မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Monday 27 August 2012


မိုင်တွေခြားနေတဲ့နင့်နဲ့ငါ...........
ငါချစ်တဲ့နင့်ဟာ
ငါမသိငါမမြင်နိုင်တဲ့
ငါနဲ့အဝေးကြီးဝေးနေတဲ့
တခြားမြို့မှာနေတာလေ .........
ငါသံသယမထားချင်ပါဘူး
သံသယဆိုတာ ထားမိသူရင်ကို
သံဂျီးတက်နေတဲ့သံချွန်ဆူးသလို့မျိုးလေ
အခန့်မသင့်ရင်အသက်ပါ
ရန်ရှာနိုင်တယ်ဆိုတာ ငါသိပါတယ် ....

တစ်ခါတလေတော့လည်
စိုးရိမ်စိတ်တွေနဲ့ငါ တွေးပူမိတယ်
ငါမရှိတဲ့တခြားမြို့မှာ
ငါကို မြန်းမေ့လို့နေလား......?
ငါမသိငါမမြင်နိုင်ဘူးဆိုပြီး
.......................
....................................
အဲဒီလို အတွေးတွေနဲ့
ငါမှာအိပ်ရေးပျက်ပေါင်းလည်များလှပြီ
တကယ်ပါ ချစ်သူ....
ငါသံသယမထားချင်ပါဘူး
စိုးရိမ်စိတ်တွေနဲ့တွေးပူမိတယ်ဆိုတာကလည်
ငါချစ်တဲ့နင့်ကိုမယုံကြည်လို့
မဟုတ်ပါဘူး
ငါနင့်ကို အကြွမ်းမဲ့ယုံကြည့်ပါတယ်
ဒါပေမယ့် ချစ်သူရယ်.........
အချစ်ရေးမှာ အလွမ်းဆွေးတွေပဲများနေရတဲ့
ငါ ..
ကံကြမ္မာ ကို မယုံရဲဘူး......................
H.T

No comments:

Post a Comment