မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 26 August 2012


မိန်းကလေးတစ်ယောက်ဟာ
သူမကို ဂရုစိုက်ပြီး အလိုလိုက်ဆိုးနွဲ့ခွင့်ပေးတတ်တဲ့ သူမရဲ့ချစ်သူအပေါ်မှာ
ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်
ဒါဟာ ချစ်သူရဲ့အလျော့ပေးသည်းခံမှုအပေါ် အနိုင်ယူစိုးမိုးတာ မဟုတ်ပါဘူး
သူမကို သည်းခံနိုင်ဆုံးသူအဖြစ်နဲ့ အားကိုးမိတာပါ . . .


သူမကို တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်နေပေးမယ့် သူမရဲ့ချစ်သူအပေါ်မှာ
သူမရဲ့ပြသနာနဲ့ ကိစ္စရပ်တိုင်းကို တိုင်ပင်ဆွေးနွေးချင်ကြပါတယ
ဒါဟာ ချစ်သူကို နားညည်းစေပြီး ပြသနာကိုဖြေရှင်းခိုင်းတာ မဟုတ်ပါဘူး
သူမဘ၀အတွက် အယုံကြည်ရဆုံးသူအဖြစ် သတ်မှတ်ထားလို့ပါ . . .

သူမကို နားလည်ယုံကြည်မှုတွေပေးတတ်တဲ့ သူမရဲ့ချစ်သူအပေါ်မှာ
သစ္စာမပျက် စိတ်ချယုံကြည်မှုတွေ ပြန်ပေးချင်ကြပါတယ်
ဒါဟာ ချစ်သူအပေါ် မနာလိုမှုတွေကင်းမဲ့စွာနဲ့ အချစ်ပေါ့တာ မဟုတ်ပါဘူး
သူမဘ၀အတွက် ထာဝရသစ္စာမပျက်သူခင်ပွန်းလောင်းအဖြစ် စိတ်ချယုံကြည်ထားတာပါ . . .

သူမကို အစ်ကိုတစ်ယောက်လိုဆိုဆုံးမပေးတတ်တဲ့ သူမရဲ့ချစ်သူအပေါ်မှာ
ခေါင်းလေးညိတ်ပြီး ညီမငယ်လေးလို လိမ္မာပေးချင်ကြပါတယ်
ဒါဟာ ချစ်သူကို အနိုင်ယူဆရာလုပ်ခွင့်ပေးတာ မဟုတ်ပါဘူး
သူမရဲ့အနာဂါတ်အတွက် အကောင်းဆုံးလမ်းညွှန်ပေးမယ့်သူအဖြစ် လေးစားလက်ခံပေးတာပါ . . .

သူမကိုသိပ်ချစ်တဲ့ ချစ်သူအပေါ်မှာ သူမရင်ထဲက အနှိုင်းမဲ့အချစ်တွေကို
တခါတရံ စိတ်ထဲမှာပဲသိမ်းဆည်း ဒိုင်ယာရီနဲ့ စာကဗျာတွေပေါ်မှာပဲ ချစ်ပြတတ်ကြပါတယ်
ဒါဟာ ချစ်သူရဲ့ချစ်ခြင်းမေတ္တာကို အသိအမှတ်မပြုလျစ်လျူရှုတာ မဟုတ်ပါဘူး
သူမချစ်သူက သူမထက်ပိုချစ်ပြတတ်တာကြောင့် သိပ်ကိုလေးနက်လွန်းတဲ့ သူမရဲ့အချစ်တွေကို မမြင်နိုင်တာပါ . . .

@ ကဗျာချစ်သူ

No comments:

Post a Comment