မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 21 February 2013

မနက်ဖြန်ဆိုတာ ရှိနေသရွေ့... ငါလည်းမျှော်လင့်ချက်တွေနဲ့ အသက်ဆက်နေမိမှာပဲလေ.....။


ဘာပဲဖြစ်ဖြစ်လေ....
သူ အရာရာပြည့်စုံနေပါစေ..
ရယူခြင်း ကင်းမဲ့နေရင်....
ကိုယ်ရဲ့ဂရုစိုက်မူလေးတွေကို..
တနေ့နေ့တော့.. မြင်တက်လာမှာပါ။

ဘာပဲဖြစ်ဖြစ်လေ...
သူ ရယ်မောပျော်ရွှင်နေပါစေ...
ပေးဆပ်မူတွေသာရှိနေရင်...
ကိုယ့်ရဲ့ နာကျင်ခံစားမူတွေကို..
တနေ့နေ့တော့..လက်ခံလာမှာပါ။

ဘာပဲဖြစ်ဖြစ်လေ...
သူ သတိမပြုမိခဲ့ချင်နေပါစေ..
အကြင်နာတွေသာစစ်မှန်ရင်...
ကိုယ့်ရဲ့တဖက်သတ်ရင်ခုန်သံတွေကို...
တနေ့နေ့တော့ အသိမှတ်ပြုလာမှာပါ။

မနက်ဖြန်ဆိုတာ ရှိနေသရွေ့...
ငါလည်းမျှော်လင့်ချက်တွေနဲ့ အသက်ဆက်နေမိမှာပဲလေ.....။
 

◘မင်းအလင်္ကာ

No comments:

Post a Comment