မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Tuesday 5 February 2013

Photo: မိန်းကလေးတိုင်းမှာ 
စိတ်ကူးယဉ်အိပ်မက် ကိုယ်စီရှိခဲ့ကြတယ်
စိတ်ကူးထဲမှာ 
ကိုယ်ဟာ ရွှေမင်းသမီးလေးဖြစ်တော့
သူက ကိုယ့်ရဲ့ရွှေမင်းသားလေးပေါ့
သိပ်လှပတဲ့ အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်က 
ခမ်းနားလှပတဲ့ မင်္ဂလာခန်းမကြီးမှာ 
ချစ်သူနှစ်ဦး ပျော်ရွှင်မဆုံး တပြုံးပြုံးနဲ့ပေါ့

တကယ်တော့ 
အချစ်ဇာတ်လမ်းတိုင်းဟာ
စိတ်ကူးယဉ် အိပ်မက်လိုတော့
သိပ်လှပ မနေပါဘူး ...
ဒါ့ကြောင့် 
အချစ်ကြောင့် ပူလောင်ရသည်ဖြစ်စေ
ပျော်ရွှင်ကြည်နူးရသည်ဖြစ်စေ 
ဝမ်းနည်းကြေကွဲရသည်ဖြစ်စေ
စိတ်ကူးယဉ်အိပ်မက်နဲ့ မနှိုင်းယှဉ်ပါနဲ့
သူများနဲ့ မနှိုင်းယှဉ်ပါနဲ့
ကိုယ့်ရဲ့လက်တွေ့ဘ၀နဲ့ သုံးသပ်ဆင်ခြင်ပြီး
မေတ္တာကိုလမ်းခင်း သစ္စာပန်းကြဲပြီး 
အခက်အခဲ ဆူငြောင့်တွေ့တိုင်း 
ချစ်သူလက်ကို မဖြုတ်စတမ်းတွဲလို့ 
ဟန်ချက်ညီ လျှောက်လှမ်းရင်း 
သာယာတဲ့ဘ၀ကို တည်ဆောက်နိုင်ကြပါစေ ... 


@ ကဗျာ ချစ်သူ (S&S) 
240113 (Thursday) 5:15 pm
မိန်းကလေးတိုင်းမှာ
စိတ်ကူးယဉ်အိပ်မက် ကိုယ်စီရှိခဲ့ကြတယ်
စိတ်ကူးထဲမှာ
ကိုယ်ဟာ ရွှေမင်းသမီးလေးဖြစ်တော့
သူက ကိုယ့်ရဲ့ရွှေမင်းသားလေးပေါ့
သိပ်လှပတဲ့ အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်က
ခမ်းနားလှပတဲ့ မင်္ဂလာခန်းမကြီးမှာ
ချစ်သူနှစ်ဦး ပျော်ရွှင်မဆုံး တပြုံးပြုံးနဲ့ပေါ့

တကယ်တော့
အချစ်ဇာတ်လမ်းတိုင်းဟာ
စိတ်ကူးယဉ် အိပ်မက်လိုတော့
သိပ်လှပ မနေပါဘူး ...
ဒါ့ကြောင့်
အချစ်ကြောင့် ပူလောင်ရသည်ဖြစ်စေ
ပျော်ရွှင်ကြည်နူးရသည်ဖြစ်စေ
ဝမ်းနည်းကြေကွဲရသည်ဖြစ်စေ
စိတ်ကူးယဉ်အိပ်မက်နဲ့ မနှိုင်းယှဉ်ပါနဲ့
သူများနဲ့ မနှိုင်းယှဉ်ပါနဲ့
ကိုယ့်ရဲ့လက်တွေ့ဘ၀နဲ့ သုံးသပ်ဆင်ခြင်ပြီး
မေတ္တာကိုလမ်းခင်း သစ္စာပန်းကြဲပြီး
အခက်အခဲ ဆူငြောင့်တွေ့တိုင်း
ချစ်သူလက်ကို မဖြုတ်စတမ်းတွဲလို့
ဟန်ချက်ညီ လျှောက်လှမ်းရင်း
သာယာတဲ့ဘ၀ကို တည်ဆောက်နိုင်ကြပါစေ ...


@ ကဗျာ ချစ်သူ (S&S)

No comments:

Post a Comment