မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 26 August 2012


အချိန်လွန်
***********

တအားနီးကပ်လွန်းတဲ့အခါ
မမြင်တတ်သလိုပဲ...

ကိုယ့်ရဲ့အနီးဆုံးမှာနေပြီး
ကိုယ်လိုအပ်သမျှဖြည်းဆည်းပေးတတ်တဲ့အခါ
လုပ်သင့်လို့လုပ်ပေးတယ် ထင်လာတတ်ကြတယ်...

ကိုယ့်ဘေးနားကအရာတစ်ခုရဲ့တန်ဖိုးကို
ထဲထဲဝင်ဝင်သိလာတဲ့တစ်နေ့ဟာ
အဲ့အရာတစ်ခုကို
သေသေချာချာ ဆုံးရှုံးလိုက်ရတဲ့နေ့ပါ...

အချိန်လွန်မှရလာမယ့် နောင်တထက်
လက်ရှိ ကိုယ့်ဘေးနားက ချစ်သူကို
အရင်ကထက်ပိုပြီးတန်ဖိုးထားတတ်နိုင်ကြပါစေ...

May Nine

No comments:

Post a Comment