဲ့တဲ့ မနက်ဖြန်တိုင်းမှာ နင် အမြဲပါတယ် မင်းရဲ့ အနာဂါတ်ထဲမှာလည်း ကို့ နာမည်ပါရဲ့လား

လျှောက်ချင်ခဲ့တဲ့ ခြေလှမ်းတိုင်းမှာ မင်းရဲ့လက်ကိုတွဲထားချင်တယ် မင်းတွဲချင်တဲ့လက်တစ်စုံဟာ တကယ်ရော ကို ဖြစ်နိုင်လား

နှစ်သိမ့်မှု့လိုအပ်ချိန်တိုင်း မင်းရဲ့ပုခုံးကို မှီထားချင်တယ် င်း ၀မ်းနည်းချိန်မှာ သတိရတတ်တာ ကို မှဟုတ်ရဲ့လား

မင်းအတွက်ဆို့ ကို့အချစ်မှာ သံသယတွေများ အရမ်းများနေမလား..??? ကို့ ရဲ့သံသယတွေအတွက် အဖြေဟာ တခုပဲရှိပါတယ် ချစ်သူရယ် ကိုလေ မင်းကို အရမ်းချစ်တယ်...


♥မက်ခဲ့တဲ့ အိပ်မက်တွေတိုင်းမှာ နင်နေရာအမြဲယူခဲ့တယ်ဆိုတာ နင်သာသိရင် .....

♥တွေးခဲ့ဖူးတဲ့ အနာဂါတ်မှာ နင့်အကြောင်းမပါရင်မပြီးခဲ့ဘူးဆိုတာ နင်သာသိရင် .....

♥မျော်လင့်ခဲ့ဖူးတဲ့ မနက်ဖြန်တိုင်း နင့်နားမှာ အမြဲ၇ှိချင်ခဲ့တာ နင်သာသိရင် .....

♥အမြဲတမ်းစိတ်ကောက်တတ်ပေမယ့် နင့်ကို ငါအရမ်းချစ်တယ်ဆိုတာ နင်သာသိရင် ......

♥နင်သာသိရင်....

♥အဝေးဆုံးကို ဘယ်တော့မှထွက်မသွားပါနဲ့ချစ်သူရယ် ....

H.T

Friday 5 October 2012

ချစ်သူရေ ♥ . ♥ .♥

ငါမှာ နင့်ထက်ကောင်းတဲ့သူကို

မတွေ့ဆုံနိင်တာမပာုတ်ပါဘုး

ငါ့မှာနင်ရှိနေပြီးပဲ နင့််ထက်ကောင်းတဲ့သူကို

မတွေ့ဆုံချင်တော့လို့ပါ ချစ်သူရယ် . . .

ငါ တခြားသူတွေစိတ်ဝင်စားအောင်

မလုပ်နိင်တာမပာုတ်ပါဘူး

ငါ့ဘ၀ထဲမှာ နင်ရှိနေပြီးပဲ တခြားသူတွေ

အပေါ်စိတ်ဝင်စားစရာမလိုတော့ လို့ပါ ချစ်သူရယ် . . . .

ငါ့မှာသူတို့ထက်အလေးထားရမယ့်သူ နင်ရှိနေပြီပဲ ချစ်သူရယ် . . . .

ချစ်သူ နင်လိုအပ်ချိန်မှာ ငါအဆင့်သင့်ရှိနေပေးနိုင်သူ . . . .

နင်ဝမ်းနည်းနေချိန်မှာ ပခုံးတစ်ဘက်မျှဝေပေးနိုင်သူ . . . . . .

နင်ဝမ်းသာချိန်မှာ ဆည်းလည်းသံ

ထက်သာအောင်ရယ်မောပေးနိုင်သူအဖြစ်နဲ . . . .

ငါ နင့် အနားမှာတသက်လုံအတွက်ပေါ့ ထာဝရရှိနေမှာပါ ချစ်သူရယ် . . . .


`အရမ်းချစ်တယ်´ဆိုတဲ့
စကား....
ငါ့နှုတ်ဖျားက ခဏခဏ
မကြားချင်ပါနဲ့.....။
 

ငါ့မျက်လုံးကို
သေချာကြည့်....
ငါ့ရင်ထဲအထိ
မင်းမြင်လိမ့်မယ်......။

တစ်ရက်လောက်တော့
စကားလုံးနဲ့တန်ဖိုးဖြတ်လို့မ၇တဲ
အရာတွေအကြောင်း......
မင်းကို........စာလုံးပေါင်းပြအုံးမယ်.....။

ချစ်စ ခင်စ ကြင်နာစ
အကြင်နာပို အပျောက်မခံလို့
အရိပ်မဲ့ ကြယ်လေး ထိုင်ငေးတာတောင်
ပီတိက ဖြစ်သတဲ့ ...

နားလည်မှု့ဆိုတာ တွေးစရာမလို
ဂရုတစ်စိုက် ဖေးမလာကြတာ
ရာသီတွေတောင်အို
နှစ်တွေတောင် ပြိုခဲ့ပေါ့ ...

စိတ်ကူးအိမ်မက် နီးရတော့မှ
နားလည်မှု့တွေလွဲ
ဝေးရတော့မယ်ဆိုတာတော့
တရားရဲ့လား ချစ်သူ...

...မတွေးတော့ဘူး
......မဆွေးတော့ဘူး
............အတိတ်ဆိုတာကို မမေ့လိုက်ဘူး
......................ငါ့အကြောင်းတွေးမိမယ် ဆိုရင်တော့
....................................ငါ ချစ်ခဲ့ဖူးတာလေး သတိရပေးပါ

ချစ်တတ်တဲ့ ငါ့နှလုံးသားကို အပြစ်မတင်ပါဘူး

ထိန်းချုပ်လို့မရတဲ့ ငါ့ရဲ့စိတ်ကိုပဲ အပြစ်တင်မိတယ်

လွမ်းတတ်တဲ့ ငါ့ရင်ဘတ်ကို အပြစ်မတင်ပါဘူး

သတိရနေတဲ့ ငါ့ရဲ့ဦးနှောက်ကိုပဲ အပြစ်တင်မိတယ်

ချစ်သူရယ်..............

"ချစ်တယ်" ဆိုတဲ့စကားလုံးထက်

လေးလေးနက်နက် မြတ်နိုးပြီး

မင်းကိုတန်ဖိုးထားတယ်...

"လွမ်းတယ်" ဆိုတဲ့စကားလုံးထက်

ရူးရူးမူးမူး စွဲလမ်းပြီး

မင်းကိုတမ်းတနေတာအမှန်ပါပဲကွယ်.......
 


လွမ်းရတဲ့မနက်ခင်း
အိပ်ယာနိုးနိုးချင်းမှာ
မင်းပို့ထားတတ်တဲ့ message လေးမျှော်မိတာ
ဘာလို့လဲ...?

လွမ်းရတဲ့နေ့
ရှူရှိက်မိတဲ့ လေထုထဲမှာ
မင်း အငွေ့သက်လေးပါလာတာ
ဘာလို့လဲ...?

လွမ်းရတဲ့ည
အိမ်မက်တွေထဲ
မင်းအရိပ်လေး လာရောက်ခိုးနားတာ
ဘာလို့လဲ ...?

ငါအရမ်းလွမ်းနေသလို
မင်းကော အရမ်းလွမ်းနေမလားလို့
တွေးမိတဲ့ တခဏ ငါ့ကမ္ဘာဟာ ခဏပြိုတယ် ချစ်သူ...။

နာကျင်မိတဲ့ ရင်ဘတ်တစ်စုံကို
ဝေ့တက်လာတဲ့ မျက်ရည်စနဲ့ အတူ
တိုးတိုးတိတ်တိတ် ဖုံးအုပ်ရင်း
ငါ တမ်းတမ်းတတလေး ပြောမိလိုက်တယ်
မနက်ဖြန်ရဲ့ မနက်ခင်းမှာ
ငါမင်းအနားကို အမြန် ရှိချင်ပြီ ချစ်သူရယ်......။


ထားရာနေ စေရာသွား..
ဝတ္တရားများနဲ့  လူ…
မေ က အဲဒီလူရဲ့ ချစ်သူတဲ့ လား...............

ဝေးကွာခြင်းတွေက ကြီးစိုးနေတော့ 
သတိရခြင်းတွေက နှင်းထုလို အရည်မပျော်နိုင်သေးတာ သိပ်တော့  မဆန်းပါဘူး..............

မတွေးရဲတာ.က.
တစိမ်းတွေ ကြားဝင်လာမဲ့အရာ..

အတွေးထဲမှာ..ရှိနေတာ
ခိုင်မြဲတဲ့  သစ္စာ..

အချစ်မှာ ရင်ခုန်စရာတွေရှိသမျှ
တနေ့ နေ့ တော့  ပြန်ဆုံမှာပါ ချစ်သူရယ်...............

နင်မပါလည်း
ငါ နဘေးမှာ နင်၇ှိနေသလိုခံစားရတယ်..............
နင်မလာလည်း
ပြင်းပြသော သတိရခြင်းနဲ့  လေးလေးနက်နက် သတိရသလို ခံစားရတယ်...........

ဘာဖြစ်လို့ လဲသိလား....

တစ်ယောက်သောသူကို
ရင်ထဲမှာ ထည့် ထားမိရင်
အနေနီးနီး ဝေးဝေး
သူ နဲ့ ပတ်သတ်တဲ့  အကြောင်းအရာတွေက လာဆက်နွယ်လေ့ ရှိတယ်လေ

Thursday 4 October 2012

ရင်ထဲမှာ ထာဝရရှိနေမယ်

တစ်ချက်ကလေးကြည့်လိုက်ယုံနဲ့ ရင်ခုန်သွားတာလား 
- အဲဒါအချစ်မဟုတ်သေးဘူး

သူ့ရဲ့ကြင်နာ ဂရုစိုက်မှုတွေကို သာယာနေမိသွားတာလား 

- အဲဒါအချစ်မဟုတ်သေးဘူး

သူ့ရဲ့စကားသံတွေကို ငေးမောမှင်သက်မိသွားတာလား 

- အဲဒါအချစ်မဟုတ်သေးဘူး

ကိုယ့်အတွေးတွေထဲ သူဟာ အချိန်တိုင်းနေရာယူနေတတ်တာလား
- အဲဒါအချစ်မဟုတ်သေးဘူး

“ သူကောင်းတာပဲမြင်ချင်တယ် သူ့အကျိုးကိုပဲလိုလားတယ် သူပျော်ရွှင်စေဖို့ ကိုယ်မျက်ရည်ကျပေးနိုင်ပြီလား - အဲဒါကို အချစ်လို့ခေါ်တယ် ”