မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 16 August 2012

လကလည်း ငါ့ကောင်းကင်မှာ
ထိန်ထိန်ကိုသာလို့
ဒီလိုညတွေမှာ ချစ်သူ
မင်းကိုလေ ငါ့အနားမှာ
ရှိစေခြင်တာ အမှန်ပါ
ဘာလို့ဆိုတော့ ငါ့ရင်ဘတ်
ထဲကနှလုံးသားက ချစ်သူ
မင်းကိုတမ်းတနေမိလို့ပေါ့
မင်းရဲ့အနမ်းနဲ့ ငါလေ
တစ်သက်စာ ထာဝရ
ရှင်သန်လို့ နေမှာ
အခုတော့
လမင်းကြီးကလည်းထိန်ထိန်သာလို့
လေပြည်လေးရယ်
မတိုက်ပါနဲ့လား ချစ်သူရဲ့ရနံ့မပါရင်
ငါတစ်ယောက်တည်း
အားငယ်နေမိလို့ပါ
Facebook page

No comments:

Post a Comment