မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 7 February 2013

နင်နဲ့ ပါတ်သက်ရင် ချစ်လျှက်နဲ့ 
ဝေးနေရတာတောင် ငါခံနိုင်ရည် မရှိခဲ့ဘူး...

နင်နဲ့ ပါတ်သက်ရင် ခံစားလွယ်တဲ့ငါ
သ၀န်တို စိတ်တွေလဲ ပိုလွန်းနေခဲ့တယ်....

နင်နဲ့ ပါတ်သက်ရင် အတ္တကြီးနေတတ်တဲ့ငါ
တစ်ခြားသူ ပိုင်ဆိုင်သွားမှာကိုလဲကြောက်နေခဲ့တယ်....

အချိန်တွေကိုသာ ငါပြောင်းပစ်လို့ ရခဲ့မယ်ဆို
နင်ငါ့ဘေးနားကို ရောက်လာမဲ့ အချိန်ကိုပဲ
ငါ ရအောင် ပြောင်းပစ်လိုက်မှာပါ.........

ခုတော့ နင့်ကိုလွမ်းရလွန်းလို့ ငါဘယ်လိုမှ
ခံနိုင်ရည်မရှိတော့ဘူး ချစ်သူရယ်..............

khin myo aye

No comments:

Post a Comment