မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 26 August 2012

 ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
တခါတလေ အရမ်းသ၀န်တိုမိသလို
တခါတလေလည်း အရမ်းနားလည်ပေးနေမိတယ် ...

ဘာရယ်ကြောင့်မှန်း မသိပါဘူး...
တခါတလေ သူ့ပုခုံးပေါ်မှီပြီး အားကိုးချင်သလို
တခါတလေလည်း သူ့လက်ကိုဆွဲပြီး အခက်အခဲတွေကို ကူညီဖြေရှင်းပေးချင်မိတယ် ...

ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
တခါတလေ သူပြောသမျှကို အမိန့်တခုလို နာခံမိနေသလို

တခါတလေလည်း ကိုယ်ပြောတဲ့စကားလေးကို ဂရုစိုက်စေချင်မိတယ် ...

ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
တခါတလေ သူနဲ့နီးစပ်ချင်လို့ သူ့နားအရောက်သွားချင်မိတယ်.....

ဘာရယ်ကြောင့်မှန်းမသိပါဘူး ...
သူ့ကို သူ့ကို အရမ်း အရမ်း ချစ်တယ်

No comments:

Post a Comment