မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 18 February 2013

ဟိုး အဝေးကြီးက ချစ်တဲ့သူ.......

ဟိုးအဝေးကြီးကနေ တစ်ခါတရံမှသာပြုံးပြနိုင်တဲ့
ငါ့ချစ်သူရဲ့ အပြုံးတွေသာ ငါ့အတွက်တော့
အတောက်ပဆုံး အပြုံးလေးတွေပါ..........

ဟိုးအဝေးကြီးမှာရှိနေတဲ့ ချစ်သူကိုငါအရမ်းလွမ်းနေရပေမဲ့
သူ့ ရဲ့ အရမ်းလွမ်းတယ် ဆိုတဲ့ စကားတခွန်းကြောင့်
ငါ့ရင်ထဲမှာ အလွမ်းတွေက ချိုမြိန်နေခဲ့တယ်....

ဟိုးအဝေးကြီးမှာ ရှိနေခဲ့ပေမဲ့ ငါ့ချစ်သူရဲ့ ရင်ခွင်လေးသာ
ငါ့အတွက်တော့ နွေးထွေးမှု နဲ့ လုံခြူံမှုတွေအပေးနိုင်ဆုံးသော
ရင်ခွင်လေး တစ်ခုဖြစ်နေခဲ့တာပါ.....

တကယ်တော့အချစ်စစ်ကိုရရှိသွားကျတဲ့သူတွေဟာ
အနေဝေးနေလို့  တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုပဲ
လွမ်းနေရပါစေ ချစ်သူရဲ့ အသံလေးကိုကြားလိုက်ရတာနဲ့ တင်
ကိုယ့်ရဲ့ စိတ်တွေကအလိုလို ပျော်ရွှင်နေတတ်ကျတာပါ.............

khin myo aye

No comments:

Post a Comment