မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 18 November 2013

These Time

အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ

အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ  နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်

ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို 
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ  

ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို  ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့

I Miss U So Much My <3  :'(  :'( :'(


Khin Myo Aye [ Poem ]
အခုလိုချိန်လေးမှာ နင့်လက်လေးကိုတွဲပီး အတူတူ
လျှောက်လည်ခွင့်လေးသာရနိုင်မယ်ဆ
ိုရင် ငါအရမ်းပျော်
နေမိမှာ သိလား ချစ်သူ

အခုတော့ ပျော်နေကြတဲ့ ချစ်သူစုံတွဲလေးတွေကို
ငေးကြည့်နေရင်းနဲ့ တစ်နေ့ ငါတို့လဲ အတူတူရှိနေခွင့်
ရပါစေဆိုတဲ့ဆုတောင်းလေးနဲ့ပဲ နင့်ကို ငါ အရမ်းလွမ်း
နေမိတယ် ချစ်သူရယ်

ဟိုးအဝေးကြီးမှာငါသိပ်ချစ်ရတဲ့ နင်လဲ ငါ့ကို
သတိရတဲ့ စိတ်တွေနဲ့အတူ တမ်းတနေမိမယ်လို့လဲ
ငါ မျှော်လင့်နေပါတယ် ချစ်သူ

ဒါပေမဲ့ အားတင်းထားပါတယ်…ချစ်သူရယ်
တစ်နေ့ ပျော်ရွှင်မှုလေးတွေကို ငါတို့နှစ်ယောက်အတူတူ ခံစားခွင့် ရမယ်ဆိုတဲ့အတွေးလေးတွေနဲ့ပေါ့

I Miss U So Much My LoVE


Khin Myo Aye [ Poem ]

Sunday 21 July 2013

အများနဲ့ မတူတဲ့ တစ်ယောက်သောသူ




မောင်
အများပြောတဲ့ သားချောမဟုတ်ပေမယ့်
အရာရာသော သူတို့ထက်
သာလွန်ပါတဲ့မောင်

မောင်
အများအတွက်
ပြောစမှတ်မရှိပေမယ့်
မေ့အတွက်တော့် အတောမသတ်တဲ့
အချစ်တွေနဲ့ ရှိနေတဲ့မောင်

မောင်
သူတလူငါတမင်း
လူမင်းတွေရှိနေလဲ
အရာရာ မင်းသဘော
ရှေ့တန်းတင်ပေးတဲ့မောင်

မောင်
ငွေကြေးတွေ ပုံအောမပေးလေပေမယ့်
တန်ဖိုးအကြီးဆုံး စိတ်ဓါတ် ရတနာကို
ပိုင်ဆိုင်ပါတဲ့မောင်
မောင်ရေ……….
ဒီဘ၀မှာ ကံကောင်းလှတဲ့မေ
နောင်များလည်း ကံကောင်းချင်ရဲ့မောင်ရယ်
အရာရာတိုင်းထက်
မောင်ဆိုတာ
အရိပ်လို စေစားနေလေရဲ့
ကျေးဇူးပြုပြီး အချစ်တွေ ပိုပိုတိုးလာတဲ့အတွက်
နေပြင်းပြင်းကြီးတော့် မပူချလိုက်ပါနဲ့နော်
မေ့အချစ်သစ်ပင်လေး နေဒါဏ် မခံနိုင်မှာစိုးလို့ပါ မောင်ရယ်…………..။

 မောင့်ချစ်သူ


.•♥♥•.¸✽¸.•♥♥•.¸✽¸သီရိမေ✽¸.•♥♥•.¸✽¸.•♥♥•.

စိုးစိတ်



တစ်ကယ်တော့် အချစ်ဆိုတာ

ရိုလာကိုစတာ စီးရသလိုပါပဲလား

ဘယ်သူမှ အတင်းအကြပ်

မစီးစေပါပဲ

တက်စီးဖြစ်သလို

ပြုတ်မကျလောက်ပါဘူး

တွေးထားပေမယ့်လဲ

ကြောက်နေတတ်ပြန်ရော

ကိုယ်ကိုင်ထားတဲ့ လက်တန်း

ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ

ဟုတ်ပါတယ်

အချစ်ကို 

ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်

ချစ်မိတတ်ကြပါတယ်

ကိုယ်ချစ်တဲ့ချစ်သူကလဲ 

ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်

ကြောက်စိတ်တော့် ဖြစ်နေတတ်ပြန်ရော

ဘယ်လောက်ပဲ သစ္စာတွေရှိရှိ

တစ်ချိန်ချိန်မှာ တစ်ချို့ချို့ကြောင့်ဆိုပြီး

စိတ်ပူနေတတ်ပြန်ရော

ကိုယ်ချစ်တဲ့ချစ်သူက

ကိုယ့်ကို ဘယ်သောအချိန်ထိ ချစ်နေနိုင်ပါ့မလဲလို့

မဆုံးဖြတ်နိုင်ပါဘူးလေ

ဒါပေမယ့်

သေချာပါတယ်

နောက်ထပ်လဲ ရိုလာကိုစတာကို မစီးတော့်ဘူးလို့

ဘယ်တော့မှ မတွေးမှာကိုပေါ့




မောင့်ချစ်သူ


.•♥♥•.¸✽¸.•♥♥•.¸✽¸သီရိမေ✽¸.•♥♥•.¸✽¸.•♥♥•. 

Saturday 20 July 2013

ချစ်ခြင်းဖွဲ့ ဋီကာ



မောင်ရေ

အခြေအနေတွေမပေးလို့

ဝေးကွာနေပေမယ့်

မောင်နဲ့အတူ မေ အမြဲရှိနေတယ်ဆိုတာ

သတိရပေးပါနော်


မောင်ရေ

မောင်နဲ့တွေ့ချိန်မှာ 

မေ စောင့်မျှော်တတ်တာကို

မေ တစ်ခါတစ်လေ ပျက်ကွက်ခဲ့ရင်

မောင် နားလည်ပေးပါနော်


မောင်ရေ

မေနဲ့အတူ အနာဂါတ်လမ်းကို

တူတူလျှောက်ကြဖို့

မောင်ဆွေးနွေးပေးတဲ့

မောင့်ရဲ့ နွေးထွေးမှုတွေတိုင်းမှာ

မေ သာယာပါတယ်မောင်


မောင်ရေ

အရာရာ မေ့ရှေ့ကနေ မားမားမတ်မတ်

ရပ်တည်ပေးမယ်ဆိုတဲ့

မောင့်ရဲ့ ယောင်္ကျားကောင်း စိတ်ဓါတ်ကို

မေ လေးစားဂုဏ်ယူနေမိတယ်ဆိုတာ

မောင် တစ်ယောက် သိပါစေနော်


မောင်ရေ

မေတို့ တူတူလျှောက်လှမ်းကြမယ့်

ဘ၀ခရီးလမ်းမှာ

မောင့်ကို ယုံကြည် နားလည်မှုတွေနဲ့

အားကိုးသွားမယ်ဆိုတာ

မောင် အတွေးလေးထဲ

အမြဲရှိနေပေးပါနော်


မောင်ရေ

မေပြောချင်တဲ့ 

စကားတွေကို 

ပြောပြခွင့်ရအောင်

ရှိနေပေးတဲ့ 

မောင့်ရဲ့ ရင်ခွင်လေးကို
မေ အရမ်း ချစ်တယ်မောင်


¸,¤°´'`°•.¸O¸.•°´'`°¤,¸ ♥ I LOVE YOU ♥ ´'`°¤¸¸.•'´O`'•.¸¸¤°´'


 
မောင့်ချစ်သူ 
 
 
.•♥♥•.¸¸.•♥♥•.¸¸သီရိမေ¸.•♥♥•.¸¸.•♥♥•. 

Friday 19 July 2013

နင့်ဂရုစိုက်မှုတွေသာ ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ.......နင် ငါ့ဘ၀လေးထဲမှာရှိနေမယ်ဆို
ဘာမှမလိုအပ်ပါဘူး.......နင့် အချစ်တွေအားလုံးကိုသာ
ပိုင်ဆိုင်ရတဲ့သူ ငါတစ်ယောက်တည်း  ဖြစ်ချင်ပါတယ်

ချစ်သူ..... နင် ငါ့ကို အမြဲတမ်းချစ်နေပေးမယ်ဆို
ဘာမှမမျှော်လင့်ပါဘူး..... နင်လဲ ငါ့အချစ်တွေနဲ့ အမြဲထာဝရ
ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ်

ချစ်သူ..... နင် ငါ့ရဲ့ လက်ကိုတွဲထားမယ်ဆို
ငါ ဘာမှ မလိုချင်ပါဘူး.........နင့်ဂရုစိုက်မှုတွေသာ
ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ....နင်နဲ့ ဘ၀တစ်ခုကို တည်ဆောက်တော့မယ်ဆို
ဘာမှထပ်မလိုချင်တော့ပါဘူး....နင့် အချစ်တွေသာ ငါ့အပေါ်
အမြဲတမ်းသစ္စာရှိနေဖို့ အတွက်ပဲ ငါ မျှော်လင့်တာပါ
ချစ်သူရယ်.................

khin myo aye

အရမ်းချစ်တယ်................... ************.`• .¸.•´(¯`♥´¯)..မောင်..............



♥ ♥ ♥ မောင်♥ ♥ ♥

မေသိပါတယ်

မောင် မေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ

♥ ♥ ♥ မောင်♥ ♥ ♥

မောင်လဲ သိပေးပါနော်

မေ မောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ

မောင်ရယ် ♥ ♥ ♥

မေ့ရင်ထဲမှာ

မောင်ဆိုတာ ဘယ်တော့်မှ

နောက်တစ်ယောက် မထည့်နိုင်လောက်အောင်ကို

မောင့်အတွက် နေရာ အပြည့်ပါမောင်

မောင့်ကို ချစ်တဲ့အချစ်ကို

မေ ဘယ်တော့်မှ မလျှော့သွားပါဘူးမောင်ရယ်

မောင်နားလည်ထားပေးပါနော်

မောင်သာ မေ့ဘ၀ပါမောင်


(¯`♥´¯)...မြန်မာလိုပဲ....
.`•.¸.•´(¯`♥´¯) ..ရိုးရိုးရှင်းရှင်းလေးပြောမယ်နော်
******.`•.¸.•´( ¯`♥´¯).. အရမ်းချစ်တယ်...................
************.`• .¸.•´(¯`♥´¯)..မောင်..............
*************** ***.`•.¸.:*…
မောင့်ချစ်သူ
.•♥♥•.¸¸.•♥♥•.¸¸သီရိမေ¸.•♥♥•.¸¸.•♥♥•.

ဆုတောင်းသာ ပြည့်မယ်ဆိုရင်











အချစ်!

လူတိုင်းနဲ့ သက်ဆိုင်ပေမယ့်
မေ ချစ်တဲ့အချစ်တွေက
မောင် တစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်မောင်

အသက်!
လူတိုင်းအသက်ရှုနေတာ မှန်ပေမယ့်
မေ ရှုသွင်းလိုက်တဲ့ လေတိုင်း
မောင်ဆိုတဲ့ ချစ်ရနံ့လေး
အမြဲပါဝင်နေတယ်ဆိုတာ
မေ ကိုယ်တိုင်မေပဲ သိပါတယ်မောင်

မေ့ရဲ့ မနက်နိုးထတိုင်း
မောင်ဆိုတာနဲ့ အစပြုသလို
မေ့ရဲ့ မျက်စိမှိတ်လို့ အိပ်စက်ချိန်တိုင်း
မောင် ဆိုတဲ့ ချစ်သူမောင်က
နေရာ ယူနေတယ် မောင်ရယ်

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
မောင်နဲ့ တစ်ဘ၀လုံး တွဲလက်မဖြုတ်ပဲ
လက်တွဲလျှောက်လှမ်းနိုင်ပါစေသား!!!
ဘ၀ဆက်တိုင်း
ကိုယ့်ကိုချစ်သောသူ
ကိုယ်က ချစ်သောသူ နှင့်သာ
ဘ၀ခရီးတစ်လျှောက် လျှောက်လှမ်းရပါစေသား!!!


မောင့်ချစ်သူ

.•♥♥•.¸¸.•♥♥•.¸¸သီရိမေ¸.•♥♥•.¸¸.•♥♥•.