မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Friday 10 August 2012


တစ်ယောက်သောသူရယ်
ဘာမှမသိတဲ့ငါ့ကိုမင်းအကုန်သင်ပေးနိုင်ခဲ့ပါပြီ တစ်ယောက်သောသူရေ
ငါအေးအေးဆေးဆေးနေတတ်တာကို မင်းချွဲနွဲ့တတ်အောင် သင်ပေးတတ်ခဲ့တယ်
ငါ မပြောတတ်တဲ့ တီတီတာတာစကားတွေလည်း မင်းပဲပြောတတ်အောင်သင်ပေးတတ်ခဲ့တယ်
မနက်မိုးလင်းတိုင်း ရှင်းလင်းစွာနိုးထတတ်တဲ့ငါ့အတွေးထဲကိုလည်း မင်းဆိုတာသတိရမိအောင် သင်ပေးတတ်ခဲ့တယ်
ညအိပ်ယာဝင်ချိန်တိုင်းလည်း မင်းဆိုတာအမှတ်ရမိအောင်သင်ပေးတတ်ပြန်ရော
ငါပဲညံ့နေတာလား မင်းပဲတော်နေတာလား တစ်ယောက်သောသူရေ
ဘာပဲပြောပြောမင်းတော်ပါတယ်
ခုငါမတတ်တဲ့ လွမ်းဆွတ်မှုတောင် ငါတတ်မြောက်နေပြီလေ
မင်းကျေနပါပါတော့နော်........ ဒီလောက်ထိပဲ

No comments:

Post a Comment