မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 12 August 2012


သူ့အပြုံးလေး လင်းလက်နေစေဖို့
ကျွန်တော့် မာနတွေကို
ထာဝရ အနားယူခွင့်ပေးထားတယ်

သူ့အပြုံးလေး လင်းလက်နေစေဖို့
ကျွန်တော့် သံသယတွေကို ထုပ်ပိုး
အစွန်းမထွက်အောင် ခေါက်သိမ်းထားတယ်

သူ့အပြုံးလေး လင်းလက်နေစေဖို့
ကျွန်တော့် အတ္တတွေကိုပြာချ
အခိုးအငွေ့တောင် မရှိစေရဘူး

ကျွန်တော့်ရဲ့ ယုံကြည်စွာချစ်မြတ်နိုးတဲ့ နှလုံးသားတစ်စုံနဲ့အတူ
ကျွန်တော့်ရဲ့ အလျော့ပေးချင်တဲ့စိတ်တွေ
ကျွန်တော့်ရဲ့ သည်းခံအလိုလိုက်ချင်တဲ့စိတ်တွေကိုသာ သူ့အတွက် ထာဝရ ပေးအပ်ထားမယ် …
သူ့အပြုံးလေး အမြဲတမ်း လင်းလက်နေစေဖို့ အတွက်ပါ ...

@ ကဗျာ ချစ်သူ
100812 (Friday) 5:30 pm

No comments:

Post a Comment