မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 9 August 2012


နင်မထင်နဲ့

လှမ်းကြည့်လိုက်တိုင်း
အဝေးကြီးမှာလို့နင်မထင်လိုက်ပါနဲ့
ငါ့နှလုံးခုန်သံမရပ်သရွေ့
ငါ့ရဲ့ ဘယ်ဘက်နှလုံးသားမှာ
နင်အမြဲရှိတယ်

စဉ်းစားမိတိုင်း
ငါ့စိတ်ထဲမှာ မရှိတော့ဘူးလို့
နင်မထင်လိုက်ပါနဲ့
တစ်ရက်မှာ ၂၄နာရီလောက်
အမှတ်တရတွေနဲ့
နင့်ကိုငါသတိရနေမိတယ်

ငါအဆက်အသွယ်မလုပ်ပဲနေနေတိုင်း
ငါနင့်ကိုမချစ်တော့ဘူးလို့ နင်မထင်လိုက်ပါနဲ့
နင့်ကိုချစ်တဲ့အချစ်တွေနဲ့
ငါ့ရဲ့မနက်ဖြန်တွေကို ရှေ့ဆက်နေဆဲပါ :)) <3 <3 <3
 
 
 MoeZ
 

No comments:

Post a Comment