မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 25 February 2013

နင်ကိုယ်တိုင် ဖန်တီးထားတဲ့............

မပြောချင်တော့တာ မဟုတ်ဘူး ချစ်သူ...
ပြောဖို့စကားလုံးတွေ မရှိတော့တာပါ...

အရင်လို မနွေးထွေးတော့တာ မဟုတ်ဘူး ချစ်သူ...
ငါ့ရဲ့အကြင်နာတွေ နင့်အတွက်မလိုအပ်တော့လို့ပါ...

မလွမ်းတော့တာ မဟုတ်ဘူး ချစ်သူ...
ငါ့ရဲ့အလွမ်းတွေက နင့်အတွက်ဟာသ
တပုဒ်ဖြစ်နေတက်လို့ပါ...

မချစ်တော့တာ မဟုတ်ဘူး ချစ်သူ...
နင့်ရဲ့အချစ်တွေက ငါ့အတွက်မဟုတ်တော့လို့ပါ...

ငါထားခဲ့တာ မဟုတ်ဘူး ချစ်သူ...
နင်ကိုယ်တိုင်လှည့်ထွက်သွားခဲ့တာပါ...

နင့်ကိုယ်ငါ မေ့သွားတာမဟုတ်ဘူး ချစ်သူ...
ငါတို့နှစ်ယောက်ရဲ့နှလုံးသားနှစ်ခုကို ဝေးသထက်
ဝေးသွားအောင် နင်ကိုယ်တိုင်ပဲဖန်တီးခဲ့တာပါ...

phoe phyu

No comments:

Post a Comment