ခရီးတစ်ခုကို
 အတူတူ ဆက်ကြတဲ့အခါ
 ယူဆောင်သွားရမယ့် အရာတွေက အရေးကြီးတယ်။
 
 ပိုင်ဆိုင်သမျှတွေကို
 လွှတ်ချလိုက်တိုင်း လွယ်ပေမဲ့
 အတ္တ၊ မာနနဲ့ သံသယတွေက သယ်ပိုးကြရတာ လေးလှတယ်။
 
 ကျော်ဖြတ်မယ့် ရိုးမြေကျခရီးမှာ
 အတူတကွ ဆုပ်ကိုင်ရမယ့် လက်အစုံဟာ
 ချစ်ခြင်းမေတ္တာအတွက် မရှိမဖြစ်တဲ့ လောင်စာပဲ။
 
 ကိုယ်တို့အတူ
 သစ္စာတရားရဲ့ ထိန်းကျောင်းမှုမှာ ပျော်ဝင်မယ်
 ခွင့်လွှတ်နားလည်မှုရဲ့ ထွေးပွေ့မှုမှာ ခိုလှုံမယ်
 နှလုံးသားရဲ့ ဖောက်ထွင်းမြင်နိုင်မှုမှာ ပွင့်လင်းမယ်
 ဘဝအခက်အခဲဆုံးချိန်တွေရဲ့ စိန်ခေါ်မှုမှာ ကြံ့ကြံ့ခံမယ်။ 
 
 တကယ်ဆို...
 ရည်ရွယ်ရာပန်းတိုင် နေ့ရက်တွေမှာ...
 မင်းရယ်၊ ကိုယ်ရယ်၊ ချစ်ခြင်းတရားရယ်ပဲ ရှင်သန်နေပါစေကွယ်။ ။
 
အိပ်မက်ရှင် — with မဒမ် ကမ္ဘာ့ဖျာ.

No comments:
Post a Comment