မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 12 August 2012


x=x=x=x  သက်ဆုံးတိုင်  x=x=x=x
မျှော်လင့်ချက်တွေ ပုံအပ်ပြီး
နှလုံးသားတစ်ခု အရင်းတည်လိုက်တော့
ရလာတဲ့ အကျိုးအမြတ်က
" အရှုံး  " တဲ့လားးး
xxxxx

သတိရလွန်းလို့ အရမ်းလွမ်းတဲ့အခါ
ချစ်သူ နာမည်ကို
တို့းတိုးလေး ရေရွတ်လိုက်တော့
ရင်ထဲ နဲနဲသက်သာသွားသလိုဘဲ
xxxxxxx

အချစ်ဆိုတာ
ဝိုင်တစ်ခွက်လို
ရီဝေေ၀ခံစားမှုကို ပေးစွမ်းနိုင်ပေမယ့်
အလွမ်းဆိုတာ
ချိုမြိန်တဲ့ သစ်သီးတစ်လုံး မဟုတ်ခဲ့ပြန်ဘူးလေ
xxxxxxx
ရင်ဘတ်ထဲက ဒဏ်ရာတွေကတော့
ပြောပါတယ်
 " အချိန် "ဆိုတဲ့ သမားတော်နဲ့
ကုစားသင့်ပြီ ..... တဲ့ လေ
xxxxxx
ဆန္ဒတွေနဲ့ ပြည့်နေတဲ့
ဒီဘ၀မှာ
ဖြည့်ဆည်းမှုသာ ရှိနေခဲ့ရင်
ချစ်သူ့ကို လွမ်းမိမယ် မထင်ဘူး
xxxxxx
အခုတော့လည်း
ချစ်သူကို လွမ်းရင်းနဲ့ဘဲ
သူနဲ့ပတ်သတ်ခဲ့သမျှတွေက
မမေ့နိုင်စရာ မဟုတ်ခဲ့ရင်တောင်မှ
သတိရစရာတွေ မဟုတ်ပါစေနှင့်.......လို့
ကျွန်မ ဆုတောင်းရင်း
ဝေဒနာတွေကို
 သက်ဆုံးတိုင် သိမ်းဆည်းထားလိုက်တော့မယ်
xxxxxxxxxxx
Created By
♥♥♥ လ၀န်း ♥♥♥
       8.August.2012 ( Wednesday )

No comments:

Post a Comment