ချစ်သူ သိပါစေ
လွမ်းတယ်ဆိုပြီး
အကြိမ်ကြိမ်ခါခါ
အော်ပြောနေတာ နှလုံးသားထဲမှာ
ပဲ့တင်မြည်ဟိန်းသွားလေရဲ့
ချစ်သူ...........
မကြားနိုင်တော့ဘူးဆိုတဲ့ အသိနဲ့
ခေါင်းကိုမော့ရင်ကိုကော့ပြီး
စိတ်တင်းထားပေမယ့်
မနေ့တစ်နေ့ကလိုပဲချစ်သူ
ငါ့မျက်ဝန်းမှာလည်း ပုလဲတွေခနေပြီချစ်သူ..................။
No comments:
Post a Comment