မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Wednesday 1 August 2012

ချစ်သူ.....စိတ်ကောက်တယ်လို့      ငါပြောချိန်မှာ....

             မင်းရဲ့  သတိရတယ်ဆိုတဲ့   စကားကြားရဖို့စောင့်တာ

             ကြာနေခဲ့ပြီမို့ လို့ ပါ.....



ချစ်သူ.....စိတ်ဆိုးနေပြီနော်လို့      ငါပြောချိန်မှာ...

             မင်းရဲ့  ချော့သံကို   စောင့်မျော်နေခဲ့ရတာ

             ကြာနေခဲ့ပြီမို့ လို့ ပါ.....



ချစ်သူ.....အရမ်းဝမ်းနည်းတယ်လို့     ငါပြောချိန်မှာ....

             မင်းကို လွမ်းလို့    ငါရဲ့ငိုကြွေးညတွေ

             ကြာနေခဲ့ပြီမို့ လို့ ပါ.....



ချစ်သူ.....မင်းကို  မုန်းတယ်လို့      ငါပြောချိန်မှာ....

             မင်းကို ချစ်လို့  ရခဲ့တဲ့ ၀မ်းနည်းမှုတွေနဲ့ အဖော်ပြုနေခဲ့ရတာ

             ကြာနေခဲ့ပြီမို့ လို့ ပါ.....



ချစ်သူ.....လမ်းခွဲရအောင်လို့      ငါပြောချိန်မှာ....

             မင်းကို သိပ်ချစ်ခဲ့မိလို့     ငါနှလုံးသားတွေ သေဆုံးနေခဲ့ရတာ

             ကြာနေခဲ့ပြီမို့ လို့ ပါ.

No comments:

Post a Comment