မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Saturday 11 August 2012

 

$ $ $ $ $ ပန်းတစ်ပွင့် ရဲ့ ဆန္ဒ $ $ $ $ $

ချစ်သူ
မြတ်နိုးခြင်း ယာခင်းထဲမှာ
ငါ သံယောဇဉ်တွေ စိုက်ပျိုးထားတယ်
ချစ်ခြင်းတွေ သီးပွင့်လာတဲ့အခါ
နင် စာခြောက်ရုပ်လုပ်ပေးရမယ်နော် ......။
ချစ်သူ
မျှော်လင့်ခြင်း ကောင်းကင်ယံမှာ
ငါ အလွမ်းတွေ ချိတ်ဆွဲထားတယ်
လက်လှမ်းလို့ မမှီတော့တဲ့အခါ
နင် လှေကားလုပ်ပေးရမယ်နော် .........။
ချစ်သူ
သတိရလွန်းလို့
ကဗျာတွေရေးရင်း
ငါ ငိုကြွေးနေမိတယ်
ပင်ပန်းလို့ အိပ်မောကျသွားတဲ့အခါ
နင် အိမ်မက်တွေ ဖန်ဆင်းပေးရမယ်နော်.......။
ချစ်သူ
တိတ်တိတ်လေးဆိုပေမယ့်
မင်းအကြောင်း တွေးမိတိုင်း
ဘယ်ဘက်ရင်အုံက
နွေးနွေးလေး ခုန်ခုန်လာတယ် .........။
ချစ်သူ
တကယ်လို့
ငါ့ အကြောင်းတွေ
မင်းအတွေးထဲ ရောက်လာတဲ့အခါ .......။
ငါ့ ချစ်ခြင်းတွေကို စားသုံးပါ
ငါ့ အလွမ်းတွေကို ခံစားပေးပါ
ငါ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးပါ
ငါ့ ကဗျာတွေဖတ်ရင်း
ငါ့ကို နင်ပြန်ချစ်ရမယ်နော် ..........။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

Created By
♥♥♥ လ၀န်း ♥♥♥
11.August.2012

 

No comments:

Post a Comment