မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Sunday 5 August 2012

အမှတ်တရ နေ့လေးတစ်နေ့မှာ စတွေ့ခဲ့ပြီး
အမှတ်မထင် အပြုအမူလေးတွေကိုတွယ်တာ
အမှတ်တရများစွာ စိုက်ပျိုးပြီးကာမှ
အချစ်တွေကို ကိုယ်စီဖွင့်ဟ
အပြန်အလှန် သိပ်ချစ်ခဲ့ကြတယ် *♥*
အမှန်တကယ် မထင်မှတ်ထားတဲ့နေ့မှာ
အဝေးတစ်နေရာစီရောက်
အချစ်တွေမပျောက်ပျက် နည်းနည်းလေးမှလျော့မသွားခဲ့ကြ ပါ ဘူး *♥*

အခုတော့လေ
*♥* အဝေးမှာ ရောက်နေတဲ့အမှု
*♥* အနမ်းတွေ ကာရန်မည်ီမှု
*♥* အလွမ်းတွေ ရှိုက်ငိုနေမှု
*♥* အချစ်တွေ တိုးပွားလာမှု
အမှုပေါင်းများစွာနဲ့ စီရင်ချက်ချ
ကောင်မလေး သိပ်ချစ်ရတဲ့ ချစ်သူ ရေ
အမြန်ပြန်လာ၍ အနမ်းပွင့်ခြွေ
အလွမ်းတွေဝေခဲ့သမျှ အချစ်တွေပြန်ရပါရစေ တော့ နော် *♥*

( အဲ ဒီ ကောင်မလေးရဲ့ ရင်ခုန်သံအတွက်
အ ခု လို ကဗျာလေး ဖန်တီးပေးခဲ့ပါတယ် …
အ ဝေး က ကောင်လေး မြင်နိုင်ပါစေ နော်
အ များ လက်ခံကြိုက်နှစ်သက်စေမယ့် ကဗျာလေးများကို မွေးဖွားရင်း …
အ မှတ် တ ရ ပါ နော် ။ *♥* ။ )

@ ကဗျာချစ်သူ
270712 ( 1♥♥ Friday) 3:50 pm

No comments:

Post a Comment