ခရေကောက်လက်တစ်စုံ
 
 မြတ်နိုးမှုခရေ
  ရိုးတံမဲ့ခဲ့ပေမယ့်
  အအုပ်အသင်းနဲ့ ပွင့်တဲ့ပန်းပေါ့
  လေပြည်သရမ်းပါစေ
  မပွင့်ခင်ကြွေတတ်တဲ့ ပန်းမဟုတ်လေတော့
  ပန်းခြောက်အဖြစ်နဲ့တောင်
  ရနံ့မပြယ်ခဲ့ဘူး ။
  ကြွေသမျှကောက်
  ရသလောက်သီ
  အစီအရီပန်ဆင်ဖို့
  တယုတယနဲ့ကောက်လို့
  ရင်ခွင်ထဲရောက်အောင်နမ်းခဲ့ဖူးတယ် . .
  အချစ်ကို ခေါင်းပန်းလှန်ကြည့်တဲ့အခါ
  အရှုံးနဲ့အမုန်းပဲ
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment