တစ်မြေစီခြားနေတဲ့ နှစ်ဦးသားဘ၀မှာ
မသေချာတဲ့မနက်ဖြန်တစ်ခုက မှိန်ပျပျဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်းမီးအိမ်လေးထွန်းပြီး ငါရှာမိတယ်
ဒီအချိန်မှာ ငါ့ရဲ့အမြဲတမ်းမိတ်ဆွေကတော့
မျက်ရည်နဲ့ငိုကြွေးခြင်းပေါ့
အထီးကျန်လှတဲ့ဘ၀မှာ အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လည်း
အကြိမ်ကြိမ် ပြိုလဲခဲ့ရတယ် ငါ့ရဲ့ အိပ်စက်ခြင်းတွေ သူဖျက်ဆီးလို့
အိပ်ပျက်ညတွေ သူဖန်တီးတယ်
တရေးတမှိတ် အိပ်ပျော်ခဲ့စဉ် တမ်းတခြင်း အိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့ အဖော်မဲ့ဘ၀က ငါ့မှာ
အလူးအလဲပေါ့
ရက်စက်စွာ ပိုင်းခြားထားတဲ့ ပင်လယ်ပြာနဲ့ တောင်တန်းများ
မဖြတ်ကျော်နိုင်တဲ့ စွမ်းအား ငါမပိုင်ဆိုင်ပေမယ့်
နှလုံးသားက ပေးတဲ့အင်အား မင်းကိုချစ်တဲ့ အချစ်များကြောင့်
စမ်းတ၀ါးဝါး မနက်ဖြန်တွေထဲက ဆုံနိုင်ခွင့်ခလုတ်တိုက်မိမယ့် တစ်ခုသော မနက်ဖြန်ကိုမျှော်လင့်ရင်း မင်းအတွက်ငါ ရင်ခုန်နေဦးမယ်.............
No comments:
Post a Comment