မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 5 August 2012

အရာရာ မင်းအတွက်

 
နင် အခက်အခဲကြုံလို့ ပင်ပန်းချိန်တိုင်း
" ပင်ပန်းနေလား" လို့
ငါ မေးမယ့်အစား
နင်အမောပြေမယ့်
ရေ တခွတ်ပဲကမ်းပေးချင်မိတယ်

နင် စိတ်ဓါတ်ကျလို့ အားလျှော့ချိန်တိုင်း
"အားတင်းထားပါ" လို့
ငါပြောမယ့်အစား
နင်တွက် ဖေးမနိုင်မယ့်
လက်တစုံကို ငါ ကမ်းပေးချင်တယ်

နင် နေမကောင်းလို့ ဖျားနာချိန်တိုင်း
" ဆေးသောက်နော် " လို့
ငါပြောမယ့်အစား
နင့် နေရာဝင်ပြီး နင်ခံစားရတာတွေ
ငါခံစားပေးချင်တယ်

နင်စိတ်ညစ်လို့ မှိုင်တွေချိန်တိုင်း
" ဘာဖြစ်နေလဲ " လို့
ငါမေးမယ့်အစား
နင်စိတ်ပျော်ရွှင်အောင် ငါလူရွှင်တော်တယောက်လို
သရုပ်ဆောင်ပြချင်တယ်

နင် ၀မ်းသာလို့ပျော်ရွှင်ချိန်တိုင်း
ပြုံးပျော်နေတဲ့ နင့်မျက်နှာကို
တမေ့တမော ငါထိုင်ငေးမယ်
နင်ပျော်ရင် ငါပျော်ပါတယ်ဟာ...



♥အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ♥

No comments:

Post a Comment