မင်္ဂလာပါရှင် ချစ်ဆူးလေးဆိုဒ်လေးကိုလာရောက် လည်ပတ်ကြသူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

အားလုံးပဲမင်္ဂလာပါ ချစ်ဆူးလေးမှ နွေးထွေးစွာ ကြိုဆိုပါတယ်

Thursday 16 August 2012


ချစ်သူ....
ချစ်သူတွေဆိုတာ အရင်းနှီးဆုံး
နှလုံးသားတစ်စုံ..
ရင်ခုန်သံခြင်း ထပ်တူညီသူနှစ်ဦး
ခံယူချက် သဘောထားခြင်း
တိုက်ဆိုင် နားလည်သူနှစ်ဦး
သံယောဇဉ် တွေနဲ့
တစ်ဦးကိုတစ်ဦး ချည်နှောင်
ရစ်ပတ်ထားသူနှစ်ဦး
တစ်ဦးပေါ်တစ်ဦး
ယုံကြည်နားလည်ပြီး
သစ္စာရှိုဖို့သာအရေးကြီးပါတယ်
ရေမြေတွေခြားလို့
ဘယ်လောက်ဘဲ ဝေးနေပါစေ
ရင်ထဲကချစ်နေဖို့ကသာအဓိကပါ..
တစ်ယောက် တစ်နေရာ
ရှိနေခဲ့ပေမယ့်လည်း
အချိန်တိုင်း စက္ကန့်တိုင်း
ကိုယ့်နှလုံးသားထဲမှာ
အမြဲရှိနေခဲ့တာပါ
အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့
အမြဲနီးနေခဲ့တာမို့
ထပ်တူကျတဲ့နှလုံးသားတစ်စုံက
သက်သေတည်နေပါ့မယ်
ချစ်ရသူရယ်............

No comments:

Post a Comment